မျှော်လင်းချက်ခပ်ပါးပါးနဲ့ မာဆေးဆိုက်ကိုရောက်လာခဲ့တဲ့ ဆိုးလ်ရှား… မာဆေးဆိုက်က အစဉ်အလာဆိုးတွေဟာ ကြာလာတဲ့အခါမှာကျိန်စာလိုမဖြစ်ဖို့ ဆိုးလ်ရှား တားဆီးနိုင်ပါ့မလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ မှာ ပရီမီးယားလိဂ် ရလဒ်တွေဆိုးရွားနေခဲ့ပြီး အသင်းရဲ့ခြေစွမ်းပိုင်း ယိမ်းယိုင် နေတာကြောင့် ဖိအား များနေတဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ အဲဗာတန်နဲ့ပွဲကို ရှုံးနိမ့်ပါက အထုတ်ခံ ရနိုင်တယ် လို့ သတင်းကြီး နေပြီး ပိုချက်တီနိုနဲ့ အစားထိုး ခန့်အပ်ဖို့ အက်ဝုဒ်ဝက်ခ်က ချိတ်ဆက် နေပြီလို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ယူနိုက်တက် ဟာ လက်ရှိမှာ အဆင့် ၁၅နေရာမှာရပ်တည်နေပြီး ပွဲစဉ် (၆) ပွဲကစားအပြီးမှာ (၇) မှတ်သာ ရရှိထားတာဖြစ်ပြီး အနည်းဆုံးအမှတ်ဖြစ်တဲ့ မိုယက်စ်လက်ထက်(၇) မှတ် နဲ့ သွားတူနေခဲ့ပြီလည်း ဖြစ်ပါတယ်။

ပွဲကျပ်ကာလအစပိုင်းမှာ ရလဒ်တွေကောင်းမွန်ခဲ့ပြီး နယူးကာဆယ်၊ ပီအစ်ဂျီနဲ့ လိုက်ဇစ်တို့လိုအသင်းတွေကို အနိုင်ရခဲ့ပေမယ့်၊ ချယ်ဆီးကိုသရေကျခဲ့ပြီးနောက်မှာ အာဆင်နယ်နဲ့ ဘာဆာဆီဟာတို့ကိုရှုံးနိမ့်ခဲ့ပြီးချိန်မှာ ဆိုးလ်ရှားအတွက်ဖိအားတွေများနေပြီး နိုင်ပွဲပြန်လည်ရရှိဖို့ လိုအပ်နေပါတယ်။

ဒီလိုမျိုး မဖြစ်မနေ အနိုင်ရဖို့ လိုအပ် နေချိန်မှာ ယူနိုက်တက် တို့ ရင်ဆိုင်ရမယ့် အသင်းက အဲဗာတန် ဖြစ်နေခဲ့တာကလည်း ဆိုးလ်ရှားအတွက်အတော်ကိုခက်ခဲတဲ့အနေအထားပါပဲ ။ အန်ဆယ်လော့တီ ရဲ့ အဲဗာတန်အသင်းဟာ ဒီနှစ် ရာသီ အစမှာ ပုံစံကောင်းတွေ ပြသထားပြီး အဖွင့်ပွဲစဉ် ၄ပွဲကစားပြီးချိန်က အဆင့် ၁ နေရာကိုပင် ရယူ နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိ မှာ အဆင့် ၅ နေရာမှာရပ်တည်နေပါတယ်။

ဒီပွဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တစ်ခုက ဖာဂူဆန် အနားယူ သွားပြီး နောက်ပိုင်းမှာ ယူနိုက်တက် နည်းပြ ၃ဦး နဲ့ မာဆေးဆိုက် အသင်းတွေကြား အံသြစရာတိုက်ဆိုင်မှု ရလဒ်တစ်ခုရှိနေလို့ပါပဲ။

ဆိုးလ်ရှား မတိုင်ခင် အထုတ်ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ၃ ဦး စလုံးဟာ မာဆေးဆိုက် ကလပ်တွေ ဖြစ်ကြတဲ့ အဲဗာတန် နဲ့ လီဗာပူး တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေ အပြီးမှာ အိုးထရက်ဖိုဒ့် ကနေ နှုတ်ဆက် ထွက်ခွာ ခဲ့ကြရပါတယ် ။ ဒါကြောင့် အဲဗာတန်နဲ့ ပွဲဟာ ဆိုးလ်ရှား အတွက် အတော်ကိုဂရုစိုက်ရမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။

သူ့အတွက် ဒီပွဲဟာ ပြင်ဆင်ချိန် အလွန်နည်း နေခဲ့ပြီး မန်ချက်စတာနဲ့ မိုင်ပေါင်း ၃၃၀၀ ကျော်ဝေးတဲ့ အစ္စတန်ဘူ ကနေ ဘာဆက်ဆီဟာနဲ့ အဝေးကွင်း ပွဲစဉ် ကို ကစားခဲ့ ပြီးပြန်လာခဲ့တာပါ။ ဒါကြောင့် ဆိုးလ်ရှားဟာပရီးမီးယားလိဂ် ပွဲစဉ် ကို တနင်္ဂနွေနေ့ ကို ရွှေ့ပြောင်း ပေးဖို့ အတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ တောင်းဆို ခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။

ဆာအဲလက်စ် ဖာဂူဆန် ရဲ့ နေရာကို ဆက်ခံ ခဲ့တဲ့ နည်းပြ ဒေးဗစ် မိုရက်စ် ဟာ ယူနိုက်တက် မှာ ၁ ရာသီတောင် မပြည့် ခဲ့ပဲ ၂၀၁၃ – ၁၄ ရာသီ ပြီးဆုံးခါနီးမှာ မိုရက်စ် အထုတ်ခံ ခဲ့ရပါတယ်။ သူ့ရဲ့ နောက်ဆုံး ပွဲကတော့ အသင်းဟောင်း အဲဗာတန် နဲ့ တွေ့ဆုံခဲ့တဲ့ပွဲ ဖြစ်ခဲ့ပြီးအဲဗာတန် က ယူနိုက်တက် ကို ၂ – ၀ နဲ့ အနိုင်ယူသွားခဲ့သလို ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ အဲဗာတန်အသင်းက ယူနိုက်တက်အသင်းကို တစ်ရာသီထဲမှာ အိမ်ကွင်းအဝေးကွင်းနှစ်ပွဲစလုံး အနိုင်ရသွားခဲ့ပြီး ယူနိုက်တက်အတွက်စံချိန်တစ်ခုပျက်ခဲ့ရပါတယ်။

၂၀၁၄ခုနှစ်က ယူနိုက်တက်ပရိသတ်တွေအများကြီးမျှော်လင့်ခဲ့ကြပြီး နယ်သာလန်လက်ရွေးစဉ်နည်းပြကနေ ယူနိုက်တက်နည်းပြအဖြစ် ရောက်လာတဲ့ နည်းပြ လူးဝစ် ဗန်ဟား ကတော့ ယူနိုက်တက်မှာ၂ ရာသီ ပြည့်ခဲ့ပေမယ့် မာဆေးဆိုက်ဒ် ကျိန်စာ နဲ့ မလွတ်ကင်းခဲ့ပါဘူး ။

၂၀၁၆ ခုနှစ် မတ်လ ထဲမှာ ကလော့ရဲ့ လီဗာပူးလ် ကို အဝေးကွင်းမှာ (၂-ဝ) နဲ့ ရှုံးနိမ့်ကာ အိမ်ကွင်းမှာ (၁-၁)နဲ့သရေကျခဲ့ပြီး ယူရိုပါလိဂ် ကနေ ထွက်ခွာခဲ့ရ အပြီးမှာတော့ လူးဝစ် ဗန်ဟား ရဲ့ အသင်းကိုကိုင်တွယ်ပုံနဲ့ ကစားသမားတွေကြားဖြစ်လာတဲ့အဆင်မပြေမှုတွေကြောင့် အက်ဝုဒ်ဝက်ခ် ဟာ အသင်းဘုတ်အဖွဲ့ဝင်တွေ ကို နည်းပြ အပြောင်းအလဲ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လူးဝစ် ဗန်ဟားက အတွေ့အကြုရင့်တဲ့ နည်းပြဖြစ်တာကြောင့် သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝနောက်ဆုံးပိုင်းကို FA Cup အရယူအပြီးနှစ်ရက်အကြာမှာ ဗန်ဟားနဲ့ ယူနိုက်တက်အသင်းတို့ လမ်းခွဲခဲ့ပါတယ်။

ဖာဂူဆန် ခေတ်အလွန် ယူနိုက်တက်မှာအအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ မော်ရင်ဟို ကတော့ လီဗာပူး နဲ့ တော်တော်လေး ဇာတ်လမ်းတွေ ရှိခဲ့ ဖူးပါတယ်။ ဗန်ဟားနဲ့လမ်းခွဲအပြီးမှာ ယူနိုက်တက်ကို လာရောက်နည်းပြခဲ့ချိန်မှာ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေနဲ့ မကြာခဏ စကား အခြေအတင်ဖြစ်ခဲ့ဖူးပါတယ်။

ရလဒ်ပိုင်းကိုဦးစားပေးတဲ့ သူ့ရဲ့ ကစားဟန်ကို ယူနိုက်တက်ပရိသတ်တွေ က သိပ်မနှစ်ခြိုက်ကြပေမယ့် ယူနိုက်တက်အသင်းကိုတော့ ဆုဖလားတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ပရီမီးယားလိဂ်မှာလည်း အဆင်၂ နေ ရာ ကို ဖာဂူဆန်နောက်ပိုင်းမှာ ပြန်လည်ရရှိလာစေခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ တတိယမြောက် ရာသီ မှာ လီဗာပူးလ်ကို ၃ – ၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ် (၁၇) အပြီးမှာ ယူနိုက်တက်အသင်းကနေ အထုတ်ခံခဲ့ရပါတယ်။ ပုံမှန်အချိန်တွေမှာ မသိသာခဲ့ပေမယ့် ရလဒ်ပိုင်းဆိုးရွားနေချိန် မာဆေးဆိုက် အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ယူနိုက်တက်နည်းပြတွေအတွက် ရာထူးကထုတ်ပယ်ခံရစေတဲ့ရလဒ်တွေထွက်ပေါ်စေတဲ့အနေအထားတစ်ရပ်ကတော့ အိုလေ ဂန်နာ ဆိုးလ်ရှား ဆီကို ရောက်လာခဲ့ပါပြီ။

ပွဲကျပ်ကာလနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲဟာ တစ်ကယ်တန်းတော့ ဆိုးလ်ရှားကသာ အာဆင်နယ်နဲ့ ဘာဆာဆီဟာတို့ကိုမရှုံးနိမ့်ခဲ့ဘူးဆိုခဲ့ရင် သာမန် ပရီမီးယားလိဂ် ပွဲစဉ်တစ်ခုထက်ပိုမှာမဟုတ်ခဲ့ပေမယ့် အခုအခါမှာတော့ နည်းပြဘဝရှေ့ရေးအဆုံးအဖြတ် အနေနဲ့ပါသက်ဆိုင်တဲ့ ပွဲတစ်ခုဖြစ်ခဲ့ပါပြီ။

မနှစ်က ဖလား ပြိုင်ပွဲ ၃ ခု မှာ ဆီမီး ဖိုင်နယ် ကို ရောက်ခဲ့သလို ပြည်တွင်းမှာ လည်း အဆင့် ၃ နဲ့ ပိတ်သိမ်းနိုင်ခဲ့ပြီး ယာယီနည်းပြဘဝမှာအံသြစရာကောင်းလောက်အောင်ပွဲတိုင်းအနိုင်ယူပြခဲ့တဲ့ ဆိုးလ်ရှားဟာ ဒီရာသီ အစမှာတော့ ရှုံးပွဲတွေ များခဲ့ပြီး အဆင့် ၁၅ ကို ရောက်နေခဲ့ပါတယ်။

ပရီမီးယားလိဂ်မှာအိမ်ကွင်းနိုင်ပွဲမရခဲ့သေးပေမယ့် ဥရောပ မှာ PSG ၊ လိုက်ပ်ဇစ် တို့ကို အနိုင်ရထားတာကြောင့် မျက်နှာပန်း လှနေမှု တွေဟာ တူရကီ မြေပေါ်က ရှုံးပွဲ အပြီးမှာတော့ အရာမထင် ဖြစ်သွားခဲ့ရပါတယ် ။

ဒါကြောင့် ဒီည ပွဲဟာ အိုလေဂန်နာ ဆိုးလ်ရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘ၀ ကို အဆုံးအဖြတ်ပေးဖို့ ဖြစ်လာခဲ့ပါပြီ ။ ဒီပွဲကို အနိုင် ကစားပြီး နည်းပြ ရာထူးကို ဆက်ထိန်း ထားနိုင်မလား၊ ဒါမှမဟုတ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမွ်ာ္လင္းခ်က္ခပ္ပါးပါးနဲ႕ မာေဆးဆိုက္ကိုေရာက္လာခဲ့တဲ့ ဆိုးလ္ရွား… မာေဆးဆိုက္က အစဥ္အလာဆိုးေတြဟာ ၾကာလာတဲ့အခါမွာက်ိန္စာလိုမျဖစ္ဖို႕ ဆိုးလ္ရွား တားဆီးႏိုင္ပါ့မလား…?

ဒီရာသီ မွာ ပရီမီးယားလိဂ္ ရလဒ္ေတြဆိုး႐ြားေနခဲ့ၿပီး အသင္းရဲ႕ေျခစြမ္းပိုင္း ယိမ္းယိုင္ ေနတာေၾကာင့္ ဖိအား မ်ားေနတဲ့ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား ဟာ အဲဗာတန္နဲ႔ပြဲကို ရႈံးနိမ့္ပါက အထုတ္ခံ ရႏိုင္တယ္ လို႔ သတင္းႀကီး ေနၿပီး ပိုခ်က္တီႏိုနဲ႔ အစားထိုး ခန႔္အပ္ဖို႔ အက္ဝုဒ္ဝက္ခ္က ခ်ိတ္ဆက္ ေနၿပီလို႔ သတင္းေတြလည္း ထြက္ေပၚ ေနပါတယ္။ ယူႏိုက္တက္ ဟာ လက္ရွိမွာ အဆင့္ ၁၅ေနရာမွာရပ္တည္ေနၿပီး
ပြဲစဥ္ (၆) ပြဲကစားအၿပီးမွာ (၇) မွတ္သာ ရရွိထားတာျဖစ္ၿပီး အနည္းဆုံးအမွတ္ျဖစ္တဲ့ မိုယက္စ္လက္ထက္(၇) မွတ္ နဲ႔ သြားတူေနခဲ့ၿပီလည္း ျဖစ္ပါတယ္။

ပြဲက်ပ္ကာလအစပိုင္းမွာ ရလဒ္ေတြေကာင္းမြန္ခဲ့ၿပီး နယူးကာဆယ္၊ ပီအစ္ဂ်ီနဲ႔ လိုက္ဇစ္တို႔လိုအသင္းေတြကို အႏိုင္ရခဲ့ေပမယ့္၊ ခ်ယ္ဆီးကိုသေရက်ခဲ့ၿပီးေနာက္မွာ အာဆင္နယ္နဲ႔ ဘာဆာဆီဟာတို႔ကိုရႈံးနိမ့္ခဲ့ၿပီးခ်ိန္မွာ ဆိုးလ္ရွားအတြက္ဖိအားေတြမ်ားေနၿပီး ႏိုင္ပြဲျပန္လည္ရရွိဖို႔ လိုအပ္ေနပါတယ္။

ဒီလိုမ်ိဳး မျဖစ္မေန အႏိုင္ရဖို႔ လိုအပ္ ေနခ်ိန္မွာ ယူႏိုက္တက္ တို႔ ရင္ဆိုင္ရမယ့္ အသင္းက အဲဗာတန္ ျဖစ္ေနခဲ့တာကလည္း ဆိုးလ္ရွားအတြက္အေတာ္ကိုခက္ခဲတဲ့အေနအထားပါပဲ ။ အန္ဆယ္ေလာ့တီ ရဲ႕ အဲဗာတန္အသင္းဟာ ဒီႏွစ္ ရာသီ အစမွာ ပုံစံေကာင္းေတြ ျပသထားၿပီး အဖြင့္ပြဲစဥ္ ၄ပြဲကစားၿပီးခ်ိန္က အဆင့္ ၁ ေနရာကိုပင္ ရယူ ႏိုင္ခဲ့တဲ့အသင္းျဖစ္ၿပီး လက္ရွိ မွာ အဆင့္ ၅ ေနရာမွာရပ္တည္ေနပါတယ္။

ဒီပြဲမွာ စိတ္ဝင္စားဖို႔ ေကာင္းတဲ့အခ်က္တစ္ခုက ဖာဂူဆန္ အနားယူ သြားၿပီး ေနာက္ပိုင္းမွာ ယူႏိုက္တက္ နည္းျပ ၃ဦး နဲ႔ မာေဆးဆိုက္ အသင္းေတြၾကား အံၾသစရာတိုက္ဆိုင္မႈ ရလဒ္တစ္ခုရွိေနလို႔ပါပဲ။

ဆိုးလ္ရွား မတိုင္ခင္ အထုတ္ခံခဲ့ရတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ၃ ဦး စလုံးဟာ မာေဆးဆိုက္ ကလပ္ေတြ ျဖစ္ၾကတဲ့ အဲဗာတန္ နဲ႔ လီဗာပူး တို႔နဲ႔ ကစားခဲ့တဲ့ ပြဲေတြ အၿပီးမွာ အိုးထရက္ဖိုဒ့္ ကေန ႏႈတ္ဆက္ ထြက္ခြာ ခဲ့ၾကရပါတယ္ ။ ဒါေၾကာင့္ အဲဗာတန္နဲ႔ ပြဲဟာ ဆိုးလ္ရွား အတြက္ အေတာ္ကိုဂ႐ုစိုက္ရမယ့္ပြဲတစ္ပြဲျဖစ္ပါတယ္။ သူ႔အတြက္ ဒီပြဲဟာ ျပင္ဆင္ခ်ိန္ အလြန္နည္း ေနခဲ့ၿပီး မန္ခ်က္စတာနဲ႔ မိုင္ေပါင္း ၃၃၀၀ ေက်ာ္ေဝးတဲ့ အစၥတန္ဘူ ကေန ဘာဆက္ဆီဟာနဲ႔ အေဝးကြင္း ပြဲစဥ္ ကို ကစားခဲ့ ၿပီးျပန္လာခဲ့တာပါ။ ဒါေၾကာင့္ ဆိုးလ္ရွားဟာပရီးမီးယားလိဂ္ ပြဲစဥ္ ကို တနဂၤေႏြေန႔ ကို ေ႐ႊ႕ေျပာင္း ေပးဖို႔ အတြက္ ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္ထံ ေတာင္းဆို ခဲ့ေပမယ့္ မေအာင္ျမင္ ခဲ့ပါဘူး။

ဆာအဲလက္စ္ ဖာဂူဆန္ ရဲ႕ ေနရာကို ဆက္ခံ ခဲ့တဲ့ နည္းျပ ေဒးဗစ္ မိုရက္စ္ ဟာ ယူႏိုက္တက္ မွာ ၁ ရာသီေတာင္ မျပည့္ ခဲ့ပဲ ၂၀၁၃ – ၁၄ ရာသီ ၿပီးဆုံးခါနီးမွာ မိုရက္စ္ အထုတ္ခံ ခဲ့ရပါတယ္။ သူ႔ရဲ႕ ေနာက္ဆုံး ပြဲကေတာ့ အသင္းေဟာင္း အဲဗာတန္ နဲ႔ ေတြ႔ဆံုခဲ့တဲ့ပြဲ ျဖစ္ခဲ့ၿပီးအဲဗာတန္ က ယူႏိုက္တက္ ကို ၂ – ၀ နဲ႔ အႏိုင္ယူသြားခဲ့သလို ၁၉၉၂ ခုႏွစ္ေနာက္ပိုင္းမွာ အဲဗာတန္အသင္းက ယူႏိုက္တက္အသင္းကို တစ္ရာသီထဲမွာ အိမ္ကြင္းအေဝးကြင္းႏွစ္ပြဲစလံုး အႏိုင္ရသြားခဲ့ၿပီး ယူႏိုက္တက္အတြက္စံခ်ိန္တစ္ခုပ်က္ခဲ့ရပါတယ္။

၂၀၁၄ခုႏွစ္က ယူႏိုက္တက္ပရိသတ္ေတြအမ်ားႀကီးေမွ်ာ္လင့္ခဲ့ၾကၿပီး နယ္သာလန္လက္ေရြးစဥ္နည္းျပကေန ယူႏိုက္တက္နည္းျပအျဖစ္
ေရာက္လာတဲ့ နည္းျပ လူးဝစ္ ဗန္ဟား ကေတာ့ ယူႏိုက္တက္မွာ၂ ရာသီ ျပည့္ခဲ့ေပမယ့္ မာေဆးဆိုက္ဒ္ က်ိန္စာ နဲ႔ မလြတ္ကင္းခဲ့ပါဘူး ။

၂၀၁၆ ခုႏွစ္ မတ္လ ထဲမွာ ကေလာ့ရဲ႕ လီဗာပူးလ္ ကို အေဝးကြင္းမွာ (၂-၀) နဲ႕ ရႈံးနိမ့္ကာ အိမ္ကြင္းမွာ (၁-၁)နဲ႕သေရက်ခဲ့ၿပီး ယူ႐ိုပါလိဂ္ ကေန ထြက္ခြာခဲ့ရ အၿပီးမွာေတာ့ လူးဝစ္ ဗန္ဟား ရဲ႕ အသင္းကိုကိုင္တြယ္ပံုနဲ႕ ကစားသမားေတြၾကားျဖစ္လာတဲ့အဆင္မေျပမႈေတြေၾကာင့္ အက္ဝုဒ္ဝက္ခ္ ဟာ အသင္းဘုတ္အဖြဲ႕ဝင္ေတြ ကို နည္းျပ အေျပာင္းအလဲ လုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

လူးဝစ္ ဗန္ဟားက အေတြ႕အၾကဳရင့္တဲ့ နည္းျပျဖစ္တာေၾကာင့္ သူ႕ရဲ႕ ယူႏိုက္တက္နည္းျပဘဝေနာက္ဆံုးပိုင္းကို FA Cup အရယူအၿပီးႏွစ္ရက္အၾကာမွာ ဗန္ဟားနဲ႔ ယူႏိုက္တက္အသင္းတို႕ လမ္းခြဲခဲ့ပါတယ္။

ဖာဂူဆန္ ေခတ္အလြန္ ယူႏိုက္တက္မွာအေအာင္ျမင္ဆံုးနည္းျပျဖစ္တဲ့ ေမာ္ရင္ဟို ကေတာ့ လီဗာပူး နဲ႔ ေတာ္ေတာ္ေလး ဇာတ္လမ္းေတြ ရွိခဲ့ ဖူးပါတယ္။ ဗန္ဟားနဲ႔လမ္းခြဲအၿပီးမွာ ယူႏိုက္တက္ကို လာေရာက္နည္းျပခဲ့ခ်ိန္မွာ ယူႏိုက္တက္ရဲ႕ ဂႏၱဝင္ကစားသမားေတြနဲ႕ မၾကာခဏ
စကား အေျခအတင္ျဖစ္ခဲ့ဖူးပါတယ္။

ရလဒ္ပိုင္းကိုဦးစားေပးတဲ့ သူ႕ရဲ႕ ကစားဟန္ကို ယူႏိုက္တက္ပရိသတ္ေတြ က သိပ္မႏွစ္ျခိဳက္ၾကေပမယ့္ ယူႏိုက္တက္အသင္းကိုေတာ့ ဆုဖလားေတြရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ပရီမီးယားလိဂ္မွာလည္း အဆင္၂ ေန ရာ ကို ဖာဂူဆန္ေနာက္ပိုင္းမွာ ျပန္လည္ရရွိလာေစခဲ့ပါတယ္။

ဒါေပမယ့္ သူ႕ရဲ႕ ယူႏိုက္တက္နည္းျပဘဝ တတိယေျမာက္ ရာသီ မွာ လီဗာပူးလ္ကို ၃ – ၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပရီမီးယားလိဂ္ပြဲစဥ္ (၁၇) အၿပီးမွာ ယူႏိုက္တက္အသင္းကေန အထုတ္ခံခဲ့ရပါတယ္။ ပံုမွန္အခ်ိန္ေတြမွာ မသိသာခဲ့ေပမယ့္ ရလဒ္ပိုင္းဆိုးရြားေနခ်ိန္ မာေဆးဆိုက္ အသင္းေတြနဲ႕ ရင္ဆိုင္ရခ်ိန္မွာေတာ့ ယူႏိုက္တက္နည္းျပေတြအတြက္ ရာထူးကထုတ္ပယ္ခံရေစတဲ့ရလဒ္ေတြထြက္ေပၚေစတဲ့အေနအထားတစ္ရပ္ကေတာ့ အိုေလ ဂန္နာ ဆိုးလ္ရွား ဆီကို ေရာက္လာခဲ့ပါၿပီ။

ပြဲက်ပ္ကာလေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ အဲဗာတန္နဲ႕ပြဲဟာ တစ္ကယ္တန္းေတာ့ ဆိုးလ္ရွားကသာ အာဆင္နယ္နဲ႔ ဘာဆာဆီဟာတို႔ကိုမရႈံးနိမ့္ခဲ့ဘူးဆိုခဲ့ရင္ သာမန္ ပရီမီးယားလိဂ္ ပြဲစဥ္တစ္ခုထက္ပိုမွာမဟုတ္ခဲ့ေပမယ့္ အခုအခါမွာေတာ့ နည္းျပဘဝေရွ႕ေရးအဆံုးအျဖတ္ အေနနဲ႕ပါသက္ဆိုင္တဲ့ ပြဲတစ္ခုျဖစ္ခဲ့ပါၿပီ။

မႏွစ္က ဖလား ၿပိဳင္ပြဲ ၃ ခု မွာ ဆီမီး ဖိုင္နယ္ ကို ေရာက္ခဲ့သလို ျပည္တြင္းမွာ လည္း အဆင့္ ၃ နဲ႔ ပိတ္သိမ္းႏိုင္ခဲ့ၿပီး ယာယီနည္းျပဘဝမွာအံၾသစရာေကာင္းေလာက္ေအာင္ပြဲတိုင္းအႏိုင္ယူျပခဲ့တဲ့ ဆိုးလ္ရွားဟာ ဒီရာသီ အစမွာေတာ့ ရႈံးပြဲေတြ မ်ားခဲ့ၿပီး အဆင့္ ၁၅ ကို ေရာက္ေနခဲ့ပါတယ္။

ပရီမီးယားလိဂ္မွာအိမ္ကြင္းႏိုင္ပြဲမရခဲ့ေသးေပမယ့္ ဥေရာပ မွာ PSG ၊ လိုက္ပ္ဇစ္ တို႔ကို အႏိုင္ရထားတာေၾကာင့္ မ်က္ႏွာပန္း လွေနမႈ ေတြဟာ တူရကီ ေျမေပၚက ရႈံးပြဲ အၿပီးမွာေတာ့ အရာမထင္ ျဖစ္သြားခဲ့ရပါတယ္ ။

ဒါေၾကာင့္ ဒီည ပြဲဟာ အိုေလဂန္နာ ဆိုးလ္ရွား ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ဘ၀ ကို အဆုံးအျဖတ္ေပးဖို႔ ျဖစ္လာခဲ့ပါၿပီ ။ ဒီပြဲကို အႏိုင္ ကစားၿပီး နည္းျပ ရာထူးကို ဆက္ထိန္း ထားႏိုင္မလား၊ ဒါမွမဟုတ္…