Nike နဲ့ ဖိနပ်ကြော်ငြာသစ်မှာ စီရော်နယ်ဒိုရဲ့ စီးပွားရေးလုပ်ငန်းမန်နေဂျာနဲ့ ဆိုရှယ် မီဒီယာတာဝန်ခံက အေးဂျင့် ဂျော့ချ်မန်ဒက်ရဲ့ သမီး တာဝန်ယူဆောင်ရွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့စပိန်နဲ့ပွဲဟာ သူ့ရဲ့နိုင်ငံကစားသမား ပွဲ ၂၀၀ ပြည့် ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီယူ-၁၅ အသင်းကနေစပြီး နိုင်ငံအသင်းအတွက် ကစားပေးတဲ့ပွဲ အားလုံးပွဲစဉ်ပေါင်း ၂၀၀ ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းကြီးအ တွက် သီးသန့်ဆိုရင်တော့ ၁၆၆ ပွဲ ရှိပါတယ်။ သူနဲ့ တစ်သက်တာစာချုပ်ချုပ်ဆိုထားတဲ့ Nike က ပွဲ ၂၀၀ ပြည့်သွားတဲ့ ရော်နယ်ဒိုအတွက် အထိမ်းအမှတ်အဖြစ် ဘောကန်ဖိနပ် သစ်ကို ပေးအပ်ခဲ့ပါတယ်။

ဖိနပ်မှာ ရေးထိုးထားတဲ့စာတန်းက တစ်ဖက်စီမှာ CR 100 ဖြစ်ပြီး ၂ ဖက်ဆိုတော့ ပွဲ ၂၀၀ ကို ရည်ညွှန်းထားတာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်း ကလည်း Nike အတွက် ကြော်ငြာသစ်ရိုက်ကူးပေးခဲ့ပါသေးတယ်။ ဒီကြော်ငြာရိုက်ကွင်းမှာ စီရော်နယ်ဒိုရဲ့ စီးပွားရေးလုပ်ငန်းမန်နေဂျာနဲ့ ဆိုရှယ်မီဒီယာ တာဝန်ခံ မာရီဆာကိုလည်း အတူတွေ့မြင်ခဲ့ရပါတယ်။

အခု ကျွန်တော်တို့ ဆို ရှယ်မီဒီယာမှာ စီရော်နယ်ဒိုအသုံးပြုတဲ့ Facebook, Twitter, Instagram တို့မှာ လုပ်ဆောင်မှုအားလုံးကို မာရီဆာက တာဝန်ခံပြုလုပ်ပေးနေတာပါ။

မာရီဆာဟာ စီရော်နယ်ဒိုရဲ့ အေးဂျင့်လည်းဖြစ်၊ တစ်နိုင်ငံတည်းသားလည်းဖြစ်တဲ့ ဂျော့ချ်မန်ဒက်ရဲ့ သမီးပါပဲ။ စီရော်နယ်ဒိုနဲ့ ဂျော့ချ်မန်ဒက်တို့ဟာ အရမ်းရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ဂျော့ချ်မန်ဒက်ရဲ့မွေးနေ့ကို စီရော်နယ်ဒိုက ကျွန်းတစ်ကျွန်း လက်ဆောင်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

စီရော်နယ်ဒိုဟာ Nike နဲ့ တစ်နှစ်ပေါင် ၁၅ သန်းတန် စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ် မှာ ဘောကန်ဖိနပ်စာချုပ် တစ်နှစ်အများဆုံးပေါင် ၂၃ သန်းနဲ့ ထိပ်ဆုံးမှာရှိနေတာက တော့ နေမာပါပဲ။ နေမာရဲ့နောက်မှာ မက်ဆီ (ပေါင် ၁၈ သန်း)ရှိနေပြီး စီရော်နယ်ဒိုရဲ့ နောက် ကပ်လျက်မှာ အမ်ဘတ်ပီ(ပေါင် ၁၄ သန်း) ရှိနေပါတယ်။

Nike ဟာ နာမည်ကြီးအားကစားသမားတွေနဲ့ တစ်သက်တာစာချုပ်ချုပ်ဆိုမှုတွေရှိခဲ့ပြီး ဘတ်စ ကက်ဘောက မိုက်ကယ်ဂျော်ဒန်နဲ့ လီဘရွန်ဂျိမ်းစ်တို့ကိုလည်း အခုလိုမျိုး စာချုပ်ချုပ်ထားခဲ့ပါတယ်။ အားကစားလောကမှာ မက်ဆီရဲ့စာချုပ်တန်ကြေးက ဒုတိယနေရာမှာရှိတယ်ဆိုပေမယ့် မက်ဆီဟာ Nike နဲ့ စာချုပ်ချုပ်ထားတာမဟုတ်ဘဲ Adidas နဲ့ စာချုပ်ချုပ်ထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Nike နဲ႔ ဖိနပ္ေၾကာ္ျငာသစ္မွာ စီေရာ္နယ္ဒိုရဲ႕ စီးပြားေရးလုပ္ငန္းမန္ေနဂ်ာနဲ႔ ဆိုရွယ္ မီဒီယာတာ၀န္ခံက ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္ရဲ႕ သမီး တာ၀န္ယူေဆာင္ရြက္

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့စပိန္နဲ႔ပြဲဟာ သူ႕ရဲ႕ႏိုင္ငံကစားသမား ပြဲ ၂၀၀ ျပည့္ ျဖစ္ခဲ့ပါတယ္။ ေပၚတူဂီယူ-၁၅ အသင္းကေနစၿပီး ႏိုင္ငံအသင္းအတြက္ ကစားေပးတဲ့ပြဲ အားလံုးပဲြစဥ္ေပါင္း ၂၀၀ ျပည့္သြားခဲ့တာပဲ ျဖစ္ပါတယ္။ လက္ေရြးစင္အသင္းႀကီးအ တြက္ သီးသန္႔ဆိုရင္ေတာ့ ၁၆၆ ပဲြ ရွိပါတယ္။ သူနဲ႔ တစ္သက္တာစာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ Nike က ပြဲ ၂၀၀ ျပည့္သြားတဲ့ ေရာ္နယ္ဒိုအတြက္ အထိမ္းအမွတ္အျဖစ္ ေဘာကန္ဖိနပ္ သစ္ကို ေပးအပ္ခဲ့ပါတယ္။

ဖိနပ္မွာ ေရးထိုးထားတဲ့စာတန္းက တစ္ဖက္စီမွာ CR 100 ျဖစ္ၿပီး ၂ ဖက္ဆိုေတာ့ ပြဲ ၂၀၀ ကို ရည္ညႊန္းထားတာပါ။ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္း ကလည္း Nike အတြက္ ေၾကာ္ျငာသစ္ရိုက္ကူးေပးခဲ့ပါေသးတယ္။ ဒီေၾကာ္ျငာရိုက္ကြင္းမွာ စီေရာ္နယ္ဒိုရဲ႕ စီးပြားေရးလုပ္ငန္းမန္ေနဂ်ာနဲ႔ ဆိုရွယ္မီဒီယာ တာ၀န္ခံ မာရီဆာကိုလည္း အတူေတြ႕ျမင္ခဲ့ရပါတယ္။ အခု ကၽြန္ေတာ္တို႔ ဆို ရွယ္မီဒီယာမွာ စီေရာ္နယ္ဒိုအသံုးျပဳတဲ့ Facebook, Twitter, Instagram တို႔မွာ လုပ္ေဆာင္မႈအားလံုးကို မာရီဆာက တာ၀န္ခံျပဳလုပ္ေပးေနတာပါ။

မာရီဆာဟာ စီေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္လည္းျဖစ္၊ တစ္ႏိုင္ငံတည္းသားလည္းျဖစ္တဲ့့ ေဂ်ာ့ခ်္မန္ဒက္ရဲ႕ သမီးပါပဲ။ စီေရာ္နယ္ဒိုန႔ဲ ေဂ်ာ့ခ်္မန္ဒက္တို႔ဟာ အရမ္းရင္းႏွီးၾကတဲ့မိတ္ေဆြေတြျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ အနည္းငယ္က ေဂ်ာ့ခ်္မန္ဒက္ရဲ႕ေမြးေန႔ကို စီေရာ္နယ္ဒိုက ကၽြန္းတစ္ကၽြန္း လက္ေဆာင္ေပးခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။

စီေရာ္နယ္ဒိုဟာ Nike နဲ႔ တစ္ႏွစ္ေပါင္ ၁၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ဆုိထားသူလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ကမာၻေပၚ မွာ ေဘာကန္ဖိနပ္စာခ်ဳပ္ တစ္ႏွစ္အမ်ားဆံုးေပါင္ ၂၃ သန္းနဲ႔ ထိပ္ဆံုးမွာရွိေနတာက ေတာ့ ေနမာပါပဲ။ ေနမာရဲ႕ေနာက္မွာ မက္ဆီ (ေပါင္ ၁၈ သန္း)ရွိေနၿပီး စီေရာ္နယ္ဒိုရဲ႕ ေနာက္ ကပ္လ်က္မွာ အမ္ဘတ္ပီ(ေပါင္ ၁၄ သန္း) ရွိေနပါတယ္။

Nike ဟာ နာမည္ႀကီးအားကစားသမားေတြနဲ႔ တစ္သက္တာစာခ်ဳပ္ခ်ဳပ္ဆိုမႈေတြရွိခဲ့ၿပီး ဘတ္စ ကက္ေဘာက မိုက္ကယ္ေဂ်ာ္ဒန္နဲ႔ လီဘရြန္ဂ်ိမ္းစ္တို႔ကိုလည္း အခုလိုမ်ဳိး စာခ်ဳပ္ခ်ဳပ္ထားခဲ့ပါတယ္။ အားကစားေလာကမွာ မက္ဆီရဲ႕စာခ်ဳပ္တန္ေၾကးက ဒုတိယေနရာမွာရွိတယ္ဆိုေပမယ့္ မက္ဆီဟာ Nike နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာမဟုတ္ဘဲ Adidas နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာပါ။