မော်ရင်ဟို မော်ကြွားနိုင်အောင် လုပ်ပေးမယ့် ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယခုအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ အသင်းဟောင်း စပါးအသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဟွမ်ဘားနက် ကတော့ သူ့ရဲ့ကစားသမား ဘေးလ်ဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ပြန်လာတာဖြစ်တယ်ဆိုပြီး ပြောဆိုထားပါတယ်။ ဘေးလ်ဟာ ရီးရဲလ်အသင်းဆီမှာ ၇ နှစ်ကြာ ကစားလာခဲ့ပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့ကစပါးအသင်းဆီကို တစ်ရာသီအငှားနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာ ၆-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အဲဒီပွဲမှာဆိုရင် ဆွန်ဟောင်မင်နဲ့ ကိန်းတို့ရဲ့ အတွဲအဖက်က ယူနိုက်တက်ကို ကောင်းကောင်းထိုးဖောက်နိုင်ခဲ့ပါတယ်။ ဘေးလ်ပါ ပါဝင်တဲ့ ပွဲစဉ်ဆိုရင် စပါးရဲ့တိုက်စစ်ပိုင်းက ကြောက်မက်ဖွယ်ရာပိုမိုကောင်းလာဖွယ်ရှိပါတယ်။ စပါးကစားသမားဟောင်း ဘာဘာတော့ဗ်ကလည်း “ဘေးလ်ရောက်ရှိလာခဲ့တာက အသင်းကိုအများကြီးအကျိုးပြုပါတယ်၊ သူ့ရဲ့ အနိုင်ရလိုမှုစိတ်ဓာတ်က အသင်းဖော်တွေဆီကို ကူးစက်စေမှာပါ။သူကစားတဲ့ အခါမှာ ပြိုင်ဘက်အသင်းတိုင်းကို ထိတ်လန့်စေမှာပါ” လို့ ပြောဆိုထားပါတယ်။

အသက် ၃၁နှစ်အရွယ် ဝေးလ်လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ တစ်ချိန်က စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့ဖူးသူ တစ်ဦး ဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ ရီးရဲလ် မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၁သန်းနဲ့ပြောင်းရွှေ့သွားခဲ့သူပါ။

သူဟာ ရီးရဲလ်မှာ ချန်ပီယံလိဂ်ဖလား ၄ကြိမ်နဲ့ လာလီဂါဖလား ၂ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး ယမန်နှစ်က အသင်းပြောင်းရွှေ့ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် အခုအခါ စပါးအသင်းနဲ့အတူ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်ကယ်တင်ဖို့လုပ်ဆောင်မှာဖြစ်ပါတယ်။

ဘေးလ်ရဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဂျိုနသန်ဘားနက်က ဘေးလ်အနေနဲ့ စပါးအသင်းကို ကူညီမယ့် အကြောင်းခုလိုပြောထားပါတယ်။ “စပါးအသင်းမှာ တကယ်ကောင်းတဲ့ ကစားသမား စုဖွဲ့မှု ရှိပါတယ်။ ပြီးတော့ အရမ်းတော်တဲ့ နည်းပြလည်း ရှိပါတယ်။ ဒါ့ကြောင့် ဘေးလ်ရဲ့ ကူညီမှုနဲ့ ဆိုရင် စပါးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပိုပြီး နီးစပ်လာမှာပါ။ ခင်ဗျားတို့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ရလဒ်ကို ကြည့်လိုက်ရင် ဒါကို ကောင်းကောင်းကြီး သိပါလိမ့်မယ်”ဆိုပြီးပြောဆိုထားပါတယ်။

စပါးအသင်းဆီကို ဂါရတ်ဘေးလ် ပြန်လည်ပြောင်းရွှေ့လာတာက ငွေရေးကြေးရေးထက် အသင်းအပေါ် သူ့ရဲ့ချစ်မြတ်နိုးစိတ်ကြောင့်ဖြစ်တယ်ဆိုပြီးတော့လည်း ဂျိုနသန်ဘားနက်က ပြောထားပါသေးတယ်။ ဘားနက်ရဲ့ပြောစကားမှန်မမှန် စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာ္ရင္ဟို ေမာ္ႂကြားႏိုင္ေအာင္ လုပ္ေပးမယ့္ ကစားသမား

ယခုအေျပာင္းအေ႐ႊ႕ကာလမွာ ရီးရဲလ္မက္ဒရစ္ အသင္းကေန အသင္းေဟာင္း စပါးအသင္းထံ တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ လာခဲ့တဲ့ ဂါရတ္ေဘးလ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ဟြမ္ဘားနက္ ကေတာ့ သူ႔ရဲ႕ကစားသမား ေဘးလ္ဟာ စပါးအသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား ရယူဖို႔ ျပန္လာတာျဖစ္တယ္ဆိုၿပီး ေျပာဆိုထားပါတယ္။ ေဘးလ္ဟာ ရီးရဲလ္အသင္းဆီမွာ ၇ ႏွစ္ၾကာ ကစားလာခဲ့ၿပီးေနာက္ စက္တင္ဘာလ ၁၈ ရက္ေန႔ကစပါးအသင္းဆီကို တစ္ရာသီအငွားနဲ႔ ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

စပါးဟာ ေနာက္ဆုံးကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ပြဲမွာ ၆-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး အဲဒီပြဲမွာဆိုရင္ ဆြန္ေဟာင္မင္နဲ႔ ကိန္းတို႔ရဲ႕ အတြဲအဖက္က ယူႏိုက္တက္ကို ေကာင္းေကာင္းထိုးေဖာက္ႏိုင္ခဲ့ပါတယ္။ ေဘးလ္ပါ ပါဝင္တဲ့ ပြဲစဥ္ဆိုရင္ စပါးရဲ႕တိုက္စစ္ပိုင္းက ေၾကာက္မက္ဖြယ္ရာပိုမိုေကာင္းလာဖြယ္ရွိပါတယ္။ စပါးကစားသမားေဟာင္း ဘာဘာေတာ့ဗ္ကလည္း “ေဘးလ္ေရာက္ရွိလာခဲ့တာက အသင္းကိုအမ်ားႀကီးအက်ိဳးျပဳပါတယ္၊ သူ႔ရဲ႕ အႏိုင္ရလိုမႈစိတ္ဓာတ္က အသင္းေဖာ္ေတြဆီကို ကူးစက္ေစမွာပါ။သူကစားတဲ့ အခါမွာ ၿပိဳင္ဘက္အသင္းတိုင္းကို ထိတ္လန႔္ေစမွာပါ” လို႔ ေျပာဆိုထားပါတယ္။

အသက္ ၃၁ႏွစ္အ႐ြယ္ ေဝးလ္လက္ေ႐ြးစင္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဂါရတ္ေဘးလ္ဟာ တစ္ခ်ိန္က စပါးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ ေတာက္ပခဲ့ဖူးသူ တစ္ဦး ျဖစ္ၿပီး ၂၀၁၃ခုႏွစ္မွာ ရီးရဲလ္ မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀၁သန္းနဲ႔ေျပာင္းေ႐ႊ႕သြားခဲ့သူပါ။

သူဟာ ရီးရဲလ္မွာ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္နဲ႔ လာလီဂါဖလား ၂ႀကိမ္အပါအဝင္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ၿပီး ယမန္ႏွစ္က အသင္းေျပာင္းေ႐ႊ႕ခြင့္ဆုံးရႈံးခဲ့ရၿပီးေနာက္ အခုအခါ စပါးအသင္းနဲ႔အတူ သူ႔ရဲ႕ကစားသမားဘဝကို ျပန္လည္ကယ္တင္ဖို႔လုပ္ေဆာင္မွာျဖစ္ပါတယ္။

ေဘးလ္ရဲ႕ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဂ်ိဳနသန္ဘားနက္က ေဘးလ္အေနနဲ႔ စပါးအသင္းကို ကူညီမယ့္ အေၾကာင္းခုလိုေျပာထားပါတယ္။ “စပါးအသင္းမွာ တကယ္ေကာင္းတဲ့ ကစားသမား စုဖြဲ႕မႈ ရွိပါတယ္။ ၿပီးေတာ့ အရမ္းေတာ္တဲ့ နည္းျပလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ ေဘးလ္ရဲ႕ ကူညီမႈနဲ႔ ဆိုရင္ စပါးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုနဲ႔ ပိုၿပီး နီးစပ္လာမွာပါ။ ခင္ဗ်ားတို႔အေနနဲ႔ ၿပီးခဲ့တဲ့ သီတင္းပတ္က ရလဒ္ကို ၾကည့္လိုက္ရင္ ဒါကို ေကာင္းေကာင္းႀကီး သိပါလိမ့္မယ္”ဆိုၿပီးေျပာဆိုထားပါတယ္။

စပါးအသင္းဆီကို ဂါရတ္ေဘးလ္ ျပန္လည္ေျပာင္းေ႐ႊ႕လာတာက ေငြေရးေၾကးေရးထက္ အသင္းအေပၚ သူ႔ရဲ႕ခ်စ္ျမတ္ႏိုးစိတ္ေၾကာင့္ျဖစ္တယ္ဆိုၿပီးေတာ့လည္း ဂ်ိဳနသန္ဘားနက္က ေျပာထားပါေသးတယ္။ ဘားနက္ရဲ႕ေျပာစကားမွန္မမွန္ ေစာင့္ၾကည့္ၾကရေအာင္ပါ။