BREAKING: ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ခံစားနေရပြီး အခုဆိုရင် ကွာရန်တင်းဝင်ဖို့အတွက် လက်ရွေးစင်အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြုပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြေညာချက်အရ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခဏာတစ်ခုမှမခံစားရဘဲ ကျန်းမာရေးလည်း ကောင်းမွန်နေတယ်လို့ သိရပြီး သူကလွဲလို့ တခြားပေါ်တူဂီအသင်းသားအားလုံး Negative အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ နေးရှင်းလိဂ်အုပ်စုပွဲစဉ်အဖြစ် ဆွီဒင်နဲ့ကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့က ပြင်သစ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်အရ အုပ်စုတွင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

ရော်နယ်ဒိုဟာ ပြင်သစ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်က စပိန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး ဘယ်အချိန်က Positive ထွက်ခဲ့လဲဆိုတာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ခံစားခဲ့ရပြီးနောက် အီတလီရဲ့ကိုဗစ်စည်းမျဉ်းသစ်အရ အနည်းဆုံး ၁၀ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဂျူဗင်တပ်စ်ကလည်း ၁၅ ရက်အကြာမှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်လို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ပထမဆုံး အုပ်စုတွင်းအားပြိုင်မှုက ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

BREAKING: ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒို ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရ

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ခံစားေနရၿပီး အခုဆိုရင္ ကြာရန္တင္းဝင္ဖို႔အတြက္ လက္ေ႐ြးစင္အသင္းကေန ထြက္ခြာသြားခဲ့ၿပီျဖစ္ေၾကာင္း ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳပါတယ္။
ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ထုတ္ျပန္ေၾကညာခ်က္အရ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး လကၡဏာတစ္ခုမွမခံစားရဘဲ က်န္းမာေရးလည္း ေကာင္းမြန္ေနတယ္လို႔ သိရၿပီး သူကလြဲလို႔ တျခားေပၚတူဂီအသင္းသားအားလုံး Negative အေျဖထြက္ခဲ့တယ္လို႔ သိရပါတယ္။

ေပၚတူဂီအသင္းဟာ ဗုဒၶဟူးေန႔မွာ ေနးရွင္းလိဂ္အုပ္စုပြဲစဥ္အျဖစ္ ဆြီဒင္နဲ႔ကစားရမွာျဖစ္ၿပီး တနဂၤေႏြေန႔က ျပင္သစ္နဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ကမာၻ႔ခ်န္ပီယံ ျပင္သစ္နဲ႔ အမွတ္တူ၊ ဂိုးကြာျခားခ်က္အရ အုပ္စုတြင္းမွာ ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။

ေရာ္နယ္ဒိုဟာ ျပင္သစ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအျပင္ ၿပီးခဲ့တဲ့ရက္သတၱပတ္က စပိန္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ေျခစမ္းပြဲမွာလည္း ပါဝင္ကစားခဲ့ၿပီး ဘယ္အခ်ိန္က Positive ထြက္ခဲ့လဲဆိုတာ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ေၾကညာျခင္းမရွိပါဘူး။

ေရာ္နယ္ဒိုဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ခံစားခဲ့ရၿပီးေနာက္ အီတလီရဲ႕ကိုဗစ္စည္းမ်ဥ္းသစ္အရ အနည္းဆုံး ၁၀ ရက္ၾကာ ကြာရန္တင္းဝင္ရမွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္ကလည္း ၁၅ ရက္အၾကာမွာ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲကစားရမွာျဖစ္လို႔ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ပထမဆုံး အုပ္စုတြင္းအားၿပိဳင္မႈက ဘယ္လိုျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။