အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်တိုင်း ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ရရှိနေတဲ့ ရော်နယ်ဒို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ အချမ်းသာဆုံးအားကစားသမားအဖြစ် ရပ်တည်နေပြီး အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်တိုင်း ပျမ်းမျှ ဒေါ်လာ ၈၈၉၀၀၀ ရရှိနေရာ မြန်မာကျပ်ငွေနဲ့ဆိုရင် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ရှိနေပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ Followers အများဆုံးအားကစားသမားအဖြစ် ၂၃၉ သန်းနဲ့ ရပ်တည်နေပြီး HopperHQ ရဲ့ထုတ်ပြန်ချက်အရ သူဟာ အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်တိုင်း ပျမ်းမျှ ဒေါ်လာ ၈၈၉၀၀၀ ရရှိနေရာ ဒုတိယနေရာက ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ(ဒေါ်လာ ၇၀၄၀၀၀)ထက် သိသိသာသာပိုမိုများပြားနေပါတယ်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက တတိယ၊ ဒေးဗစ်ဘက်ခမ်းနဲ့ NBA ကြယ်ပွင့် လီဘရွန်ဂျိမ်းစ်တို့က ထိပ်ဆုံး ၅ဦးစာရင်းဝင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ရီးရဲလ်ကနေ စပါးကို အငှားနဲ့ ပြန်ရောက်လာတဲ့တိုက်စစ်မှူး ဘေးလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပွဲထွက်ခွင့်နည်းပါးခဲ့ပေမယ့် ထိပ်ဆုံး ၁ဝ ဦးစာရင်းဝင်ခဲ့ပါတယ်။
၁။ ရော်နယ်ဒို (ဘောလုံး) – ဒေါ်လာ ၈၈၉၀၀၀ per post ၂။ နေမာ (ဘောလုံး) – ဒေါ်လာ ၇၀၄၀၀၀ per post ၃။ မက်ဆီ (ဘောလုံး) – ဒေါ်လာ ၆၉၅၀၀၀ per post
၄။ ဘက်ခမ်း (ဘောလုံး) – ဒေါ်လာ ၃၃၉၀၀၀ per post ၅။ လီဘရွန်ဂျိမ်းစ် (ဘက်စကတ်ဘော) – ဒေါ်လာ ၃၀၇၀၀၀ per post
၆။ ဗီရက်ခိုလီ (ခရစ်ကတ်) – ဒေါ်လာ ၂၉၆၀၀၀ per post ၇။ ရော်နယ်ဒင်ဟို (ဘောလုံး) – ဒေါ်လာ ၂၃၈၀၀၀ per post ၈။ ဘေးလ် (ဘောလုံး) – ဒေါ်လာ ၂၀၀၀၀၀ per post
၉။ အီဘရာဟီမိုဗစ် (ဘောလုံး) – ဒေါ်လာ ၂၀၀၀၀၀ per post ၁၀။ ဆာလာ (ဘောလုံး) – ဒေါ်လာ ၁၈၀၀၀၀ per post
၁၁။ ဆွာရက်ဇ် (ဘောလုံး) – ဒေါ်လာ ၁၇၆၀၀၀ per post ၁၂။ မက်ဂရီဂေါ် (MMA) – ဒေါ်လာ ၁၇၀၀၀၀ per post ၁၃။ စတီဖင်ကာရေး (ဘက်စကတ်ဘော) – ဒေါ်လာ ၁၄၂၀၀၀ per post
၁၄။ မေဝယ်သာ (လက်ဝှေ့) – ဒေါ်လာ ၁၀၈၀၀၀ per post ၁၅။ အဂွဲရိုး (ဘောလုံး) – ဒေါ်လာ ၆၃၅၀၀ per post
၁၆။ ရူဆေး (MMA) – ဒေါ်လာ ၆၀၃၀၀ per post ၁၇။ ဆရီနာဝီလျံ (တင်းနစ်) – ဒေါ်လာ ၅၇၃၀၀ per post ၁၈။ ဒီဘရိုင်း (ဘောလုံး) – ဒေါ်လာ ၅၁၆၀၀ per post
၁၉။ ဆိုင်မွန်ဘိုင်းလ် (ကျွမ်းဘား) – ဒေါ်လာ ၁၇၈၀၀ per post ၂၀။ ဆလာတာ (ရေလွှာလျှောစီး) – ဒေါ်လာ ၁၂၅၀၀ per post
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi