ဘိုလီးဗီးယားနဲ့ပွဲမှာ အံ့အားသင့်ရလောက်အောင် ဂိုးပေါက်လွှဲချော်ခဲ့တဲ့ အဲဗာတန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့ နံနက်က ဘရာဇီးနဲ့ဘိုလီးဗီးယားတိ့ုရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကမ္ဘာ့ချန်ပီယံဟောင်းရဲ့အကောင်းဆုံးဂိုးသွင်း အားတစ်ရပ်ကို ပြသနိုင်ခဲ့ပေမယ့် အဆိုးရွားဆုံး လွှဲချော်မှုတစ်ရပ်ကိုလည်း အံ့အားသင့်ရလောက်အောင် မြင်ခဲ့ရပါတယ်။

ဆော်ပေါ်လိုမြို့မှာ ဘိုလီးဗီးယားကို ၅ဂိုးပြတ်နဲ့ ဘရာဇီးအနိုင်ရခဲ့တဲ့ဒီပွဲမှာ လီဗာပူးတိုက်စစ်မှူး ဖာမီနိုနဲ့အတူ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာနဲ့ ဘာစီလိုနာတစ်ကျော့ပြန် ကော်တင်ဟို တို့ ခြေစွမ်းပြခဲ့ကြပါတယ်။ နေမာရဲ့သွင်းဂိုးမပါပေမယ့် ကော်တင်ဟိုနဲ့ ဖာမီနိုတို့ရဲ့သွင်းဂိုးကို သူကပဲ ဖန်တီးပေးခဲ့တာပါ။

ဒီပွဲမှာ ခြေစွမ်းပြပြီး ဖန်တီးမှုတွေကောင်းနေတဲ့ နေမာက ပွဲချိန် (၇၃)မိနစ်မှာဘရာဇီးအသင်းရဲ့ ၅ဂိုးမြောက် နောက်ဆုံးသွင်းဂိုးကို ဘယ်တောင်ပံကနေ ခုပ်တင်ပေးလိုက်ပြီး ကော်တင်ဟိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဓီဂိုးဟာလည်း ချိန်သားကိုက် လှုပ်ရှားမှုဖြစ်ပြီး ပရီသတ်တွေသဘောကြခဲ့ပါတယ်။

စိတ်လှုပ်ရှားဖွယ်တိုက်စစ်အင်အားစုတစ်ရပ်နဲ့ အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ပေမယ့် မနှစ်က အာဆင်နယ်ကို ရောက်မယ်လို့ တော်တော်လေး သတင်းထွက်ခဲ့တဲ့ တောင်ပံကစားသမား အဲဗာတန်ကတော့ အံ့အားသင့်ရလောက်တဲ့ ဂိုးပေါက်လွှဲချော်မှုနဲ့ ကြုံခဲ့ရပါတယ်။

လက်ရှိ ဘင်ဖီကာအသင်းမှာ ကစားနေတဲ့ ဘရာဇီးတောင်ပံကစားသမား အဲဗာတန်ဟာ ပွဲစလို့ ၄၂စက္ကန့်အကြာမှာတင်ရတဲ့ အခွင့်အရေးကို ဂိုးနဲ့ ၅ကိုက်အကွာကနေ လွှတ်လွှတ်ကျွတ်ကျွတ် ပိတ်သွင်းရာမှာ ဂိုးပေါက်လွှဲချော်သွားခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ရီနန်လိုဒီ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အဲဗာတန် ပိတ်သွင်းချိန်မှာ သူ့ကို ဘယ်သူကမှ လူကပ်ထားခြင်းမရှိတဲ့အခွင့်အရေးကိုရခဲ့တာပါ။

ပွဲစစချင်း အံ့အားသင့်ရလောက်တဲ့ လွှဲချော်မှုနဲ့ ဘရာဇီးစခဲ့ရပေမယ့် ပွဲချိန် ၁၆မိနစ်မှာ နောက်ခံလူ မာကွင်ဟို့စ်က အဖွင့်ဂိုးစသွင်းနိုင်ခဲ့ပြီးနောက်ပိုင်းမှာ ဖေမီနိုက ၂ဂိုး၊ ကော်တင်ဟိုက ၁ဂိုးဆက်သွင်းနိုင်ခဲ့သလို ဘိုလီဗီးယား နောက်ခံလူ ကာရက်စ်ကိုရဲ့ OGကြောင့် တစ်ဂိုးရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘိုလီးဗီးယားနဲ႔ပြဲမွာ အံ့အားသင့္ရေလာက္ေအာင္ ဂိုးေပါက္လႊဲေခ်ာ္ခဲ့တဲ့ အဲဗာတန္

စေနေန႔ နံနက္က ဘရာဇီးနဲ႔ဘိုလီးဗီးယားတိ႔ုရဲ႕ ကမၻာ႔ဖလားေျခစစ္ပြဲမွာ ကမၻာ႔ခ်န္ပီယံေဟာင္းရဲ႕အေကာင္းဆံုးဂိုးသြင္း အားတစ္ရပ္ကို ျပသႏိုင္ခဲ့ေပမယ့္ အဆိုးရြားဆံုး လႊဲေခ်ာ္မႈတစ္ရပ္ကိုလည္း အံ့အားသင့္ရေလာက္ေအာင္ ျမင္ခဲ့ရပါတယ္။

ေဆာ္ေပၚလိုၿမိဳ႕မွာ ဘိုလီးဗီးယားကို ၅ဂိုးျပတ္နဲ႔ ဘရာဇီးအႏိုင္ရခဲ့တဲ့ဒီပြဲမွာ လီဗာပူးတိုက္စစ္မွဴး ဖာမီႏုိနဲ႔အတူ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ ေနမာနဲ႔ ဘာစီလိုနာတစ္ေက်ာ့ျပန္ ေကာ္တင္ဟို တို႔ ေျခစြမ္းျပခဲ့ၾကပါတယ္။ ေနမာရဲ႕သြင္းဂိုးမပါေပမယ့္ ေကာ္တင္ဟိုနဲ႔ ဖာမီႏိုတို႔ရဲ႕သြင္းဂိုးကို သူကပဲ ဖန္တီးေပးခဲ့တာပါ။

ဒီပြဲမွာ ေျခစြမ္းျပၿပီး ဖန္တီးမႈေတြေကာင္းေနတဲ့ ေနမာက ပြဲခ်ိန္ (၇၃)မိနစ္မွာဘရာဇီးအသင္းရဲ႕ ၅ဂိုးေျမာက္ ေနာက္ဆံုးသြင္းဂိုးကို ဘယ္ေတာင္ပံကေန ခုပ္တင္ေပးလိုက္ၿပီး ေကာ္တင္ဟိုက ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။ ဓီဂိုးဟာလည္း ခ်ိန္သားကိုက္ လႈပ္ရွားမႈျဖစ္ၿပီး ပရီသတ္ေတြသေဘာၾကခဲ့ပါတယ္။

စိတ္လႈပ္ရွားဖြယ္တုိက္စစ္အင္အားစုတစ္ရပ္နဲ႔ အေကာင္း ဆံုးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ မႏွစ္က အာဆင္နယ္ကို ေရာက္မယ္လို႔ ေတာ္ေတာ္ေလး သတင္းထြက္ခဲ့တဲ့ ေတာင္ပံကစားသမား အဲဗာတန္ကေတာ့ အံ့အားသင့္ရေလာက္တဲ့ ဂိုးေပါက္လႊဲေခ်ာ္မႈနဲ႔ ႀကံဳခဲ့ရပါတယ္။

လက္ရွိ ဘင္ဖီကာအသင္းမွာ ကစားေနတဲ့ ဘရာဇီးေတာင္ပံကစားသမား အဲဗာတန္ဟာ ပြဲစလုိ႔ ၄၂စကၠန္႔အၾကာမွာတင္ရတဲ့ အခြင့္အေရးကို ဂိုးနဲ႔ ၅ကိုက္အကြာကေန လႊတ္လႊတ္ကၽြတ္ကၽြတ္ ပိ္တ္သြင္းရာမွာ ဂိုးေပါက္လႊဲေခ်ာ္သြားခဲ့ပါတယ္။ ဘယ္ေတာင္ပံကေန ရီနန္လိုဒီ ကန္တင္ေပးလိုက္တဲ့ ေဘာလံုးကို အဲဗာတန္ ပိတ္သြင္းခ်ိန္မွာ သူ႕ကို ဘယ္သူကမွ လူကပ္ထားျခင္းမရွိတဲ့အခြင့္အေရးကိုရခဲ့တာပါ။

ပြဲစစခ်င္း အံ့အားသင့္ရေလာက္တဲ့ လႊဲေခ်ာ္မႈနဲ႔ ဘရာဇီးစခဲ့ရေပမယ့္ ပြဲခ်ိန္ ၁၆မိနစ္မွာ ေနာက္ခံလူ မာကြင္ဟို႔စ္က အဖြင့္ဂိုးစသြင္းႏိုင္ခဲ့ၿပီးေနာက္ပိုင္းမွာ ေဖမီႏိုက ၂ဂိုး၊ ေကာ္တင္ဟိုက ၁ဂိုးဆက္သြင္းႏုိင္ခဲ့သလို ဘိုလီဗီးယား ေနာက္ခံလူ ကာရက္စ္ကိုရဲ႕ OGေၾကာင့္ တစ္ဂိုးရခဲ့ပါတယ္။