ကွာရန်တင်းစည်းမျဉ်းချိုးဖောက်လို့ ရော်နယ်ဒိုနဲ့အတူ တခြား ဂျူဗီ ကစားသမား ၆ ဦး ပြစ်ဒဏ်ချခံရနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုနဲ့အတူ တခြား ဂျူဗင်တပ်စ်ကစားသမား ၆ဦးဟာ ကွာရန်တင်းစည်းမျဉ်းချိုးဖောက်မှုတစ်ရပ်ကြောင့် ဒဏ်တပ်ခံရဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုနဲ့ ဘူဖွန်တို့ပါအဝင် ဒီ ကစားသမားတစ်စုဟာ သီးခြားခွဲပြီးလေ့ကျင့်နေတဲ့နေရာကနေ တနင်္လာနေ့ နံနက်က အသီးသီး အပြင်ထွက်သွားကြလို့ပါပဲ။

ဂျူဗင်တပ်စ်အသင်းမှာဝန်ထမ်း ၂ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အရင်တစ်ပတ်အတွင်း ကစားသမားတွေကိုပါ ကွန်တီနက်ဆာမှာ သီးခြားCampသွင်းခဲ့ပါတယ်။ တက်တိုစပေါ့သတင်းစာရဲ့ဖော်ပြချက်အရ ဘူဖွန်နဲ့ ဒီမီရယ်တို့နှစ်ဦးဟာ တနင်္လာနေ့နံနက်က ကွန်တီနက်ဆာကနေ သက်ဆိုင်ရာနေအိမ်အသီးသီးကို ပြန်ခဲ့ကြပါတယ်။

ဒါ့အပြင် ဘန်တန်ကာ၊ ကွာဒရားဒိုး၊ ဒါနီလို၊ ပေါ်လိုဒိုင်ဘားလားနဲ့ ရော်နယ်ဒိုတို့ကလည်း သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းအတွက် Campသွင်းထားတဲ့နေရာကနေ ထွက်သွားကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျူဗင်တပ်စ်အသင်းက ကစားသမားတွေကို တားဆီးလို့မရဘဲ တစ်ဦးချင်းစီမှာသာ တာဝန်ရှိတယ်လို့ ဒေသခံကျန်းမာရေးအဖွဲ့အစည်း (ASL)ကို အကြောင်းကြားခဲ့ပါတယ်။ ASLကလည်း ဂျူဗင်တပ်စ်အသင်းရဲ့ အကြောင်းကြားစာကို လက်ခံရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။ တစ်ဆက်တည်းမှာပဲ Campသွင်းထားတဲ့ ကွန်တီနက်ဆာကနေ ထွက်သွားတဲ့ ကစားသမားစာရင်းကို အစိုးရရှေ့နေရုံးကို တင်ပြခဲ့ပါတယ်။

ဒေသခံ ကျန်းမာရေးအာဏာပိုင်တစ်ဦးဖြစ်တဲ့ တက်စ်တီက “သီးခြားလေယာဉ်နဲ့သွားကြရင်တော့ စည်းမျဉ်းကို ဆိုးဆိုးရွားရွား ချိုးဖောက်ရာမရောက်ပါဘူး။ ငွေဒဏ်လောက်ပဲပေးရနိုင်ပါတယ်”လို့ဆိုပါတယ်။ အခုအခါ နည်းပြ ပီယာလို ဦးစီးပြီး ကွန်တီနက်ဆာမှာပဲ လက်ကျန်ကစားသမားတွေနဲ့ ပြင်ဆင်လေ့ကျင့်နေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြာရန္တင္းစည္းမ်ဥ္းခ်ိဳးေဖာက္လို႔ ေရာ္နယ္ဒိုနဲ႔အတူ တျခား ဂ်ဴဗီ ကစားသမား ၆ ဦး ျပစ္ဒဏ္ခ်ခံရႏိုင္

ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔အတူ တျခား ဂ်ဴဗင္တပ္စ္ကစားသမား ၆ဦးဟာ ကြာရန္တင္းစည္းမ်ဥ္းခ်ိဳးေဖာက္မႈတစ္ရပ္ေၾကာင့္ ဒဏ္တပ္ခံရဖြယ္ရွိေနပါတယ္။ေရာ္နယ္ဒိုန႔ဲ ဘူဖြန္တို႔ပါအ၀င္ ဒီ ကစားသမားတစ္စုဟာ သီးျခားခြဲၿပီးေလ့က်င့္ေနတဲ့ေနရာကေန တနလၤာေန႔ နံနက္က အသီးသီး အျပင္ထြက္သြားၾကလို႕ပါပဲ။

ဂ်ဴဗင္တပ္စ္အသင္းမွာ၀န္ထမ္း ၂ဦး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတာကို စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ အရင္တစ္ပတ္အတြင္း ကစားသမားေတြကိုပါ ကြန္တီနက္ဆာမွာ သီးျခားCampသြင္းခဲ့ပါတယ္။ တက္တိုစေပါ့သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဘူဖြန္နဲ႔ ဒီမီရယ္တို႔ႏွစ္ဦးဟာ တနလၤာေန႔နံနက္က ကြန္တီနက္ဆာကေန သက္ဆိုင္ရာေနအိမ္အသီးသီးကို ျပန္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ဘန္တန္ကာ၊ ကြာဒရားဒိုး၊ ဒါနီလို၊ ေပၚလိုဒိုင္ဘားလားနဲ႔ ေရာ္နယ္ဒိုတို႔ကလည္း သက္ဆိုင္ရာႏိုင္ငံလက္ေရြးစင္အသင္းအတြက္ Campသြင္းထားတဲ့ေနရာကေန ထြက္သြားၾကပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဂ်ဴဗင္တပ္စ္အသင္းက ကစားသမားေတြကို တားဆီးလို႔မရဘဲ တစ္ဦးခ်င္းစီမွာသာ တာ၀န္ရွိတယ္လို႔ ေဒသခံက်န္းမာေရးအဖြဲ႔အစည္း (ASL)ကို အေၾကာင္းၾကားခဲ့ပါတယ္။ ASLကလည္း ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အေၾကာင္းၾကားစာကို လက္ခံရရွိခဲ့တယ္လို႔ အတည္ျပဳပါတယ္။ တစ္ဆက္တည္းမွာပဲ Campသြင္းထားတဲ့ ကြန္တီနက္ဆာကေန ထြက္သြားတဲ့ ကစားသမားစာရင္းကို အစိုးရေရွ႕ေနရံုးကို တင္ျပခဲ့ပါတယ္။

ေဒသခံ က်န္းမာေရးအာဏာပိုင္တစ္ဦးျဖစ္တဲ့ တက္စ္တီက “သီးျခားေလယာဥ္နဲ႔သြားၾကရင္ေတာ့ စည္းမ်ဥ္းကို ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္ရာမေရာက္ပါဘူး။ ေငြဒဏ္ေလာက္ပဲေပးရႏိုင္ပါတယ္”လို႔ဆိုပါတယ္။ အခုအခါ နည္းျပ ပီယာလို ဦးစီးၿပီး ကြန္တီနက္ဆာမွာပဲ လက္က်န္ကစားသမားေတြနဲ႔ ျပင္ဆင္ေလ့က်င့္ေနေၾကာင္း သိရပါတယ္။