ဘောလုံးကစားခြင်းက အနားယူရင် စီရော်နယ်ဒို ဘာတွေလုပ်လာနိုင်လဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ၂၀၂၂ ကမ္ဘာ့ဖလားပြီးရင် ဘောလုံးကစားခြင်းကနေအနားယူ မယ်လို့ကြေညာခဲ့တဲ့ စီရော်နယ်ဒိုတစ်ယောက် ဘောလုံးမကစားတော့ဘူးဆိုရင် သူ ဘာတွေလုပ်နိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။ မှတ်တမ်းတွေအရ စီရော်နယ်ဒို ပြုလုပ်ဖွယ်ရှိတဲ့ကိစ္စ ၄ ခုကို ရွေးထုတ်ထားပါတယ်။ သူ့လို ရုပ်ရှိရေလျှံကစားသမား တစ်ယောက်အနေနဲ့ နောက်ထပ်နယ်ပယ်တစ်ခုမှာ အောင်မြင်မှုရဖို့ဆိုတာ အမှန် တကယ်ဖြစ်လာနိုင်မလား စောင့်ကြည့်ရမှာပါ။

သရုပ်ဆောင်တစ်ယောက် ဖြစ်လာမလား

စီရော်နယ်ဒိုရဲ့ရုပ်ရည်၊ ခန္ဒာကိုယ်အချိုးအစားက ရုပ်ရှင်မင်းသားတစ်ယောက်အတွက် လိုအပ်တဲ့အခြေခံအချက်တွေနဲ့ ပြည့်စုံပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း လက်ရှိ မှာ ကုန်ပစ္စည်းကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေတဲ့သူဖြစ်တာကြောင့် ကင်မရာတွေ နဲ့ မစိမ်းပါဘူး။ ဘောလုံးလောကကနေ ရုပ်ရှင်နယ်ပယ်ကို ပြောင်းသွားခဲ့ဖူးတဲ့ ဗင်နီဂျုံးစ် လို ကစားသမားမျိုးလည်းရှိခဲ့ဖူးတာပါ။

စီရော်နယ်ဒိုက ကျွန်တော် အသက် ၅၀ အထက် နေရဖို့မျှော်လင့်ထားပြီး ကျွန်တော့်ကိုယ်ကျွန်တော် စိန်ခေါ်မှုတွေပြုလုပ်ချင်ပါ သေးတယ်။ ဥပမာ ရုပ်ရှင်သရုပ်ဆောင်နယ်ပယ်မျိုးမှာပါလို့ ဒူဘိုင်းစပို့စ်ကွန်းဖရန့်စ်မှာ ပြောကြားခဲ့ဖူးတာပါ။

နည်းပြလိုင်းကို ပြောင်းလာမလား

ပြီးခဲ့တဲ့ ၂၀၁၆ ယူရိုဗိုလ်လုပွဲမှာ ဒဏ်ရာရပြီး ကွင်းအပြင်ထွက်ခဲ့ရတဲ့နောက်ပိုင်း စီရော်နယ်ဒိုဟာ ဒူးမှာ ပတ်တီးပတ်ထားရင်းနဲ့ အသင်းကိုနည်းပြဆန်းတို့စ်နဲ့အတူ အော် ဟစ်ပြီး ညွှန်ကြားမှုတွေပြုလုပ်နေတဲ့ပုံရိပ်ကို မှတ်မိကြဦးမှာပါ။ သူ့ကို နည်းပြတစ် ယောက်အဖြစ် မြင်ရမလားဆိုတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီး အခုလိုဖြေကြားထားပါ တယ်။ “အခုချိန်မှာတော့ နည်းပြတစ်ယောက်ဖြစ်လာဖို့ ကျွန်တော် စိတ်မဝင်စားသေး ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ ကျွန်တော် ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကျွန်တော် နည်း ပြဖြစ်လာရင် အသင်းကို တစ်ချိန်လုံးစိတ်ဓာတ်တက်ကြွနေအောင် ပြုလုပ်ပေးမှာ သေ ချာပါတယ်။ ကျွန်တော့်လိုမျိုး ပြိုင်ဘက်ကို လိမ်ခေါက်ကျော်ဖြတ် ဂိုးသွင်းဆာလောင်တဲ့ စိတ်မျိုးတွေ အသင်းဆီကို ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးသမားဘဝမှာ လျှမ်းလျှမ်းတောက်အောင်မြင်ပေမယ့် နည်းပြဘဝမှာ မအောင်မြင်တဲ့ မာရာဒိုနာလိုကစားသမားမျိုးတွေရှိသလို အာရီဂိုဆက် ချီလို သာမန်ကစားသမားဘဝကနေ အေစီမီလန်အတွက် ဆုဖလားတွေရယူပေးပြီး အီတလီလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲပို့ပေးနိုင်တဲ့ နည်းပြမျိုးတွေရှိတာ ကြောင့် အောင်မြင်တဲ့နည်းပြတစ်ယောက်ဖြစ်ဖို့ အောင်မြင်တဲ့ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးရမယ့်အချက်က တိုက်ရိုက်အချိုးမကျပါဘူး။

တက္ကသိုလ်ဆက်တက်မလား
ရော်နယ်ဒိုဟာ စာဖတ်ဝါသနာပါတဲ့သူတစ်ဦးဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ပညာ ရေးကို စိတ်ဝင်စားခဲ့သူပါ။ ဒါကြောင့် ဖြစ်လာနိုင်ခြေနည်းပေမယ့် ပြောလို့မရတဲ့ တက္က သိုလ်ကို ဆက်တက်ဖို့က ရှိနေပါတယ်။ သူက “ပညာရပ်အသစ်တွေကို ကျွန်တော် အ မြဲသင်ယူချင်ပါတယ်။ လူတွေဟာ သင်ကြားမှုတစ်ခုကိုပြုလုပ်နေမှသာ တိုးတက်မှုရှိနေ မှာပါ” လို့ ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့စီးပွားရေးနယ်ပယ်ကို ထပ်ချဲ့မလား

လက်ရှိမှာ စီရော်နယ်ဒိုဟာ ဟိုတယ်ပိုင်ရှင်၊ CR7 အမှတ်တံဆိပ်နဲ့ အဝတ်အစား၊ ဖိနပ်၊ ရေမွှေး၊ ယောက်ျားလေးအတွင်းခံဘောင်းဘီ၊ မျက်မှန်စတဲ့လုပ်ငန်းတွေ ရှိနေပါတယ်။ ဒေးဗစ်ဘက်ခမ်းလိုမျိုး ကုန်ပစ္စည်းထုတ်ကုန်တွေအပြင် ဘောလုံးအသင်းတစ်သင်းကို ကိုယ်တိုင်တည်ထောင်လိုက်တာမျိုးလည်း စီရော်နယ်ဒိုရဲ့အနေအထားနဲ့ဆိုရင် မဖြစ်နိုင် တာမရှိပါဘူး။

ဘရာဇီးက ရော်နယ်ဒိုကြီးလို လာလီဂါက ဗယ်လာဒိုးလစ်ကလပ်မှာ ရင်း နှီးမြှုပ်နှံမှုရှယ်ယာပြုလုပ်သလို ကလပ်အသင်းတွေအပေါ် ရင်းနှီးမြုပ်နှံမှုတွေလည်း ပြု လုပ်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi







တက္ကသိုလ်ဆက်တက်မလား


