လက်ရှိ ကစားသမားတွေကြောင့် နည်းပြရာထူးကို ဆိုးလ်ရှား ပေးဆပ်ရနိုင်တယ်လို့ ရွိုင်ကိန်း ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက တကယ်လို့ ဒီရာသီအခြေအနေကို ယူနိုက်တက်အသင်း အလှည့်အပြောင်း မလုပ်နိုင်ခဲ့ရင် လက်ရှိ ကစားသမားတွေကြောင့် အသင်းနည်းပြ ရာထူးကို ဆိုးလ်ရှား ပေးဆပ်ရမယ်လို့ ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီသစ် ပရီးမီးယားလိဂ်၄ပွဲမှာ ဘရိုက်တန်နဲ့ တစ်ပွဲတည်းနိုင်ခဲ့ပြီး အိမ်ကွင်း ၂ပွဲဆက်ရှုံးထားပြီဖြစ်ပါတယ်။

အဆိုးရွားဆုံးကတော့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အိမ်ကွင်းမှာ ပထမပိုင်းအတွင်း ၄ဂိုးပေးရပြီး နောက်ဆုံး ၆ဂိုး၊ ၁ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲဖြစ်ပါတယ်။

၁၉၉၇ခုနှစ်ကနေ ၂၀၀၅ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၈နှစ်ကြာကစားတဲ့ ရွိုင်ကိန်းက သူ့ကစားဖော်ဟောင်း ဆိုးလ်ရှားအနေနဲ့ မော်ရင်ဟို ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ကြာသပတေးနေ့က ITVမှာ ရွိုင်ကိန်းက အခုလိုပြောပါတယ်။ “စပါးနဲ့ပွဲက ကစားပုံဟာ လုံးဝကျက်သရေမရှိပါဘူး။ အသင်းအမှတ်တံဆိပ်နဲ့ဒီလိုကစားပုံကို တွဲမြင်ရတာဟာ ဆိုးလွန်းပါတယ်။ အသင်းမှာ လိမ်စားနေတဲ့ကစားသမားတွေ အရမ်းများနေပြီ။ ဒီ ကစားသမားတွေကြောင့်ပဲ အိုလီရဲ့ရာထူးပေးဆပ်ရမှာ။ သူတို့တွေဟာ အရင်နည်းပြ(မော်ရင်ဟို) တုန်းကလည်း ဒီလိုပဲ ဘတ်စ်ကားအောက်ကို တွန်းပို့ခဲ့တာပါ။ အိုလီကိုလည်း အလားတူ လုပ်ပါလိမ့်မယ်”လို့ ရွိုင်ကိန်းက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်နည်းပြဘဝတုန်းက ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း၄၀၀ကျော်အထိသုံးခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလကတော့ နည်းပြတာဝန်ကနေ ထုတ်ခံခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွိုင်ကိန်း အခုလို မဝေဖန်ခင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်တဲ့ စကားမျိုးပြောလိုက်ပါတယ်။

၂၀၁၈ခုနှစ်က ယူနိုက်တက်အသင်းကနေ မော်ရင်ဟိုအထုတ်ခံရတုန်းက ပေါ့ဘာနဲ့အဆင်မပြေဖြစ်ခဲ့တဲ့သတင်းတွေက ခေါင်းကြီးပိုင်းမှာ နေရာယူခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္ရွိ ကစားသမားေတြေၾကာင့္ နည္းျပရာထူးကို ဆိုးလ္ရွား ေပးဆပ္ရႏိုင္တယ္လို႔ ရြိဳင္ကိန္း ေ၀ဖန္

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္းကိန္းက တကယ္လို႔ ဒီရာသီအေျခအေနကို ယူႏိုက္တက္အသင္း အလွည့္အေျပာင္း မလုပ္ႏိုင္ခဲ့ရင္ လက္ရွိ ကစားသမားေတြေၾကာင့္ အသင္းနည္းျပ ရာထူးကို ဆိုးလ္ရွား ေပးဆပ္ရမယ္လို႔ ေျပာလိုက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ရာသီသစ္ ပရီးမီးယားလိဂ္၄ပြဲမွာ ဘရိုက္တန္နဲ႔ တစ္ပြဲတည္းႏိုင္ခဲ့ၿပီး အိမ္ကြင္း ၂ပြဲဆက္ရႈံးထားၿပီျဖစ္ပါတယ္။ အဆိုးရြားဆံုးကေတာ့ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ အိမ္ကြင္းမွာ ပထမပိုင္းအတြင္း ၄ဂိုးေပးရၿပီး ေနာက္ဆံုး ၆ဂိုး၊ ၁ဂိုးနဲ႔ ရႈံးခဲ့တဲ့ပြဲျဖစ္ပါတယ္။

၁၉၉၇ခုႏွစ္ကေန ၂၀၀၅ခုႏွစ္အထိ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ၈ႏွစ္ၾကာကစားတဲ့ ရြိဳင္ကိန္းက သူ႔ကစားေဖာ္ေဟာင္း ဆိုးလ္ရွားအေနနဲ႔ ေမာ္ရင္ဟို ရင္ဆုိင္ခဲ့ရတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔လည္း သံုးသပ္ထားပါတယ္။

ၾကာသပေတးေန႔က ITVမွာ ရြိဳင္ကိန္းက အခုလိုေျပာပါတယ္။ “စပါးနဲ႔ပြဲက ကစားပံုဟာ လံုး၀က်က္သေရမရွိပါဘူး။ အသင္းအမွတ္တံဆိပ္နဲ႔ဒီလိုကစားပံုကို တြဲျမင္ရတာဟာ ဆိုးလြန္းပါတယ္။ အသင္းမွာ လိမ္စားေနတဲ့ကစားသမားေတြ အရမ္းမ်ားေနၿပီ။ ဒီ ကစားသမားေတြေၾကာင့္ပဲ အိုလီရဲ႕ရာထူးေပးဆပ္ရမွာ။ သူတို႔ေတြဟာ အရင္နည္းျပ(ေမာ္ရင္ဟို) တုန္းကလည္း ဒီလိုပဲ ဘတ္စ္ကားေအာက္ကို တြန္းပို႔ခဲ့တာပါ။ အိုလီကိုလည္း အလားတူ လုပ္ပါလိမ့္မယ္”လို႔ ရြိဳင္ကိန္းက ျပင္းျပင္းထန္ထန္ေ၀ဖန္လုိက္ပါတယ္။

ေမာ္ရင္ဟိုဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပဘ၀တုန္းက ကစားသမားသစ္ေခၚယူမႈအတြက္ ေပါင္သန္း၄၀၀ေက်ာ္အထိသံုးခဲ့ေပမယ့္ ရလဒ္ဆိုးေတြေၾကာင့္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလကေတာ့ နည္းျပတာ၀န္ကေန ထုတ္ခံခဲ့ရပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ရြိဳင္ကိန္း အခုလို မေ၀ဖန္ခင္ မန္ခ်က္စတာယူႏို္က္တက္အသင္းရဲ႕အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေပါလ္ေပါ့ဘာဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္တဲ့ စကားမ်ိဳးေျပာလိုက္ပါတယ္။

၂၀၁၈ခုႏွစ္က ယူႏုိက္တက္အသင္းကေန ေမာ္ရင္ဟိုအထုတ္ခံရတုန္းက ေပါ့ဘာနဲ႔အဆင္မေျပျဖစ္ခဲ့တဲ့သတင္းေတြက ေခါင္းႀကီးပိုင္းမွာ ေနရာယူခဲ့ပါတယ္။