ပြင်သစ်နဲ့ပွဲမှာ ရော်နယ်ဒို ငြိမ်ချက်သားကောင်းစေခဲ့မှုရဲ့အဓိကအကြောင်းရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ တနင်္ဂနွေညက ပြင်သစ်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ရပြီး ဒါကလည်း သူခြေစွမ်းမပြနိုင်လို့မဟုတ်ဘဲ ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။


နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့အဲဒီပွဲမှာ ကမ္ဘာကျော်တိုက်စစ်ကစားသမားအများအပြား ပါဝင်ခဲ့ပေမယ့် ပွဲကတော့ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးသွားခဲ့ရပြီး စပိန်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ခြေစမ်းပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ ရော်နယ်ဒိုကလည်း အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီရဲ့ လက်ရွေးစင်သွင်းဂိုးစံချိန် ၁၀၉ ဂိုးကို ကျော်ဖြတ်နိုင်ရေး ကြိုးစားမှုအဖြစ် ၁၀၂ ဂိုးမြောက်ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။


ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြင်သစ်နဲ့ပွဲမှာ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဟာနန်ဒက်ဇ်က မယုံနိုင်စရာကောင်းလောက်အောင် တားဆီးနိုင်ခဲ့ပြီး ပင်နယ်တီဧရိယာထဲကနေ ရော်နယ်ဒို ဘယ်ခြေနဲ့ အပိုင်ကန်သွင်းတာကို ဟာနန်ဒက်ဇ်က ဘယ်ခြေနဲ့ပဲ တားဆီးနိုင်ခဲ့တာပါ။

အဲဒီတစ်ကြိမ်ပဲ ရွှေဘောလုံးဆု ၅ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုကို အက်သလက်တီကိုနောက်ခံလူဟောင်း ဟာနန်ဒက်ဇ် တားဆီးနိုင်ခဲ့တာမဟုတ်ဘဲ တစ်ပွဲလုံး တောက်လျှောက်ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

”ဟာနန်ဒက်ဇ်ရဲ့အိတ်ကပ်ထဲရောက်သွားတဲ့ ရော်နယ်ဒို”။ ”CB အဖြစ်လည်း ကစားနိုင်တဲ့ ဟာနန်ဒက်ဇ်က ရော်နယ်ဒိုကို တားဆီးဖို့ LB ဖြစ်သွားပြီး ရော်နယ်ဒိုကို အိတ်ထဲ ထည့်လိုက်တယ်ဆိုတဲ့စကားလုံးနဲ့တောင် မလုံလောက်ပါဘူး”။ ”OFFICIAL; ရော်နယ်ဒိုတော့ ဟာနန်ဒက်ဇ်ရဲ့စမ်းသပ်မှုမှာ ကျဆုံးသွားပါတယ်”လို့ တွစ်တာမှာ ပရိသတ်တွေက အသီးသီးမှတ်ချက်ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပင္သစ္နဲ႔ပြဲမွာ ေရာ္နယ္ဒို ၿငိမ္ခ်က္သားေကာင္းေစခဲ့မႈရဲ႕အဓိကအေၾကာင္းရင္း

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ တနဂၤေႏြညက ျပင္သစ္နဲ႔ပြဲမွာ ဂိုးေပါက္ေပ်ာက္ခဲ့ရၿပီး ဒါကလည္း သူေျခစြမ္းမျပႏိုင္လို႔မဟုတ္ဘဲ ျပင္သစ္ေနာက္ခံလူ လူးကပ္စ္ဟာနန္ဒက္ဇ္ရဲ႕ အံ့အားသင့္ဖြယ္စြမ္းေဆာင္ရည္ေၾကာင့္ျဖစ္ပါတယ္။

ေနးရွင္းလိဂ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့အဲဒီပြဲမွာ ကမာၻေက်ာ္တိုက္စစ္ကစားသမားအမ်ားအျပား ပါဝင္ခဲ့ေပမယ့္ ပြဲကေတာ့ ဂိုးမရွိသေရနဲ႔ပဲ ၿပီးဆုံးသြားခဲ့ရၿပီး စပိန္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ေျခစမ္းပြဲမွာ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ေရာ္နယ္ဒိုကလည္း အီရန္ဂႏၴဝင္တိုက္စစ္မႉး အလီဒါယီရဲ႕ လက္ေ႐ြးစင္သြင္းဂိုးစံခ်ိန္ ၁၀၉ ဂိုးကို ေက်ာ္ျဖတ္ႏိုင္ေရး ႀကိဳးစားမႈအျဖစ္ ၁၀၂ ဂိုးေျမာက္ဂိုးသြင္းယူႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ျပင္သစ္နဲ႔ပြဲမွာ အေကာင္းဆုံးအခြင့္အေရးတစ္ရပ္ပိုင္ဆိုင္ႏိုင္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ဟာနန္ဒက္ဇ္က မယုံႏိုင္စရာေကာင္းေလာက္ေအာင္ တားဆီးႏိုင္ခဲ့ၿပီး ပင္နယ္တီဧရိယာထဲကေန ေရာ္နယ္ဒို ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းတာကို ဟာနန္ဒက္ဇ္က ဘယ္ေျခနဲ႔ပဲ တားဆီးႏိုင္ခဲ့တာပါ။

အဲဒီတစ္ႀကိမ္ပဲ ေ႐ႊေဘာလုံးဆု ၅ႀကိမ္ရရွိထားတဲ့ ေရာ္နယ္ဒိုကို အက္သလက္တီကိုေနာက္ခံလူေဟာင္း ဟာနန္ဒက္ဇ္ တားဆီးႏိုင္ခဲ့တာမဟုတ္ဘဲ တစ္ပြဲလုံး ေတာက္ေလွ်ာက္ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ပါတယ္။

”ဟာနန္ဒက္ဇ္ရဲ႕အိတ္ကပ္ထဲေရာက္သြားတဲ့ ေရာ္နယ္ဒို”။ ”CB အျဖစ္လည္း ကစားႏိုင္တဲ့ ဟာနန္ဒက္ဇ္က ေရာ္နယ္ဒိုကို တားဆီးဖုိ႔ LB ျဖစ္သြားၿပီး ေရာ္နယ္ဒိုကို အိတ္ထဲ ထည့္လုိက္တယ္ဆုိတဲ့စကားလုံးနဲ႔ေတာင္ မလုံေလာက္ပါဘူး”။ ”OFFICIAL; ေရာ္နယ္ဒိုေတာ့ ဟာနန္ဒက္ဇ္ရဲ႕စမ္းသပ္မႈမွာ က်ဆုံးသြားပါတယ္”လုိ႔ တြစ္တာမွာ ပရိသတ္ေတြက အသီးသီးမွတ္ခ်က္ေရးသားခဲ့ပါတယ္။