ငွေကုန်ရကျိုးမနပ်ခဲ့တဲ့ မန်ယူရဲ့ ဈေးကြီးပေး အပြောင်းအရွှေ့ ၅ ခု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ နည်းပြဖာဂူဆန်အနားယူသွားခဲ့တဲ့ ၂၀၁၃ နောက်ပိုင်းမှာ ကစားသမား အပြောင်းအရွှေ့ဈေးကွက်အတွင်း တန်ဖိုးကြီးငွေသုံးခေါ်ယူမှုတွေ ပြုလုပ် ခဲ့ပေမယ့် ရင်းနှီးမြှုပ်နံှမှုနဲ့ထိုက်တန်တဲ့ခြေစွမ်းအကျိုးအမြတ်၊ ကွင်းအတွင်း အောင်မြင်မှု ပြန်မရတာတွေရှိခဲ့ပါတယ်။ ၂၀၁၃ နောက်ပိုင်း ဈေးကြီးပေးခေါ်ယူခဲ့တဲ့ ကစားသမား တွေအတွက် ယူရို ၉၇၅ သန်း(ပေါင် ၁ ဘီလီယံကျော်) အသုံးပြုခဲ့ပေမယ့် ဘာမှဖြစ် မလာခဲ့ပါဘူး။ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ မန်ယူရဲ့ဈေးကြီးပေးခေါ်ယူခဲ့ပြီး အလုပ်မဖြစ်ခဲ့တဲ့ ကစားသမား ၅ ဦးကို ဖော်ပြထားတာတွေ့ရပါတယ်။ သူတို့တွေက တော့ ….။

ပေါ့ဂ်ဘာ
၂၀၁၆ တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းပေးပြီး ပေါ့ဂ်ဘာ ကို ဂျူဗင်တပ်ကနေ ပြန်ခေါ်ခဲ့တာပါ။ ပေါ့ဂ်ဘာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင် သစ်အသင်း ဗိုလ်စွဲအောင်အကောင်းဆုံးဦးဆောင်နိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့ပေမယ့် မန်ယူအသင်းမှာတော့ သူ့ရဲ့ခြေစွမ်းဟာ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးမဟုတ်ခဲ့ပါဘူး။ အသင်းအတွက် ပွဲပေါင်း ၁၆၈ ပွဲမှာ ၃၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းမပြနိုင်တဲ့အပြင် ကွင်းအတွင်း အသင်းအပေါ် ဦး ဆောင်နိုင်စွမ်းလည်း မရှိတာကိုတွေ့ရပါတယ်။

အဆိုးဆုံးကတော့ သူ့လောက်ပြောင်း ရွှေ့ကြေးမများဘဲ ရောက်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့အရိပ်ကို ကွင်းလယ်မှာမိနေပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးရဲ့ခြေစွမ်းမျိုး ပျောက်ဆုံးနေတာပါပဲ။

လူကာကူ
လူကာကူအတွက်လည်း မော်ရင်ဟိုဟာ အတော်လေးကြိုးစားခေါ်ယူခဲ့တာပါ။ အဲဗာ တန်ကိုပေးလိုက်ရတဲ့တန်ကြေး ပေါင် ၇၅ သန်းအပြင် ဝိန်းရွန်နီပါ အဆစ်ပေးခဲ့ရတယ်။ အသင်းအတွက် ၉၆ ပွဲမှာ ၄၂ ဂိုးသွင်းပြီး ၁၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပေမယ့် သူ့ဆီက ဒီထက်ပိုပြီးမျှော်လင့်ထားတဲ့ ဂိုးသွင်းအားနဲ့ လုပ်အားနှုန်းကို မန်ယူအသင်းမရရှိခဲ့ပါဘူး။

မက်ဂွီရီ
ပေါင်သန်း ၈၀ အသုံးပြုပြီး မက်ဂွီရီကိုခေါ်ယူခဲ့တဲ့ မန်ယူဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာတုန်းက အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပါ။ မနှစ်က မန်ယူအသင်းရဲ့နောက်တန်းမှာ ဖျက်ထုတ်ပုံကောင်းပြီး တည်ငြိမ်ခဲ့ပေမယ့် နွေရာသီကာလအတွင်း သူ့ရဲ့ခြေစွမ်းက မယုံနိုင်လောက်အောင် ကျဆင်းသွားသလို လက်ရှိမန်ယူနောက်တန်းရဲ့ပေးဂိုးတွေမှာ လည်း အဓိကတရားခံဖြစ်နေပါတယ်။

ဒီမာရီယာ
ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၆၀ နီးပါးပေးခေါ်ယူခဲ့သလို အသင်းရဲ့ဂန္ထဝင်ကျောနံ ပါတ် ၇ပေးအပ်ပြီး ဒီမာရီယာအပေါ် မျှော်လင့်ချက်တွေထားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါ ဘူး။ လက်ရှိပီအက်စ်ဂျီမှာ ခြေစွမ်းပြနေတဲ့ ဒီမာရီယာဟာ မန်ယူအတွက်ကတော့ ၃၂ ပွဲ သာကစားခဲ့ရပြီး ၄ ဂိုးသာ သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၂ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါ တယ်။

မာရှယ်
၂၀၁၅ တုန်းက မာရှယ်အတွက် ပေးခဲ့ရတဲ့ ပေါင် ၅၈ သန်းက မနည်းပါဘူး။ ရောက်ရောက်ချင်း လီဗာပူးနဲ့ပွဲမှာ ခြေစွမ်းပြဂိုးတွေသွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ကစားအားက ကျသွားခဲ့တယ်။ မနှစ်ကတော့ ဂိုးသွင်းနှုန်းပြန်တက်လာခဲ့ပြီး အ သင်းအတွက် ပြိုင်ပွဲစုံမှာ ၂၃ ဂိုးရခဲ့တာပါ။ ဒါပေမဲ့ ကျောနံပါတ် ၉ နဲ့ထိုက်တန်တဲ့ ဂိုးသွင်းအစွမ်းမျိုး အခုချိန်ထိ မာရှယ်မပြနိုင်ခဲ့တာ ၅ နှစ်ရှိသွားပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေငြကုန္ရက်ဳိးမနပ္ခဲ့တဲ့ မန္ယူရဲ႕ ေစ်းႀကီးေပး အေျပာင္းအေရႊ႕ ၅ ခု

မန္ယူအသင္းဟာ နည္းျပဖာဂူဆန္အနားယူသြားခဲ့တဲ့ ၂၀၁၃ ေနာက္ပိုင္းမွာ ကစားသမား အေျပာင္းအေရႊ႕ေစ်းကြက္အတြင္း တန္ဖိုးႀကီးေငြသံုးေခၚယူမႈေတြ ျပဳလုပ္ ခဲ့ေပမယ့္ ရင္းႏွီးျမွဳပ္ႏံွမႈနဲ႔ထိုက္တန္တဲ့ေျခစြမ္းအက်ဳိးအျမတ္၊ ကြင္းအတြင္း ေအာင္ျမင္မႈ ျပန္မရတာေတြရွိခဲ့ပါတယ္။ ၂၀၁၃ ေနာက္ပိုင္း ေစ်းႀကီးေပးေခၚယူခဲ့တဲ့ ကစားသမား ေတြအတြက္ ယူရို ၉၇၅ သန္း(ေပါင္ ၁ ဘီလီယံေက်ာ္) အသံုးျပဳခဲ့ေပမယ့္ ဘာမွျဖစ္ မလာခဲ့ပါဘူး။ သတင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ မန္ယူရဲ႕ေစ်းႀကီးေပးေခၚယူခဲ့ၿပီး အလုပ္မျဖစ္ခဲ့တဲ့ ကစားသမား ၅ ဦးကို ေဖာ္ျပထားတာေတြ႕ရပါတယ္။ သူတို႔ေတြက ေတာ့ ….။

ေပါ့ဂ္ဘာ
၂၀၁၆ တုန္းက ကမာၻ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၈၉ သန္းေပးၿပီး ေပါ့ဂ္ဘာ ကို ဂ်ဴဗင္တပ္ကေန ျပန္ေခၚခဲ့တာပါ။ ေပါ့ဂ္ဘာဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္ သစ္အသင္း ဗိုလ္စြဲေအာင္အေကာင္းဆံုးဦးေဆာင္ႏိုင္တဲ့ ကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့ေပမယ့္ မန္ယူအသင္းမွာေတာ့ သူ႕ရဲ႕ေျခစြမ္းဟာ ေျပာင္းေရႊ႕ေၾကးနဲ႔ထိုက္တန္တဲ့ ေျခစြမ္းမ်ဳိးမဟုတ္ခဲ့ပါဘူး။ အသင္းအတြက္ ပြဲေပါင္း ၁၆၈ ပြဲမွာ ၃၃ ဂိုး ဖန္တီးေပးႏိုင္ခဲ့ ေပမယ့္ ဒီႏွစ္ေဘာလံုးရာသီမွာ ေျခစြမ္းမျပႏိုင္တဲ့အျပင္ ကြင္းအတြင္း အသင္းအေပၚ ဦး ေဆာင္ႏိုင္စြမ္းလည္း မရွိတာကိုေတြ႕ရပါတယ္။

အဆိုးဆံုးကေတာ့ သူ႕ေလာက္ေျပာင္း ေရႊ႕ေၾကးမမ်ားဘဲ ေရာက္လာခဲ့တဲ့ ဘရူႏိုဖာနန္ဒက္စ္ရဲ႕အရိပ္ကို ကြင္းလယ္မွာမိေနၿပီး ကမာၻ႔အဆင့္ကစားသမားတစ္ဦးရဲ႕ေျခစြမ္းမ်ဳိး ေပ်ာက္ဆံုးေနတာပါပဲ။

လူကာကူ
လူကာကူအတြက္လည္း ေမာ္ရင္ဟိုဟာ အေတာ္ေလးႀကိဳးစားေခၚယူခဲ့တာပါ။ အဲဗာ တန္ကိုေပးလိုက္ရတဲ့တန္ေၾကး ေပါင္ ၇၅ သန္းအျပင္ ၀ိန္းရြန္နီပါ အဆစ္ေပးခဲ့ရတယ္။ အသင္းအတြက္ ၉၆ ပြဲမွာ ၄၂ ဂိုးသြင္းၿပီး ၁၃ ဂိုးဖန္တီးေပးႏိုင္ခဲ့ေပမယ့္ သူ႕ဆီက ဒီထက္ပိုၿပီးေမွ်ာ္လင့္ထားတဲ့ ဂိုးသြင္းအားနဲ႔ လုပ္အားႏႈန္းကို မန္ယူအသင္းမရရွိခဲ့ပါဘူး။

မက္ဂီြရီ
ေပါင္သန္း ၈၀ အသံုးျပဳၿပီး မက္ဂီြရီကိုေခၚယူခဲ့တဲ့ မန္ယူဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာတုန္းက အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခဲ့တာပါ။ မႏွစ္က မန္ယူအသင္းရဲ႕ေနာက္တန္းမွာ ဖ်က္ထုတ္ပံုေကာင္းၿပီး တည္ၿငိမ္ခဲ့ေပမယ့္ ေႏြရာသီကာလအတြင္း သူ႕ရဲ႕ေျခစြမ္းက မယံုႏိုင္ေလာက္ေအာင္ က်ဆင္းသြားသလုိ လက္ရွိမန္ယူေနာက္တန္းရဲ႕ေပးဂိုးေတြမွာ လည္း အဓိကတရားခံျဖစ္ေနပါတယ္။

ဒီမာရီယာ
ရီးရဲလ္မက္ဒရစ္ကေန ေပါင္သန္း ၆၀ နီးပါးေပးေခၚယူခဲ့သလို အသင္းရဲ႕ဂႏၳ၀င္ေက်ာနံ ပါတ္ ၇ေပးအပ္ၿပီး ဒီမာရီယာအေပၚ ေမွ်ာ္လင့္ခ်က္ေတြထားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ပါ ဘူး။ လက္ရွိပီအက္စ္ဂ်ီမွာ ေျခစြမ္းျပေနတဲ့ ဒီမာရီယာဟာ မန္ယူအတြက္ကေတာ့ ၃၂ ပြဲ သာကစားခဲ့ရၿပီး ၄ ဂိုးသာ သြင္းႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၁၂ ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့ပါ တယ္။

မာရွယ္
၂၀၁၅ တုန္းက မာရွယ္အတြက္ ေပးခဲ့ရတဲ့ ေပါင္ ၅၈ သန္းက မနည္းပါဘူး။ ေရာက္ေရာက္ခ်င္း လီဗာပူးနဲ႔ပြဲမွာ ေျခစြမ္းျပဂိုးေတြသြင္းႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူ႕ရဲ႕ကစားအားက က်သြားခဲ့တယ္။ မႏွစ္ကေတာ့ ဂိုးသြင္းႏႈန္းျပန္တက္လာခဲ့ၿပီး အ သင္းအတြက္ ၿပိဳင္ပြဲစံုမွာ ၂၃ ဂိုးရခဲ့တာပါ။ ဒါေပမဲ့ ေက်ာနံပါတ္ ၉ နဲ႔ထိုက္တန္တဲ့ ဂိုးသြင္းအစြမ္းမ်ဳိး အခုခ်ိန္ထိ မာရွယ္မျပႏိုင္ခဲ့တာ ၅ ႏွစ္ရွိသြားပါၿပီ။