အချိန်ဖြုန်းမနေဘဲ သူ့ရဲ့မယုံနိုင်ဖွယ် Dribble အစွမ်းတွေ ပြသသွားတဲ့ ထရာအိုရေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်အသင်းတောင်ပံကစားသမား အဒါမာထရာအိုရေးဟာ လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရတဲ့ပွဲမှာ အချိန်တွေဖြုန်းမနေဘဲ သူ့ရဲ့မယုံနိုင်ဖွယ် Dribble အစွမ်းကို ပြသသွားပါတယ်။ ဝုဗ်တောင်ပံကစားသမား ထရာအိုရေးဟာ ဆွစ်ဇာလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းအရောက် လူစားဝင်လာတာဖြစ်ပြီး စပိန်က ဆိုစီဒက်တောင်ပံကစားသမား အိုယာဇာဘယ်ရဲ့ဂိုးကြောင့် အနိုင်ရခဲ့တာပါ။

ထရာအိုရေးဟာ ပွဲချိန် ၅၇ မိနစ်အရောက် ဘာစီလိုနာလူငယ်ကစားသမား အန်ဆူဖာတီရဲ့နေရာမှာ လူစားဝင်လာတာဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့အစွမ်းကို ပြသသွားပါတယ်။ ထရာအိုရေးဟာ လူစားဝင်လာပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ သူ့ရဲ့စကေးကို ပြသခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်ကစားသမား ၄ဦးကို ကျော်ဖြတ်ကာ ဘယ်တောင်ပံကနေ တက်လာတဲ့ ဘယ်နောက်ခံလူ ဟိုဆေးဂါယာထံ အသာလေးထိုးပေးလိုက်တာပါ။

အဲဒီအကွက်တွေကို ဗီဒီယိုကနေ slow motion နဲ့ ပြန်ကြည့်ရင် သူ့ရဲ့အစွမ်းကို ပိုသိနိုင်ပြီး ထရာအိုရေးရဲ့ မြန်နှုန်း၊ ပါဝါ၊ ပေါ့ပါးဖျတ်လတ်မှုနဲ့ စကေးတွေကို တွေ့နိုင်ပါတယ်။ သူဟာ အဲဒီပွဲမှာ နာရီဝက်ကျော်ကျော်ပဲ ကစားခဲ့ရပေမယ့် တစ်ဦးချင်းကျော်ဖြတ်မှု ၄ကြိမ်အထိရှိခဲ့ရာ အခြားကစားသမားတွေထက် ပိုများခဲ့ပါတယ်။

ထရာအိုရေးဟာ မွေးရပ်မြေကို ကိုယ်စားပြုကစားခွင့်ရတာ အခုမှ ဒုတိယမြောက်ပွဲဖြစ်ပါတယ်။ ဘာစီလိုနာလူငယ်ကစားသမားဟောင်းဟာ မိဘတွေရဲ့ဇာတိဖြစ်တဲ့ မာလီအသင်းမှာပါ ရွေးချယ်ခြင်းခံခဲ့ရပေမယ့် သူကတော့ စပိန်အသင်းကိုပဲ ရွေးချယ်ခဲ့ပြီး ဗုဒ္ဓဟူးညက ပေါ်တူဂီနဲ့ခြေစမ်းပွဲမှာ ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

စပိန်အသင်းနည်းပြ အင်းနရစ်ကလည်း ပွဲအပြီးမှာ ထရာအိုရေးကို ချီးကျူးသွားခဲ့ပြီး ပြိုင်ဘက်အသင်းအနေနဲ့ သူ့ကို တားဆီးနိုင်ဖို့ ကစားသမား ၂ယောက်တောင် သုံးရလိမ့်မယ်လို့ ပြောပါတယ်။ ”သူ့ရဲ့အရည်အသွေးက ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တာဖြစ်ပြီး ဒါနီအိုလ်မိုကို ပေးပို့တာကလည်း တကယ့်အပျံစားပဲ။ တစ်ယောက်တည်းနဲ့တော့ သူ့ကို တားဆီးနိုင်မှာမဟုတ်ပါဘူး။ နှစ်ယောက်လောက်မှ သူ့ကို တားနိုင်မှာပါ”လို့ အင်းနရစ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အခ်ိန္ျဖဳန္းမေနဘဲ သူ႔ရဲ႕မယုံႏိုင္ဖြယ္ Dribble အစြမ္းေတြ ျပသသြားတဲ့ ထရာအိုေရး

စပိန္အသင္းေတာင္ပံကစားသမား အဒါမာထရာအိုေရးဟာ လက္ေ႐ြးစင္အသင္းအတြက္ ကစားခြင့္ရတဲ့ပြဲမွာ အခ်ိန္ေတြျဖဳန္းမေနဘဲ သူ႔ရဲ႕မယုံႏိုင္ဖြယ္ Dribble အစြမ္းကို ျပသသြားပါတယ္။ ဝုဗ္ေတာင္ပံကစားသမား ထရာအိုေရးဟာ ဆြစ္ဇာလန္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဒုတိယပိုင္းအေရာက္ လူစားဝင္လာတာျဖစ္ၿပီး စပိန္က ဆိုစီဒက္ေတာင္ပံကစားသမား အိုယာဇာဘယ္ရဲ႕ဂိုးေၾကာင့္ အႏိုင္ရခဲ့တာပါ။

ထရာအိုေရးဟာ ပြဲခ်ိန္ ၅၇ မိနစ္အေရာက္ ဘာစီလိုနာလူငယ္ကစားသမား အန္ဆူဖာတီရဲ႕ေနရာမွာ လူစားဝင္လာတာျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ သူ႔ရဲ႕အစြမ္းကို ျပသသြားပါတယ္။ ထရာအိုေရးဟာ လူစားဝင္လာၿပီးေနာက္ စကၠန႔္ပိုင္းအၾကာမွာပဲ သူ႔ရဲ႕စေကးကို ျပသခဲ့တာျဖစ္ၿပီး ဆြစ္ဇာလန္ကစားသမား ၄ဦးကို ေက်ာ္ျဖတ္ကာ ဘယ္ေတာင္ပံကေန တက္လာတဲ့ ဘယ္ေနာက္ခံလူ ဟိုေဆးဂါယာထံ အသာေလးထိုးေပးလိုက္တာပါ။

အဲဒီအကြက္ေတြကို ဗီဒီယိုကေန slow motion နဲ႔ ျပန္ၾကည့္ရင္ သူ႔ရဲ႕အစြမ္းကို ပိုသိႏိုင္ၿပီး ထရာအိုေရးရဲ႕ ျမန္ႏႈန္း၊ ပါဝါ၊ ေပါ့ပါးဖ်တ္လတ္မႈနဲ႔ စေကးေတြကို ေတြ႕ႏိုင္ပါတယ္။ သူဟာ အဲဒီပြဲမွာ နာရီဝက္ေက်ာ္ေက်ာ္ပဲ ကစားခဲ့ရေပမယ့္ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈ ၄ႀကိမ္အထိရွိခဲ့ရာ အျခားကစားသမားေတြထက္ ပိုမ်ားခဲ့ပါတယ္။

ထရာအိုေရးဟာ ေမြးရပ္ေျမကို ကိုယ္စားျပဳကစားခြင့္ရတာ အခုမွ ဒုတိယေျမာက္ပြဲျဖစ္ပါတယ္။ ဘာစီလိုနာလူငယ္ကစားသမားေဟာင္းဟာ မိဘေတြရဲ႕ဇာတိျဖစ္တဲ့ မာလီအသင္းမွာပါ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမယ့္ သူကေတာ့ စပိန္အသင္းကိုပဲ ေ႐ြးခ်ယ္ခဲ့ၿပီး ဗုဒၶဟူးညက ေပၚတူဂီနဲ႔ေျခစမ္းပြဲမွာ ပထမဆုံးပြဲထြက္အျဖစ္ ပါဝင္ကစားခဲ့ပါတယ္။

စပိန္အသင္းနည္းျပ အင္းနရစ္ကလည္း ပြဲအၿပီးမွာ ထရာအိုေရးကို ခ်ီးက်ဴးသြားခဲ့ၿပီး ၿပိဳင္ဘက္အသင္းအေနနဲ႔ သူ႔ကို တားဆီးႏိုင္ဖို႔ ကစားသမား ၂ေယာက္ေတာင္ သုံးရလိမ့္မယ္လို႔ ေျပာပါတယ္။ ”သူ႔ရဲ႕အရည္အေသြးက ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ႏိုင္တာျဖစ္ၿပီး ဒါနီအိုလ္မိုကို ေပးပို႔တာကလည္း တကယ့္အပ်ံစားပဲ။ တစ္ေယာက္တည္းနဲ႔ေတာ့ သူ႔ကို တားဆီးႏိုင္မွာမဟုတ္ပါဘူး။ ႏွစ္ေယာက္ေလာက္မွ သူ႔ကို တားႏိုင္မွာပါ”လို႔ အင္းနရစ္က ေျပာပါတယ္။