စီရော်နယ်ဒိုရဲ့အိမ်ထဲကို ဝင်ရောက်ခဲ့တဲ့သူခိုးက သူ့ရဲ့ အမာခံ ပရိသတ်များဖြစ်နေမလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက ပေါ်တူဂီမှာရှိတဲ့ စီရော်နယ်ဒိုရဲ့အိမ် ဖောက်ထွင်းခံရတဲ့ဖြစ်စဉ်မှာ နေအိမ်အတွင်း သူ့ရဲ့အမေနဲ့အစ်ကိုဖြစ်သူတို့ ရှိနေခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ် ဒိုရဲ့အစ်မဖြစ်သူ ပြောပြချက်အရ သူခိုးဟာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ပုံစံရှိနေပြီး သူ့ ကို စီရော်နယ်ဒိုရဲ့မိသားစုဝင်တချို့က သိနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူခိုးဖြစ်သူဟာ ဒီအိမ်ထဲကို နောက်ဘယ်တော့မှ ထပ်ဝင်တော့မှာမဟုတ်ဘဲ တောင်းပန်တဲ့အကြောင်း ပြောသွားခဲ့တယ်လို့ သိရပါတယ်။

မက်ဒီယားရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ဦးကိုမှ အရေးယူဆောင်ရွက်တာမရှိသေးပါဘူး။ CCTV မှတ်တမ်း တွေအရ သူခိုးဟာ တန်ဖိုးကြီးပစ္စည်းတွေကိုယူဆောင်မသွားခဲ့ဘဲ စီရော်နယ်ဒိုရဲ့ ဂျူဗင်တပ်ဂျာစီအင်္ကျီတွေကိုသာ ယူဆောင်သွားတယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုရဲ့အစ်မ အယ်လ်မာအာဗီယိုက “သူက မီးဖိုချောင်ထဲမှာ အစားအသောက်တွေ ဝင်ရှာနေတဲ့ပုံပါ ပဲ။ သူ့ကို ဒီရပ်ကွက်ထဲကလမ်းတွေမှာ မြင်ဖူးသလိုရှိနေတယ်။ ဆေးသုံးထားတဲ့ပုံပေါ် ပြီး ဘယ်သူ့ကိုမှတော့ အန္တရာယ်ပြုမသွားပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့မွေးရပ်မြေ မက်ဒီယားမှာရှိတဲ့ ပေါင် ၇ သန်းတန် နေအိမ်မှာ ပြီးခဲ့တဲ့မတ်လ ကိုဗစ်ကာလမှာ စီရော်နယ်ဒိုတို့မိသားစုဟာ လာရောက်နေထိုင်ခဲ့ကြပါတယ်။ မိသားစုနဲ့ အတူ ဒီအိမ်မှာ ဘောလုံးပွဲတွေပြန်မစခင်အချိန်ထိ တောက်လျှောက်အနားယူနေထိုင်သွားခဲ့ပြီး စီရော်နယ်ဒိုနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဂျော်ဂျီယာတို့ဟာ အီတလီကိုမပြန်ခင် ရက် သတ္တပတ်အနည်းငယ်အလိုက တစ်ပတ်ပေါင် ၃၅၀၀ ပေးရတဲ့ ဗီလာတစ်ခုကို ပြောင်း ရွှေ့နေထိုင်ခဲ့ကြပါသေးတယ်။

စီရော်နယ်ဒိုဟာ အသားတင်ကြွယ်ဝမှု ပေါင် ၇၈၉ သန်း ကြွယ်ဝတဲ့သူတစ်ဦးဖြစ်ပြီး မွေးရပ်မြေ မက်ဒီယားမှာ ငယ်ငယ်တုန်းကနေထိုင်ခဲ့တဲ့ တိုက်ခန်းငယ်အပါအဝင် ဇိမ်ခံအိမ်တစ်လုံးရှိသလို မန်ချက်စတာ၊ မက်ဒရစ်နဲ့ တူရင်တို့ မှာလည်း ဇိမ်ခံအိမ်ကောင်းတွေရှိပါတယ်။ ဒါ့အပြင် စပိန်မှာဆိုရင် မက်ဒရစ်မှာရှိတဲ့ အိမ် အပြင် နွေရာသီအပန်းဖြေစံအိမ်အဖြစ် မာဘယ်လားမှာ အိမ်တစ်လုံးထပ်ဝယ်ယူထားပါ တယ်။

ငယ်စဉ်က ဆင်းရဲခဲ့တဲ့ သူ့ရဲ့ဘဝကို ပြသဖို့အတွက် ၂၀၁၉ ခုနှစ်တုန်းက သူ့ရဲ့သား ဂျူနီယာရော်နယ်ဒိုကို ပေါ်တူဂီကိုတစ်ခေါက်ခေါ်သွားခဲ့ဖူးပြီး သူ့ရဲ့သားက သူ့အဖေ ဒီလိုနေရာမှာ နေခဲ့တယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ စီရော်နယ်ဒိုက သတင်းထောက်တွေကို ပြောကြားခဲ့ဖူးပါတယ်။

စီရော်နယ်ဒိုရဲ့ မန်ချက်စတာကအိမ်က ပေါင် ၃ သန်းတန်ပြီး စပိန်က အိမ်ဟာ ပေါင် ၄.၈ သန်း တန် ကြေးရှိပါတယ်။ လက်ရှိမှာတော့ သူဟာ တူရင်မြို့ကို အပေါ်စီးကမြင်နိုင်တဲ့နေရာမှာ တည်ဆောက်ထားတဲ့အိမ်မှာ နေထိုင်လျက်ရှိပြီး နွေရာသီအပန်းဖြေစံအိမ်ကတော့ ပေါင် ၁.၄ သန်း တန်ကြေးရှိပါတယ်။ သူ့ရဲ့အိမ်အားလုံးမှာ ရေကူးကန်၊ ရုပ်ရှင်ရုံ၊ အား ကစားခန်းမ၊ အိပ်ခန်းတွေနဲ့ မီနီဘားတွေ အားလုံးအသေအချာစီစဉ်ထားကြောင်း လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒိုရဲ႕အိမ္ထဲကို ၀င္ေရာက္ခဲ့တဲ့သူခိုးက သူ႕ရဲ႕ အမာခံ ပရိသတ္မ်ားျဖစ္ေနမလား

ၿပီးခဲ့တဲ့ရက္ပိုင္းက ေပၚတူဂီမွာရွိတဲ့ စီေရာ္နယ္ဒိုရဲ႕အိမ္ ေဖာက္ထြင္းခံရတဲ့ျဖစ္စဥ္မွာ ေနအိမ္အတြင္း သူ႕ရဲ႕အေမနဲ႔အစ္ကိုျဖစ္သူတို႔ ရွိေနခဲ့တယ္လို႔ သိရပါတယ္။ စီေရာ္နယ္ ဒိုရဲ႕အစ္မျဖစ္သူ ေျပာျပခ်က္အရ သူခိုးဟာ မူးယစ္ေဆး၀ါးသံုးစြဲထားတဲ့ပံုစံရွိေနၿပီး သူ႕ ကို စီေရာ္နယ္ဒိုရဲ႕မိသားစု၀င္တခ်ဳိ႕က သိေနၾကတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္လည္း သူခိုးျဖစ္သူဟာ ဒီအိမ္ထဲကို ေနာက္ဘယ္ေတာ့မွ ထပ္၀င္ေတာ့မွာမဟုတ္ဘဲ ေတာင္းပန္တဲ့အေၾကာင္း ေျပာသြားခဲ့တယ္လုိ႔ သိရပါတယ္။

မက္ဒီယားရဲတပ္ဖြဲ႕ကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တစ္စံုတစ္ဦးကိုမွ အေရးယူေဆာင္ရြက္တာမရွိေသးပါဘူး။ CCTV မွတ္တမ္း ေတြအရ သူခိုးဟာ တန္ဖိုးႀကီးပစၥည္းေတြကိုယူေဆာင္မသြားခဲ့ဘဲ စီေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္ဂ်ာစီအကၤ်ီေတြကိုသာ ယူေဆာင္သြားတယ္လုိ႔ သိရပါတယ္။

စီေရာ္နယ္ဒိုရဲ႕အစ္မ အယ္လ္မာအာဗီယိုက “သူက မီးဖိုေခ်ာင္ထဲမွာ အစားအေသာက္ေတြ ၀င္ရွာေနတဲ့ပံုပါ ပဲ။ သူ႕ကို ဒီရပ္ကြက္ထဲကလမ္းေတြမွာ ျမင္ဖူးသလိုရွိေနတယ္။ ေဆးသံုးထားတဲ့ပံုေပၚ ၿပီး ဘယ္သူ႕ကိုမွေတာ့ အႏၱရာယ္ျပဳမသြားပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

စီေရာ္နယ္ဒိုရဲ႕ေမြးရပ္ေျမ မက္ဒီယားမွာရွိတဲ့ ေပါင္ ၇ သန္းတန္ ေနအိမ္မွာ ၿပီးခဲ့တဲ့မတ္လ ကိုဗစ္ကာလမွာ စီေရာ္နယ္ဒိုတို႔မိသားစုဟာ လာေရာက္ေနထိုင္ခဲ့ၾကပါတယ္။ မိသားစုနဲ႔ အတူ ဒီအိမ္မွာ ေဘာလံုးပြဲေတြျပန္မစခင္အခ်ိန္ထိ ေတာက္ေလွ်ာက္အနားယူေနထိုင္သြားခဲ့ၿပီး စီေရာ္နယ္ဒိုနဲ႔ သူ႕ရဲ႕ဇနီးျဖစ္သူ ေဂ်ာ္ဂ်ီယာတို႔ဟာ အီတလီကိုမျပန္ခင္ ရက္ သတၱပတ္အနည္းငယ္အလိုက တစ္ပတ္ေပါင္ ၃၅၀၀ ေပးရတဲ့ ဗီလာတစ္ခုကို ေျပာင္း ေရႊ႕ေနထိုင္ခဲ့ၾကပါေသးတယ္။

စီေရာ္နယ္ဒိုဟာ အသားတင္ၾကြယ္၀မႈ ေပါင္ ၇၈၉ သန္း ၾကြယ္၀တဲ့သူတစ္ဦးျဖစ္ၿပီး ေမြးရပ္ေျမ မက္ဒီယားမွာ ငယ္ငယ္တုန္းကေနထိုင္ခဲ့တဲ့ တိုက္ခန္းငယ္အပါအ၀င္ ဇိမ္ခံအိမ္တစ္လံုးရွိသလို မန္ခ်က္စတာ၊ မက္ဒရစ္နဲ႔ တူရင္တို႔ မွာလည္း ဇိမ္ခံအိမ္ေကာင္းေတြရွိပါတယ္။ ဒါ့အျပင္ စပိန္မွာဆိုရင္ မက္ဒရစ္မွာရွိတဲ့ အိမ္ အျပင္ ေႏြရာသီအပန္းေျဖစံအိမ္အျဖစ္ မာဘယ္လားမွာ အိမ္တစ္လံုးထပ္၀ယ္ယူထားပါ တယ္။

ငယ္စဥ္က ဆင္းရဲခဲ့တဲ့ သူ႕ရဲ႕ဘ၀ကို ျပသဖို႔အတြက္ ၂၀၁၉ ခုႏွစ္တုန္းက သူ႕ရဲ႕သား ဂ်ဴနီယာေရာ္နယ္ဒိုကို ေပၚတူဂီကိုတစ္ေခါက္ေခၚသြားခဲ့ဖူးၿပီး သူ႕ရဲ႕သားက သူ႕အေဖ ဒီလိုေနရာမွာ ေနခဲ့တယ္ဆိုတာကို မယံုၾကည္ႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ရတယ္လို႔ စီေရာ္နယ္ဒိုက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ဖူးပါတယ္။

စီေရာ္နယ္ဒိုရဲ႕ မန္ခ်က္စတာကအိမ္က ေပါင္ ၃ သန္းတန္ၿပီး စပိန္က အိမ္ဟာ ေပါင္ ၄.၈ သန္း တန္ ေၾကးရွိပါတယ္။ လက္ရွိမွာေတာ့ သူဟာ တူရင္ၿမိဳ႕ကို အေပၚစီးကျမင္ႏိုင္တဲ့ေနရာမွာ တည္ေဆာက္ထားတဲ့အိမ္မွာ ေနထိုင္လ်က္ရွိၿပီး ေႏြရာသီအပန္းေျဖစံအိမ္ကေတာ့ ေပါင္ ၁.၄ သန္း တန္ေၾကးရွိပါတယ္။ သူ႕ရဲ႕အိမ္အားလံုးမွာ ေရကူးကန္၊ ရုပ္ရွင္ရုံ၊ အား ကစားခန္းမ၊ အိပ္ခန္းေတြနဲ႔ မီနီဘားေတြ အားလံုးအေသအခ်ာစီစဥ္ထားေၾကာင္း လည္း သိရပါတယ္။