အဘက်ဘက်က နိမ့်ကျမှုတွေရှိနေတဲ့ မန်ယူဟာ နောက်တန်းအတွက် ပေါင်သန်း ၂၀၀ ကျော်သုံးထားပြီး အလုပ်မဖြစ်ခဲ့ပါဘူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ နှစ်ပေါင်း ၉၀ အတွင်း အဆိုးရွားဆုံးခံစစ်အနေအထားနဲ့ ရင်ဆိုင်နေရ ပါတယ်။ နောက်တန်းအတွက် စုစုပေါင်း ပေါင် သန်း ၂၀၀ ကျော် အသုံးပြုထားပေမယ့် မန်ယူအသင်းရဲ့အနေအထားက ပေးဂိုးတွေဆက်တိုက်ပေးနေရပြီး အရှက်ရစရာပုံစံဖြစ် နေတယ်။ အထူးသဖြင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာသာ မန်ယူရဲ့အနေအထားက အ ဆိုးဆုံးပုံစံဖြစ်နေတာပါ။

ရာသီအစ ဖြစ်နိုင်ခြေရှိတဲ့ ၉ မှတ်နေရာမှာ ၃ မှတ်သာရယူ ထားနိုင်ပြီး စပါးနဲ့ရှုံးပွဲအပြီးမှာ အသင်းကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေဘက်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။ ပဲလေ့စ်နဲ့ စပါးတို့ကို အိမ်ကွင်းမှာ ဆက်တိုက်ရှုံး သွားခဲ့ပြီး ဘရိုက်တန်ကိုလည်း နောက်ဆုံးမိနစ်ကျမှ ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့သမိုင်းတစ်လျှောက် ၃ ပွဲကစားပြီးချိန်မှာ ၁၁ ဂိုးပေးထားခဲ့ရ ပြီး အများဆုံးပေးဂိုးစံချိန်လည်းဖြစ်နေခဲ့ပါတယ်။ ဒါဟာ တစ်ပွဲပျမ်းမျှ ၄ ဂိုးနှုန်းနီးပါးရှိ ပါတယ်။ မန်ယူအသင်းရဲ့ပေးဂိုးအနေအထားက တန်းတက်ဖူလ်ဟမ်အသင်းရဲ့ပုံစံဖြစ် နေပြီး ဖူလ်ဟမ်ထက် အသုံးစရိတ်အများကြီးပိုသုံးထားတဲ့ မန်ယူအတွက် လက်မခံနိုင် စရာဖြစ်နေပါတယ်။

လက်ရှိချန်ပီယံ လီဗာပူးကလည်း မန်ယူနဲ့အတူ ပေးဂိုး ၁၁ ဂိုးပဲဆို ပေမယ့် သူတို့ရဲ့တိုက်စစ်က ၁၁ ဂိုးပြန်ရထားပြီး အဝေးကွင်းမှာ ချဲလ်ဆီးကို ခြေစွမ်းအသာနဲ့ ၂ ဂိုးပြတ်အနိုင်ရထားတာမျိုးလည်း ရှိခဲ့ပါတယ်။

၁၉၃၀-၃၁ ဘောလုံးရာသီမှာ အဖွင့် ၃ ပွဲအပြီး ၁၃ ဂိုးပေးခဲ့ရတဲ့မှတ်တမ်းရှိပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ သမိုင်း ကြောင်းတစ်လျှောက် ၂ ပွဲဆက်တိုက်ရှုံးပြီး အဆိုးရွားဆုံးရာသီသစ်စတင်မှုဖြစ်နေတာ ကတော့ လက်မခံနိုင်စရာပါပဲ။ ယူနိုက်တက်ရဲ့သမိုင်းတစ်လျှောက် လိဂ်ပြိုင်ပွဲ အိမ်ကွင်း ၂ ပွဲဆက်တိုက်ရှုံးတာ ၅ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့အနေအထား က အဘက်ဘက်ကဆိုးရွားနေတယ်လို့ပြောနိုင်ပြီး ၃ ပွဲကစားအပြီးမှာ ဂိုးပေါက်ကို ၉ ကြိမ်ပဲ ကန်သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါဟာ တစ်ပွဲပျမ်းမျှ ဂိုးပေါက်တည့်တဲ့အကြိမ် အရေအတွက် ၃ ကြိမ်သာရှိခဲ့တာပါ။ မန်ယူထက် ပိုနည်းတဲ့အသင်းတွေအနေနဲ့ ဝက်စ် ဘရွန်း၊ ရှက်ဖီး၊ ပဲလေ့စ်နဲ့ နယူးကာဆယ်အသင်းတို့ပဲ ရှိပါတယ်။ လီဗာပူးအသင်းက ဂိုး ပေါက်ကို ၂၈ ကြိမ်အထိတည့်အောင် ကန်သွင်းထားနိုင်ခဲ့ပြီး မန်စီးတီးအသင်းက ၁၆ ကြိမ်ရှိပါတယ်။

ဘောလုံးပေးပို့မှုအပိုင်းမှာလည်း မန်ယူက တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့ နိုင်မှု ၅၀.၇ ရာခိုင်နှုန်းပဲရှိပြီး လီဗာပူး(၆၇.၃%)၊ မန်စီးတီး(၆၃.၃%)တို့နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ မန်ယူဟာ အိမ်ကွင်းမှာ ပင်နယ်တီဆက်တိုက်ပေးခဲ့ရတာကလည်း နောက်တန်းရဲ့ မ တည်ငြိမ်မှုကို ပြသနေတာပါပဲ။

တစ်ချိန်က အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒီဂီယာဟာ နောက်ဆုံးပင်နယ်တီ ၁၈ ကြိမ်စလုံးမှာ တစ်ကြိမ်မှ မကာကွယ်နိုင်ခဲ့ပါဘူး။ မက်ဂွီရီ(ပေါင်သန်း ၈၀)၊ လင်ဒီလော့ဖ်(ပေါင်သန်း ၃၀)၊ ဘစ်ဆာကာ(ပေါင်သန်း ၅၀)၊ လုခ်ရှော(ပေါင် ၃၁.၅သန်း)၊ ဒီဂီယာ(ပေါင် ၁၈ သန်း) အားလုံးပေါင်းလိုက်ရင် နောက် တန်းအတွက် ပေါင်သန်း ၂၀၀ကျော် သုံးစွဲခဲ့ပြီး အဆင်မပြေခဲ့တာကို တွေ့ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဘက္ဘက္က နိမ့္က်မႈေတြရွိေနတဲ့ မန္ယူဟာ ေနာက္တန္းအတြက္ ေပါင္သန္း ၂၀၀ ေက်ာ္သုံးထားၿပီး အလုပ္မျဖစ္ခဲ့ပါဘူး

မန္ယူအသင္းဟာ ႏွစ္ေပါင္း ၉၀ အတြင္း အဆိုး႐ြားဆုံးခံစစ္အေနအထားနဲ႔ ရင္ဆိုင္ေနရ ပါတယ္။ ေနာက္တန္းအတြက္ စုစုေပါင္း ေပါင္ သန္း ၂၀၀ ေက်ာ္ အသုံးျပဳထားေပမယ့္ မန္ယူအသင္းရဲ႕အေနအထားက ေပးဂိုးေတြဆက္တိုက္ေပးေနရၿပီး အရွက္ရစရာပုံစံျဖစ္ ေနတယ္။ အထူးသျဖင့္ အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာသာ မန္ယူရဲ႕အေနအထားက အ ဆိုးဆုံးပုံစံျဖစ္ေနတာပါ။

ရာသီအစ ျဖစ္ႏိုင္ေျခရွိတဲ့ ၉ မွတ္ေနရာမွာ ၃ မွတ္သာရယူ ထားႏိုင္ၿပီး စပါးနဲ႔ရႈံးပြဲအၿပီးမွာ အသင္းကစားသမားေဟာင္းေတြနဲ႔ ပရိသတ္ေတြဘက္က ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၾကတာပါ။ ပဲေလ့စ္နဲ႔ စပါးတို႔ကို အိမ္ကြင္းမွာ ဆက္တိုက္ရႈံး သြားခဲ့ၿပီး ဘ႐ိုက္တန္ကိုလည္း ေနာက္ဆုံးမိနစ္က်မွ ပင္နယ္တီဂိုးနဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။

မန္ယူအသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ၃ ပြဲကစားၿပီးခ်ိန္မွာ ၁၁ ဂိုးေပးထားခဲ့ရ ၿပီး အမ်ားဆုံးေပးဂိုးစံခ်ိန္လည္းျဖစ္ေနခဲ့ပါတယ္။ ဒါဟာ တစ္ပြဲပ်မ္းမွ် ၄ ဂိုးႏႈန္းနီးပါးရွိ ပါတယ္။ မန္ယူအသင္းရဲ႕ေပးဂိုးအေနအထားက တန္းတက္ဖူလ္ဟမ္အသင္းရဲ႕ပုံစံျဖစ္ ေနၿပီး ဖူလ္ဟမ္ထက္ အသုံးစရိတ္အမ်ားႀကီးပိုသုံးထားတဲ့ မန္ယူအတြက္ လက္မခံႏိုင္ စရာျဖစ္ေနပါတယ္။

လက္ရွိခ်န္ပီယံ လီဗာပူးကလည္း မန္ယူနဲ႔အတူ ေပးဂိုး ၁၁ ဂိုးပဲဆို ေပမယ့္ သူတို႔ရဲ႕တိုက္စစ္က ၁၁ ဂိုးျပန္ရထားၿပီး အေဝးကြင္းမွာ ခ်ဲလ္ဆီးကို ေျခစြမ္းအသာနဲ႔ ၂ ဂိုးျပတ္အႏိုင္ရထားတာမ်ိဳးလည္း ရွိခဲ့ပါတယ္။

၁၉၃၀-၃၁ ေဘာလုံးရာသီမွာ အဖြင့္ ၃ ပြဲအၿပီး ၁၃ ဂိုးေပးခဲ့ရတဲ့မွတ္တမ္းရွိေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ သမိုင္း ေၾကာင္းတစ္ေလွ်ာက္ ၂ ပြဲဆက္တိုက္ရႈံးၿပီး အဆိုး႐ြားဆုံးရာသီသစ္စတင္မႈျဖစ္ေနတာ ကေတာ့ လက္မခံႏိုင္စရာပါပဲ။ ယူႏိုက္တက္ရဲ႕သမိုင္းတစ္ေလွ်ာက္ လိဂ္ၿပိဳင္ပြဲ အိမ္ကြင္း ၂ ပြဲဆက္တိုက္ရႈံးတာ ၅ ႀကိမ္ေျမာက္လည္း ျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕အေနအထား က အဘက္ဘက္ကဆိုး႐ြားေနတယ္လို႔ေျပာႏိုင္ၿပီး ၃ ပြဲကစားအၿပီးမွာ ဂိုးေပါက္ကို ၉ ႀကိမ္ပဲ ကန္သြင္းႏိုင္ခဲ့ပါေသးတယ္။ ဒါဟာ တစ္ပြဲပ်မ္းမွ် ဂိုးေပါက္တည့္တဲ့အႀကိမ္ အေရအတြက္ ၃ ႀကိမ္သာရွိခဲ့တာပါ။ မန္ယူထက္ ပိုနည္းတဲ့အသင္းေတြအေနနဲ႔ ဝက္စ္ ဘ႐ြန္း၊ ရွက္ဖီး၊ ပဲေလ့စ္နဲ႔ နယူးကာဆယ္အသင္းတို႔ပဲ ရွိပါတယ္။ လီဗာပူးအသင္းက ဂိုး ေပါက္ကို ၂၈ ႀကိမ္အထိတည့္ေအာင္ ကန္သြင္းထားႏိုင္ခဲ့ၿပီး မန္စီးတီးအသင္းက ၁၆ ႀကိမ္ရွိပါတယ္။

ေဘာလုံးေပးပို႔မႈအပိုင္းမွာလည္း မန္ယူက တစ္ပြဲပ်မ္းမွ် ေဘာလုံးေပးပို႔ ႏိုင္မႈ ၅၀.၇ ရာခိုင္ႏႈန္းပဲရွိၿပီး လီဗာပူး(၆၇.၃%)၊ မန္စီးတီး(၆၃.၃%)တို႔နဲ႔ယွဥ္လိုက္ရင္ သိသာပါတယ္။ မန္ယူဟာ အိမ္ကြင္းမွာ ပင္နယ္တီဆက္တိုက္ေပးခဲ့ရတာကလည္း ေနာက္တန္းရဲ႕ မ တည္ၿငိမ္မႈကို ျပသေနတာပါပဲ။

တစ္ခ်ိန္က အေကာင္းဆုံးဂိုးသမားတစ္ဦးျဖစ္ခဲ့တဲ့ ဒီဂီယာဟာ ေနာက္ဆုံးပင္နယ္တီ ၁၈ ႀကိမ္စလုံးမွာ တစ္ႀကိမ္မွ မကာကြယ္ႏိုင္ခဲ့ပါဘူး။ မက္ဂြီရီ(ေပါင္သန္း ၈၀)၊ လင္ဒီေလာ့ဖ္(ေပါင္သန္း ၃၀)၊ ဘစ္ဆာကာ(ေပါင္သန္း ၅၀)၊ လုခ္ေရွာ(ေပါင္ ၃၁.၅သန္း)၊ ဒီဂီယာ(ေပါင္ ၁၈ သန္း) အားလုံးေပါင္းလိုက္ရင္ ေနာက္ တန္းအတြက္ ေပါင္သန္း ၂၀၀ေက်ာ္ သုံးစြဲခဲ့ၿပီး အဆင္မေျပခဲ့တာကို ေတြ႕ရမွာပါ။