မျှော်လင့်ထားသလို ဂိုးပြတ်မနိုင်ခဲ့ကြပေမယ့် လူငယ်တွေကို နေရာပေးရကြိုးနပ်တဲ့ စပိန်နဲ့ နေရာမှန်ပြန်ရောက်လာတဲ့ ဂျာမနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူအီးအက်ဖ်အေ နေရှင်းလိဂ်ရဲ့ ပထမတန်းစားအသင်းတွေရှိနေတဲ့ League A မှာ အုပ်စု (A4) ပွဲစဉ်တွေထဲက အသင်းကြီး နှစ်သင်းဖြစ်တဲ့ ဂျာမနီနဲ့စပိန်တို့ဟာ သူတို့ထက်အားနည်းတဲ့ ပြိုင်ဘက်တွေကို တစ်ဂိုးစီနဲ့သာ ကပ်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ နိုင်ပွဲမရသေးတဲ့ ဂျာမနီကတော့ ဒီအုပ်စုမှာ သူတို့ထက် (၁)မှတ်များနေတဲ့ ယူကရိန်းက အဝေးကွင်းမှာ အနိုင်ယူပြီး ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သလို (၂) မှတ်အသာစီးပြန်ယူနိုင်ခဲ့ပါတယ်။

ဂျာမနီဟာ ဒီပွဲမှာ မနှစ်က ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဘိုင်ယန်က ဂနာဘရီကို ဒရက်စ်လာ၊ ဂိုရက်စ်ကာတို့နဲ့ တွဲဖက်ပြီး ရှေ့တန်းအထောင်နေရာမှာ ထားကစားခဲ့ပါတယ်။

နည်းပြ ဂျိအာချင်လိုဟာ ချဲလ်ဆီးအတွဲဖြစ်တဲ့ တီမိုဝါနာနဲ့ ဟာဗက်ဇ်တို့ကို ပွဲထွက်စာရင်းမှာ မသုံးခဲ့ဘဲ ဝါနာကို မိနစ် (၈၀) ကျော်မှ ထည့်ခဲ့သလို ဟာဗက်ဇ်ကိုလည်း ပွဲပြီးခါနီးမှ ထည့်ခဲ့တာ ထူးခြားပါတယ်။ ဘိုင်ယန်မှာ နောက်တန်းအစွန်ကစားတဲ့ ကင်မစ်ချ်ကိုလည်း အလယ်တန်းအတွင်းလူနေရာမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပြသနာတွေရှိနေတဲ့ ယူကရိန်းအသင်းဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ပြင်သစ်ကို (၇-၁) နဲ့ ရှုံးတဲ့ပွဲတုန်းကလို မဖြစ်အောင် နည်းပြ ရှက်ဗ်ချန်ကိုက သေချာပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂျာမနီကပဲ ခြေအသာစီးနဲ့ ကစားခဲ့ပြီး (၉) ကြိမ် ဂိုးပေါက်တည့်တဲ့အချိန်မှာ ယူကရိန်းက တစ်ကြိမ်တောင် ဂိုးပေါက်မတည့်ခဲ့ပါဘူး။

ပထမပိုင်းမှာ တစ်ဂိုးပဲရတယ်ဆိုပေမယ့် ပွဲက ဂျာမနီပွဲဆိုတာ လုံးဝပေါ်လွင်ပါတယ်။ ဒုတိယပိုင်းပြန်စပြီး အစောပိုင်းမှာလည်း ဂျာမနီကပဲ နောက်တစ်ဂိုးရသွားပြီး လူငယ်ကစားသမား ဂိုရက်စ်ကာ က သွင်းယူခဲ့တာပါ။

၂ဂိုး ရပြီးနောက်ပိုင်း ဂျာမနီက ထိန်းကစားပေမယ့် ယူကရိန်းကတော့ အိမ်ရှင်လည်းဖြစ် အမှတ်အရ နောက်ကောက်မကျန်ခဲ့ရအောင်  ပြန်ပြီးတိုက်စစ်ကစားခဲ့ပေမယ့် ပင်နယ်တီတစ်လုံးနဲ့ တစ်ဂိုးပြန်ရခဲ့တာကလွဲပြီး ဂျာမနီကို ဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူး။

စပိန်-ဆွစ်ဇာလန်ပွဲမှာတော့ ဂိုးသမားနေရာမှာ ဒီဂီယာပြန်ဖမ်းပြီး ရှေ့တန်းမှာ ဘာစီလိုနာက ဖာတီ၊ ဆိုစီဒက်က အိုရာဇာဘယ်၊ လိုက်ဇစ်က ဒယ်နီရယ်အိုလန်မိုနဲ့ ဗလင်စီယာကနေ မန်စီးတီးကို ပြောင်းသွားတဲ့ ဖာရန်တောရက်စ်တို့ ပွဲထွက်လာခဲ့ပါတယ်။ စပိန်အသင်းရဲ့ ပွဲထွက်တိုက်စစ် အခင်းအကျင်းမှာ အသင် ၂၃ နှစ်ကျော်တဲ့ ကစားသမားမပါပါဘူး။ နည်းပြ အင်းနရစ်ဟာ လက်ရွေးစင်အသင်းတိုက်စစ်ကို လူငယ်တွေနဲ့ သွေးသစ်လောင်းပြီး ရဲရဲဝင့်ဝင့် ပွဲထုတ်ခဲ့တာပါ။

အသင်းမှာ စီနီယာတွေအဖြစ် ရာမို့စ်၊ ဘက်စကွက်စ်၊ နာဗက်စ်၊ ဒီဂီယာတို့လောက်သာ ထိန်းဖို့ ထည့်ထားတဲ့ သဘောဖြစ်နေတယ်။ လူငယ်တွေကလည်း အင်းနရစ် နေရာပေး ယုံကြည်ရကျိုးနပ်အောင် ကစားပြခဲ့ကြပြီး ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို အိုရာဇာဘယ်က ပထမပိုင်းမှာ ကတည်းက သွင်းယူပေးသွားခဲ့တာပါ။ အုပ်စု (A4) ပွဲစဉ်တွေက (၃)ပွဲစီ ကစားလို့ပြီးသွားပြီး ထိပ်ဆုံးက စပိန်ရဲ့အနောက်ကို ဂျာမနီလည်း ယူကရိန်းကို ကျော်ဖြတ်ပြီး နေရာမှန် ပြန်ရောက်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမွ်ာ္လင့္ထားသလို ဂိုးျပတ္မႏိုင္ခဲ့ၾကေပမယ့္ လူငယ္ေတြကို ေနရာေပးရႀကိဳးနပ္တဲ့ စပိန္နဲ႔ ေနရာမွန္ျပန္ေရာက္လာတဲ့ ဂ်ာမနီ

ယူအီးအက္ဖ္ေအ ေနရွင္းလိဂ္ရဲ႕ ပထမတန္းစားအသင္းေတြရွိေနတဲ့ League A မွာ အုပ္စု (A4) ပြဲစဥ္ေတြထဲက အသင္းႀကီး ႏွစ္သင္းျဖစ္တဲ့ ဂ်ာမနီနဲ႔စပိန္တို႔ဟာ သူတို႔ထက္အားနည္းတဲ့ ၿပိဳင္ဘက္ေတြကို တစ္ဂိုးစီနဲ႔သာ ကပ္ၿပီး အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ႏိုင္ပြဲမရေသးတဲ့ ဂ်ာမနီကေတာ့ ဒီအုပ္စုမွာ သူတို႔ထက္ (၁)မွတ္မ်ားေနတဲ့ ယူကရိန္းက အေဝးကြင္းမွာ အႏိုင္ယူၿပီး ပထမဆုံးႏိုင္ပြဲ ရယူႏိုင္ခဲ့သလို (၂) မွတ္အသာစီးျပန္ယူႏိုင္ခဲ့ပါတယ္။

ဂ်ာမနီဟာ ဒီပြဲမွာ မႏွစ္က ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပခဲ့တဲ့ ဘိုင္ယန္က ဂနာဘရီကို ဒရက္စ္လာ၊ ဂိုရက္စ္ကာတို႔နဲ႔ တြဲဖက္ၿပီး ေရွ႕တန္းအေထာင္ေနရာမွာ ထားကစားခဲ့ပါတယ္။

နည္းျပ ဂ်ိအာခ်င္လိုဟာ ခ်ဲလ္ဆီးအတြဲျဖစ္တဲ့ တီမိုဝါနာနဲ႔ ဟာဗက္ဇ္တို႔ကို ပြဲထြက္စာရင္းမွာ မသုံးခဲ့ဘဲ ဝါနာကို မိနစ္ (၈၀) ေက်ာ္မွ ထည့္ခဲ့သလို ဟာဗက္ဇ္ကိုလည္း ပြဲၿပီးခါနီးမွ ထည့္ခဲ့တာ ထူးျခားပါတယ္။ ဘိုင္ယန္မွာ ေနာက္တန္းအစြန္ကစားတဲ့ ကင္မစ္ခ်္ကိုလည္း အလယ္တန္းအတြင္းလူေနရာမွာ အသုံးျပဳခဲ့တာေတြ႕ရပါတယ္။

ကိုဗစ္ဗိုင္းရပ္စ္ျပသနာေတြရွိေနတဲ့ ယူကရိန္းအသင္းဟာ အိမ္ကြင္းမွာ ရလဒ္ေကာင္းဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆင္မေျပခဲ့ပါဘူး။ ျပင္သစ္ကို (၇-၁) နဲ႔ ရႈံးတဲ့ပြဲတုန္းကလို မျဖစ္ေအာင္ နည္းျပ ရွက္ဗ္ခ်န္ကိုက ေသခ်ာျပင္ဆင္ခဲ့တာပါ။ ဒါေပမယ့္ ပထမပိုင္းတစ္ပိုင္းလုံးမွာ ဂ်ာမနီကပဲ ေျခအသာစီးနဲ႔ ကစားခဲ့ၿပီး (၉) ႀကိမ္ ဂိုးေပါက္တည့္တဲ့အခ်ိန္မွာ ယူကရိန္းက တစ္ႀကိမ္ေတာင္ ဂိုးေပါက္မတည့္ခဲ့ပါဘူး။ ပထမပိုင္းမွာ တစ္ဂိုးပဲရတယ္ဆိုေပမယ့္ ပြဲက ဂ်ာမနီပြဲဆိုတာ လုံးဝေပၚလြင္ပါတယ္။ ဒုတိယပိုင္းျပန္စၿပီး အေစာပိုင္းမွာလည္း ဂ်ာမနီကပဲ ေနာက္တစ္ဂိုးရသြားၿပီး လူငယ္ကစားသမား ဂိုရက္စ္ကာ က သြင္းယူခဲ့တာပါ။ ၂ဂိုး ရၿပီးေနာက္ပိုင္း ဂ်ာမနီက ထိန္းကစားေပမယ့္ ယူကရိန္းကေတာ့ အိမ္ရွင္လည္းျဖစ္ အမွတ္အရ ေနာက္ေကာက္မက်န္ခဲ့ရေအာင္  ျပန္ၿပီးတိုက္စစ္ကစားခဲ့ေပမယ့္ ပင္နယ္တီတစ္လုံးနဲ႔ တစ္ဂိုးျပန္ရခဲ့တာကလြဲၿပီး ဂ်ာမနီကို ဘာမွျပန္မလုပ္ႏိုင္ခဲ့ပါဘူး။

စပိန္-ဆြစ္ဇာလန္ပြဲမွာေတာ့ ဂိုးသမားေနရာမွာ ဒီဂီယာျပန္ဖမ္းၿပီး ေရွ႕တန္းမွာ ဘာစီလိုနာက ဖာတီ၊ ဆိုစီဒက္က အိုရာဇာဘယ္၊ လိုက္ဇစ္က ဒယ္နီရယ္အိုလန္မိုနဲ႔ ဗလင္စီယာကေန မန္စီးတီးကို ေျပာင္းသြားတဲ့ ဖာရန္ေတာရက္စ္တို႔ ပြဲထြက္လာခဲ့ပါတယ္။ စပိန္အသင္းရဲ႕ ပြဲထြက္တိုက္စစ္ အခင္းအက်င္းမွာ အသင္ ၂၃ ႏွစ္ေက်ာ္တဲ့ ကစားသမားမပါပါဘူး။ နည္းျပ အင္းနရစ္ဟာ လက္ေ႐ြးစင္အသင္းတိုက္စစ္ကို လူငယ္ေတြနဲ႔ ေသြးသစ္ေလာင္းၿပီး ရဲရဲဝင့္ဝင့္ ပြဲထုတ္ခဲ့တာပါ။

အသင္းမွာ စီနီယာေတြအျဖစ္ ရာမို႔စ္၊ ဘက္စကြက္စ္၊ နာဗက္စ္၊ ဒီဂီယာတို႔ေလာက္သာ ထိန္းဖို႔ ထည့္ထားတဲ့ သေဘာျဖစ္ေနတယ္။ လူငယ္ေတြကလည္း အင္းနရစ္ ေနရာေပး ယုံၾကည္ရက်ိဳးနပ္ေအာင္ ကစားျပခဲ့ၾကၿပီး ဒီပြဲရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို အိုရာဇာဘယ္က ပထမပိုင္းမွာ ကတည္းက သြင္းယူေပးသြားခဲ့တာပါ။ အုပ္စု (A4) ပြဲစဥ္ေတြက (၃)ပြဲစီ ကစားလို႔ၿပီးသြားၿပီး ထိပ္ဆုံးက စပိန္ရဲ႕အေနာက္ကို ဂ်ာမနီလည္း ယူကရိန္းကို ေက်ာ္ျဖတ္ၿပီး ေနရာမွန္ ျပန္ေရာက္လာပါတယ္။