မက်ဆီထက်စာရင် ရော်နယ်ဒိုရဲ့အောင်မြင်မှုက ပိုအထင်ကြီးစရာကောင်းတယ်လို့ ကာဆီးလက်စ် ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အောင်မြင်မှုက ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့အောင်မြင်မှုထက်စာရင် ပိုမိုအထင်ကြီးစရာကောင်းတယ်လို့ ရီးရဲလ်ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်က ပြောပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ စံပြကစားသမားနှစ်ဦးဟာ အသင်းလိုက်အောင်မြင်မှုတွေရော တစ်ဦးချင်းအောင်မြင်မှုတွေပါ အများအပြားရယူထားပါတယ်။

သူတု့ိနှစ်ယောက်ပေါင်း ရွှေဘောလုံးဆု ၁၁ ကြိမ်ရရှိထားသလို အဓိကဆုဖလားတွေလည်း အများအပြားရရှိထားပြီး အမျိုးမျိုးသောစံချိန်တွေ ချိုးဖျက်ရင်း ကမ္ဘာ့ဘောလုံးသမိုင်းမှာ မှတ်တိုင်အမျိုးမျိုးစိုက်ထူနေကြပါတယ်။ နှစ်ဦးစလုံးက ကမ္ဘာ့ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်နေပြီဖြစ်ပေမယ့် ဘယ်သူပိုကောင်းလဲဆိုတဲ့မေးခွန်းကတော့ အခုချိန်အထိ ပြင်းထန်နေဆဲဖြစ်ပါတယ်။

ကာဆီးလက်စ်ကတော့ ဘာစီလိုနာဂန္ထဝင်ရဲ့အထက်မှာ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကို ထားရှိခဲ့ပြီး သူကိုယ်တိုင်ကလည်း ရီးရဲလ်ဂန္ထဝင်တစ်ဦးဖြစ်လို့ ဒီလိုရွေးချယ်တာ အံ့အားသင့်စရာမရှိေပေမယ့် ကာဆီးလက်စ်ကတော့ ရွေးချယ်ရတဲ့အကြောင်းရင်းကို အကျိုးသင့်အကြောင်းသင့် ရှင်းပြသွားပါတယ်။

”ရော်နယ်ဒိုဟာ ကောင်လေးဘဝကတည်းက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ရမယ်ဆိုတဲ့ ကြီးမားတဲ့စိတ်အားထက်သန်မှုရှိခဲ့ပါတယ်။ အဲဒီစိတ်ကြောင့်ပဲ အခုလိုအောင်မြင်မှုရနေတာပါ။ တကယ်လို့ သူနဲ့မက်ဆီကို နှိုင်းယှဉ်ရမယ်ဆိုရင်တော့ ရော်နယ်ဒိုရဲ့အောင်မြင်မှုတွေက မက်ဆီထက်စာရင် ပိုအထင်ကြီးစရာကောင်းပါတယ်”

”ဘာဖြစ်လို့လဲဆိုတော့ မက်ဆီရဲ့ပင်ကိုပါရမီအကြောင်း အားလုံးလည်းသိနေတာပဲ။ ဒါပေမဲ့ ရော်နယ်ဒိုက စိတ်ပိုင်းဖြတ်နိုင်မှုနဲ့ အလျှော့မပေးတတ်မှုတွေမှာ တကယ့်စံထားစရာကောင်းပြီး အကောင်းဆုံးဖြစ်လာဖို့လည်း အလုပ်တွေအပြင်းအထန်ကြိုးစားခဲ့လို့ပါ။ သူတို့လိုမယုံနိုင်စရာကောင်းတဲ့ကစားသမားနှစ်ဦး ထွက်ပေါ်တဲ့ခေတ်မှာ ကျွန်တော်တို့ရှိနေတာက ကံကောင်းပါတယ်”

”သူ့အကြောင်း မသိတဲ့လူတွေကတော့ ရော်နယ်ဒိုဟာ ကြွစောင်းစောင်းနိုင်ပြီး မာနကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ သူ့အကြောင်းသိသွားရင်တော့ အဲဒီအချက်တွေက လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေမှန်း သိသွားပါလိမ့်မယ်”လို့ ကာဆီးလက်စ်က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ စပိန်နဲ့ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း ကာဆီးလက်စ်ဟာ ရီးရဲလ်မှာ ရော်နယ်ဒိုနဲ့အတူ ၆ ရာသီကြာ တွဲကစားခဲ့ပြီး အဲဒီနောက် ၂၀၁၅မှာ ပေါ်တိုအသင်းကို ပြောင်းရွှေ့ကာ အခုဆိုရင် ကစားသမားဘဝကနေ အနားယူထားပြီးဖြစ်ပါတယ်။ ကာဆီးလက်စ်ဟာ ၂၀၁၉ မေလက နှလုံးရောဂါခံစားခဲ့ရပြီးနောက် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီထက္စာရင္ ေရာ္နယ္ဒိုရဲ႕ေအာင္ျမင္မႈက ပိုအထင္ႀကီးစရာေကာင္းတယ္လို႔ ကာဆီးလက္စ္ ေျပာ

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ေအာင္ျမင္မႈက ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ေအာင္ျမင္မႈထက္စာရင္ ပိုမိုအထင္ႀကီးစရာေကာင္းတယ္လို႔ ရီးရဲလ္ဂႏၴဝင္ဂိုးသမား ကာဆီးလက္စ္က ေျပာပါတယ္။ ကမာၻ႔ေဘာလုံးေလာကရဲ႕ စံျပကစားသမားႏွစ္ဦးဟာ အသင္းလိုက္ေအာင္ျမင္မႈေတြေရာ တစ္ဦးခ်င္းေအာင္ျမင္မႈေတြပါ အမ်ားအျပားရယူထားပါတယ္။

သူတု႔ိႏွစ္ေယာက္ေပါင္း ေ႐ႊေဘာလုံးဆု ၁၁ ႀကိမ္ရရွိထားသလို အဓိကဆုဖလားေတြလည္း အမ်ားအျပားရရွိထားၿပီး အမ်ိဳးမ်ိဳးေသာစံခ်ိန္ေတြ ခ်ိဳးဖ်က္ရင္း ကမာၻ႔ေဘာလုံးသမိုင္းမွာ မွတ္တိုင္အမ်ိဳးမ်ိဳးစိုက္ထူေနၾကပါတယ္။ ႏွစ္ဦးစလုံးက ကမာၻ႔ေဘာလုံးေလာကရဲ႕ ထာဝရအေကာင္းဆုံးကစားသမားစာရင္းမွာ ပါဝင္ေနၿပီျဖစ္ေပမယ့္ ဘယ္သူပိုေကာင္းလဲဆိုတဲ့ေမးခြန္းကေတာ့ အခုခ်ိန္အထိ ျပင္းထန္ေနဆဲျဖစ္ပါတယ္။

ကာဆီးလက္စ္ကေတာ့ ဘာစီလိုနာဂႏၴဝင္ရဲ႕အထက္မွာ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကို ထားရွိခဲ့ၿပီး သူကိုယ္တိုင္ကလည္း ရီးရဲလ္ဂႏၴဝင္တစ္ဦးျဖစ္လို႔ ဒီလိုေ႐ြးခ်ယ္တာ အံ့အားသင့္စရာမရွိေေပမယ့္ ကာဆီးလက္စ္ကေတာ့ ေ႐ြးခ်ယ္ရတဲ့အေၾကာင္းရင္းကို အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပသြားပါတယ္။

”ေရာ္နယ္ဒိုဟာ ေကာင္ေလးဘဝကတည္းက ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ရမယ္ဆိုတဲ့ ႀကီးမားတဲ့စိတ္အားထက္သန္မႈရွိခဲ့ပါတယ္။ အဲဒီစိတ္ေၾကာင့္ပဲ အခုလိုေအာင္ျမင္မႈရေနတာပါ။ တကယ္လို႔ သူနဲ႔မက္ဆီကို ႏႈိင္းယွဥ္ရမယ္ဆိုရင္ေတာ့ ေရာ္နယ္ဒိုရဲ႕ေအာင္ျမင္မႈေတြက မက္ဆီထက္စာရင္ ပိုအထင္ႀကီးစရာေကာင္းပါတယ္”

”ဘာျဖစ္လို႔လဲဆိုေတာ့ မက္ဆီရဲ႕ပင္ကိုပါရမီအေၾကာင္း အားလုံးလည္းသိေနတာပဲ။ ဒါေပမဲ့ ေရာ္နယ္ဒိုက စိတ္ပိုင္းျဖတ္ႏိုင္မႈနဲ႔ အေလွ်ာ့မေပးတတ္မႈေတြမွာ တကယ့္စံထားစရာေကာင္းၿပီး အေကာင္းဆုံးျဖစ္လာဖို႔လည္း အလုပ္ေတြအျပင္းအထန္ႀကိဳးစားခဲ့လို႔ပါ။ သူတို႔လိုမယုံႏိုင္စရာေကာင္းတဲ့ကစားသမားႏွစ္ဦး ထြက္ေပၚတဲ့ေခတ္မွာ ကြၽန္ေတာ္တို႔ရွိေနတာက ကံေကာင္းပါတယ္”

”သူ႔အေၾကာင္း မသိတဲ့လူေတြကေတာ့ ေရာ္နယ္ဒိုဟာ ႂကြေစာင္းေစာင္းႏိုင္ၿပီး မာနႀကီးတယ္လို႔ ထင္တတ္ၾကပါတယ္။ ဒါေပမဲ့ သူ႔အေၾကာင္းသိသြားရင္ေတာ့ အဲဒီအခ်က္ေတြက လုံးဝကိုဆန႔္က်င္ဘက္ျဖစ္ေနမွန္း သိသြားပါလိမ့္မယ္”လို႔ ကာဆီးလက္စ္က ေျပာပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ စပိန္နဲ႔ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ေဟာင္း ကာဆီးလက္စ္ဟာ ရီးရဲလ္မွာ ေရာ္နယ္ဒိုနဲ႔အတူ ၆ ရာသီၾကာ တြဲကစားခဲ့ၿပီး အဲဒီေနာက္ ၂၀၁၅မွာ ေပၚတိုအသင္းကို ေျပာင္းေ႐ႊ႕ကာ အခုဆိုရင္ ကစားသမားဘဝကေန အနားယူထားၿပီးျဖစ္ပါတယ္။ ကာဆီးလက္စ္ဟာ ၂၀၁၉ ေမလက ႏွလုံးေရာဂါခံစားခဲ့ရၿပီးေနာက္ ကစားသမားဘဝကေန အနားယူဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။