မန်ယူကစားသမားဟောင်းများပိုင်ဆိုင်သည့် ဆဲလ်ဖို့ဒ်နည်းပြအဖြစ် အသင်းရှယ်ယာ ပိုင်ရှင်တစ်ဦးဖြစ်သူ ပေါလ်စခိုး တာဝန်ယူဆောင်ရွက်မည်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ Class of 92 အဖွဲ့ဝင် နဗီးလ်ညီနောင်၊ ဒေးဗစ် ဘက်ခမ်း၊ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုးတို့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းပါဝင်တဲ့ အင်္ဂလန်လိဂ်-၂ က ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့မန်နေဂျာ ဂရေဟမ်အလက်ဇန်းဒါးကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

သူ့ရဲ့နေရာမှာ ရှယ်ယာအဖွဲ့ဝင် ပေါလ်စခိုးကို လတ်တလောအစားထိုးခန့်ထားလိုက်ပါတယ်။ ပေါလ်စခိုးအတွက်ကတော့ ဒါဟာ သူ့အတွက် ဒုတိယမြောက်နည်းပြအလုပ်ဖြစ်ပြီး ပထမတစ်ကြိမ်တုန်းက ၂၀၁၉ ဖေဖော်ဝါရီမှာ အိုးလ်ဟမ်းအသင်းနည်းပြအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် တစ်လအတွင်းမှာပင် နုတ်ထွက်ခဲ့တာပါ။

အိုးလ်ဟမ်းအသင်းဟာ စခိုးကို ၁၈ လ စာချုပ်သက်တမ်းနဲ့ခန့်အပ်ခဲ့တာဖြစ်ပေမယ့် ပေါလ်စခိုးလက်ထဲမှာ အိုးလ်ဟမ်းအသင်းဟာ ၇ ပွဲမှာ ၁ ပွဲပဲနိုင်ခဲ့ပြီး ၃၁ ရက် အကြာမှာ ပေါလ်စခိုး ထွက်ခွာသွားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို အိုးလ်ဟမ်းအသင်းပိုင်ရှင်ကိုယ်တိုင် အံ့အားသင့်ခဲ့ပြီး အခုလိုမျိုး မြန်မြန်ဆန်ဆန်ထွက် ခွာသွားမယ်မထင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဆဲလ်ဖို့ဒ်စီးတီးဟာ မန်ယူကစားသမား ဟောင်း ပေါလ်စခိုးတို့အုပ်စုနဲ့အတူ ဗလန်စီယာကိုလည်းပိုင်ဆိုင်တဲ့ စင်ကာပူစီးပွား ရေးလုပ်ငန်းရှင် ပီတာလင်းကလည်း ရှယ်ယာပိုင်ဆိုင်ပါသေးတယ်။ ဆဲလ်ဖို့ဒ်အသင်းရဲ့ ကြေညာချက်မှာ အသင်းအနေနဲ့ ဂရေဟမ်ရဲ့ ကြိုးစားအားထုတ်မှုအားလုံးအတွက် ကျေးဇူးတင်ကြောင်း၊ လိဂ်-၂ကို တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိပါစေကြောင်း ဆုတောင်းပေးခဲ့တာ ကို တွေ့ရပါတယ်။

ဂရေဟမ်နဲ့အတူ ပထမအသင်းနည်းပြ ခရစ္စလူးကပ်တီလည်း အ သင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဆဲလ်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်-၂ မှာ အဆင့် ၁၁ နေရာမှာရပ်တည်နိုင်ခဲ့ပြီး အလက်ဇန်းဒါးဟာ ဆဲလ်ဖို့ဒ်မတိုင်မီ ဖလိဝုဒ် နဲ့ စကန်သော့ပ်အသင်းတွေကို နည်းပြခဲ့ဖူးပါတယ်။

လက်ရှိဆဲလ်ဖို့ဒ်အသင်းမှာ မန်ယူ ကစားသမားဟောင်း ဂစ်ဘ်ဆင်လည်း ကစားလျက်ရှိနေတာပါ။ အိုးလ်ဟမ်းမှာ တစ်လတည်းနဲ့ နုတ်ထွက်ခဲ့တဲ့ပေါလ်စခိုးတစ်ယောက် ကိုယ်ရှယ်ယာပါတဲ့ ကိုယ့်အသင်းမှာ ဘယ်လောက်အထိ ဦးဆောင်မှုတွေပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူကစားသမားေဟာင္းမ်ားပိုင္ဆိုင္သည့္ ဆဲလ္ဖို႔ဒ္နည္းျပအျဖစ္ အသင္းရွယ္ယာ ပိုင္ရွင္တစ္ဦးျဖစ္သူ ေပါလ္စခိုး တာ၀န္ယူေဆာင္ရြက္မည္

မန္ယူကစားသမားေဟာင္းေတြျဖစ္တဲ့ Class of 92 အဖြဲ႕၀င္ နဗီးလ္ညီေနာင္၊ ေဒးဗစ္ ဘက္ခမ္း၊ ရြိဳင္ယန္ဂစ္၊ ေပါလ္စခိုးတုိ႔ အစုရွယ္ယာ ၅၀ ရာခိုင္ႏႈန္းပါ၀င္တဲ့ အဂၤလန္လိဂ္-၂ က ဆဲလ္ဖို႔ဒ္စီးတီးအသင္းရဲ႕မန္ေနဂ်ာ ဂေရဟမ္အလက္ဇန္းဒါးကို ထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။

သူ႕ရဲ႕ေနရာမွာ ရွယ္ယာအဖြဲ႕၀င္ ေပါလ္စခိုးကို လတ္တေလာအစားထိုးခန္႔ထားလိုက္ပါတယ္။ ေပါလ္စခိုးအတြက္ကေတာ့ ဒါဟာ သူ႕အတြက္ ဒုတိယေျမာက္နည္းျပအလုပ္ျဖစ္ၿပီး ပထမတစ္ႀကိမ္တုန္းက ၂၀၁၉ ေဖေဖာ္၀ါရီမွာ အိုးလ္ဟမ္းအသင္းနည္းျပအျဖစ္ လုပ္ကိုင္ခဲ့ေပမယ့္ တစ္လအတြင္းမွာပင္ ႏုတ္ထြက္ခဲ့တာပါ။

အိုးလ္ဟမ္းအသင္းဟာ စခိုးကို ၁၈ လ စာခ်ဳပ္သက္တမ္းနဲ႔ခန္႔အပ္ခဲ့တာျဖစ္ေပမယ့္ ေပါလ္စခိုးလက္ထဲမွာ အိုးလ္ဟမ္းအသင္းဟာ ၇ ပြဲမွာ ၁ ပြဲပဲႏိုင္ခဲ့ၿပီး ၃၁ ရက္ အၾကာမွာ ေပါလ္စခိုး ထြက္ခြာသြားတာလည္း ျဖစ္ပါတယ္။ သူ႕ရဲ႕ဆံုးျဖတ္ခ်က္ကို အိုးလ္ဟမ္းအသင္းပိုင္ရွင္ကိုယ္တိုင္ အံ့အားသင့္ခဲ့ၿပီး အခုလိုမ်ဳိး ျမန္ျမန္ဆန္ဆန္ထြက္ ခြာသြားမယ္မထင္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။

ဆဲလ္ဖို႔ဒ္စီးတီးဟာ မန္ယူကစားသမား ေဟာင္း ေပါလ္စခိုးတို႔အုပ္စုနဲ႔အတူ ဗလန္စီယာကိုလည္းပိုင္ဆိုင္တဲ့ စင္ကာပူစီးပြား ေရးလုပ္ငန္းရွင္ ပီတာလင္းကလည္း ရွယ္ယာပိုင္ဆိုင္ပါေသးတယ္။ ဆဲလ္ဖို႔ဒ္အသင္းရဲ႕ ေၾကညာခ်က္မွာ အသင္းအေနနဲ႔ ဂေရဟမ္ရဲ႕ ႀကိဳးစားအားထုတ္မႈအားလံုးအတြက္ ေက်းဇူးတင္ေၾကာင္း၊ လိဂ္-၂ကို တန္းတက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့အတြက္ ဂုဏ္ယူေၾကာင္းနဲ႔ အနာဂတ္မွာ ေအာင္ျမင္မႈေတြ ရရွိပါေစေၾကာင္း ဆုေတာင္းေပးခဲ့တာ ကို ေတြ႕ရပါတယ္။

ဂေရဟမ္နဲ႔အတူ ပထမအသင္းနည္းျပ ခရစၥလူးကပ္တီလည္း အ သင္းကေန ထြက္ခြာသြားခဲ့ပါတယ္။ ဆဲလ္ဖို႔ဒ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက လိဂ္-၂ မွာ အဆင့္ ၁၁ ေနရာမွာရပ္တည္ႏိုင္ခဲ့ၿပီး အလက္ဇန္းဒါးဟာ ဆဲလ္ဖို႔ဒ္မတုိင္မီ ဖလိ၀ုဒ္ နဲ႔ စကန္ေသာ့ပ္အသင္းေတြကို နည္းျပခဲ့ဖူးပါတယ္။ လက္ရွိဆဲလ္ဖို႔ဒ္အသင္းမွာ မန္ယူ ကစားသမားေဟာင္း ဂစ္ဘ္ဆင္လည္း ကစားလ်က္ရွိေနတာပါ။ အိုးလ္ဟမ္းမွာ တစ္လတည္းနဲ႔ ႏုတ္ထြက္ခဲ့တဲ့ေပါလ္စခိုးတစ္ေယာက္ ကိုယ္ရွယ္ယာပါတဲ့ ကိုယ့္အသင္းမွာ ဘယ္ေလာက္အထိ ဦးေဆာင္မႈေတြေပးႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဖို႔ရွိပါတယ္။