ရော်နယ်ဒိုရဲ့ ကိုဗစ် ပေါ့စတစ်သတင်းကြောင့် ပျော်ရအခက်၊ ငိုရအခက်ဖြစ်လာရတဲ့ ကာမာဗင်ဂါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တနင်္ဂနွေနေ့က ပြင်သစ်နဲ့ ပေါ်တူဂီတို့ရဲ့ နေးရှင်းလိဂ်ပွဲအပြီးမှာ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဂျာစီလဲလှယ်ခွင့်ကို ပြင်သစ်လူငယ်ကြယ်ပွင့် ကာမာဗင်ဂါ ရခဲ့တာ အားလုံးအသိပါ။ သူ လေးစားအားကျလွန်းတဲ့ စီနီယာတစ်ဦးဆီက ဂျာစီ ရလိုက်လို့ ဒီ ၁၇နှစ်သားအရွယ်ရှိ ပြင်သစ်တောင်ပံကစားသမားလေး ကာမာဗင်ဂါမှာ ဂုဏ်ယူမဆုံးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ချစ်ကြည်ရေးပွဲတစ်ပွဲလို ဂိုးမရှိသရေနဲ့ပွဲပြီးခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်တုန်းက ကာမာဗင်ဂါဟာ ပွဲချိန်တစ်မိနစ်မှ ကစားခွင့်ရသူမဟုတ်ပါဘူး။ ပွဲပြီးမှ ရော်နယ်ဒိုဆီက ဂျာစီကို သူ ယူခွင့်ရခဲ့တာပါ။ Idol တစ်ယောက်ဆီကဂျာစီရပြီးချိန်မှာ လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ ပို့စ်တစ်ခုတင်ပြီးတောင် ကာမာဗင်ဂါ ကြွားလိုက်ပါသေးတယ်။ “ဒါကိုကျွန်တော် လျှော်ဖွတ်မှာမဟုတ်ဘူး”လို့ ရော်နယ်ဒိုရဲ့ ဂျာစီနဲ့ တွဲပြီးသူ့လူမှုကွန်ယက်မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူ ဒီလို ပို့စ်တင်ပြီး နာရီပိုင်းအကြာမှာပဲ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ covid-19 positiveလို့ အတည်ပြုသတင်းပေါ်ထွက်လာပါတယ်။ ဒီတော့ ကာမာဗင်ဂါအနေနဲ့ သူ ပို့စ်တင်ထားတဲ့အတိုင်း ရော်နယ်ဒို ဝတ်ခဲ့တဲ့ ဂျာစီကို မလျှော်ဘဲ ဆက်သိမ်းထားမလား။ ကျန်းမာရေးရှုထောင့်အရ covid-19 positiveဖြစ်ထားသူတစ်ဦး ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို မလျှော်ဘဲဆက်သိမ်းမှာကို ပြင်သစ်လက်ရွေးစင်အသင်းဆေးအဖွဲ့ကရော ခွင့်ပြုပါ့မလား။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် သြစတြေးလျသိပ္ပံပညာရှင်တွေရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ အဝတ်အစားလို အပေါက်ငယ်လေးတွေပါတဲ့ မျက်နှာပြင်မှာဆိုရင် ၁၄ရက် အသက်ရှင်နိုင်ပြီး စတီး၊ ဖုန်းစခရင်နဲ့ မှန်တွေလို ပြောင်ချောနေတဲ့ မျက်နှာပြင်တွေမှာဆိုရင် ၂၈ရက်ကြာအထိ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရော်နယ်ဒိုရဲ့ ဂျာစီရခဲ့တဲ့ ကာမာဗင်ဂါရဲ့အဖြစ်က ဝမ်းသာရအခက်၊ ဝမ်းနည်းရအခက်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုရဲ႕ ကိုဗစ္ ေပါ့စတစ္သတင္းေၾကာင့္ ေပ်ာ္ရအခက္၊ ငိုရအခက္ျဖစ္လာရတဲ့ ကာမာဗင္ဂါ

တနဂၤေႏြေန႔က ျပင္သစ္နဲ႔ ေပၚတူဂီတို႔ရဲ႕ ေနးရွင္းလိဂ္ပြဲအၿပီးမွာ ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ ဂ်ာစီလဲလွယ္ခြင့္ကို ျပင္သစ္လူငယ္ၾကယ္ပြင့္ ကာမာဗင္ဂါ ရခဲ့တာ အားလံုးအသိပါ။ သူ ေလးစားအားက်လြန္းတဲ့ စီနီယာတစ္ဦးဆီက ဂ်ာစီ ရလိုက္လို႔ ဒီ ၁၇ႏွစ္သားအရြယ္ရွိ ျပင္သစ္ေတာင္ပံကစားသမားေလး ကာမာဗင္ဂါမွာ ဂုဏ္ယူမဆံုးျဖစ္ခဲ့ပါတယ္။

တကယ္ေတာ့ ခ်စ္ၾကည္ေရးပြဲတစ္ပြဲလို ဂိုးမရွိသေရနဲ႔ပြဲၿပီးခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္တုန္းက ကာမာဗင္ဂါဟာ ပြဲခ်ိန္တစ္မိနစ္မွ ကစားခြင့္ရသူမဟုတ္ပါဘူး။ ပြဲၿပီးမွ ေရာ္နယ္ဒိုဆီက ဂ်ာစီကို သူ ယူခြင့္ရခဲ့တာပါ။ Idol တစ္ေယာက္ဆီကဂ်ာစီရၿပီးခ်ိန္မွာ လူမႈကြန္ယက္၀က္ဘ္ဆိုက္မွာ ပို႔စ္တစ္ခုတင္ၿပီးေတာင္ ကာမာဗင္ဂါ ၾကြားလိုက္ပါေသးတယ္။ “ဒါကိုကၽြန္ေတာ္ ေလွ်ာ္ဖြတ္မွာမဟုတ္ဘူး”လို႔ ေရာ္နယ္ဒိုရဲ႕ ဂ်ာစီနဲ႔ တြဲၿပီးသူ႔လူမႈကြန္ယက္မွာ ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ သူ ဒီလို ပို႔စ္တင္ၿပီး နာရီပိုင္းအၾကာမွာပဲ ေပၚတူဂီအသင္းေခါင္းေဆာင္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ covid-19 positiveလို႔ အတည္ျပဳသတင္းေပၚထြက္လာပါတယ္။ ဒီေတာ့ ကာမာဗင္ဂါအေနနဲ႔ သူ ပို႔စ္တင္ထားတဲ့အတိုင္း ေရာ္နယ္ဒို ၀တ္ခ့ဲတဲ့ ဂ်ာစီကို မေလွ်ာ္ဘဲ ဆက္သိမ္းထားမလား။ က်န္းမာေရးရႈေထာင့္အရ covid-19 positiveျဖစ္ထားသူတစ္ဦး ၀တ္ဆင္ခဲ့တဲ့ ဂ်ာစီကို မေလွ်ာ္ဘဲဆက္သိမ္းမွာကို ျပင္သစ္လက္ေရြးစင္အသင္းေဆးအဖြဲ႔ကေရာ ခြင့္ျပဳပါ့မလား။

ၿပီးခဲ့တဲ့ ရက္ပိုင္းကတင္ ၾသစေၾတးလ်သိပၸံပညာရွင္ေတြရဲ႕ေနာက္ဆံုးေလ့လာေတြ႔ရွိခ်က္အရ ကိုရိုနာဗိုင္းရပ္စ္ဟာ အ၀တ္အစားလို အေပါက္ငယ္ေလးေတြပါတဲ့ မ်က္ႏွာျပင္မွာဆိုရင္ ၁၄ရက္ အသက္ရွင္ႏိုင္ၿပီး စတီး၊ ဖုန္းစခရင္နဲ႔ မွန္ေတြလို ေျပာင္ေခ်ာေနတဲ့ မ်က္ႏွာျပင္ေတြမွာဆိုရင္ ၂၈ရက္ၾကာအထိ အသက္ရွင္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒိုရဲ႕ ဂ်ာစီရခဲ့တဲ့ ကာမာဗင္ဂါရဲ႕အျဖစ္က ၀မ္းသာရအခက္၊ ၀မ္းနည္းရအခက္ျဖစ္ေနပါတယ္။