လိဒ်ရဲ့ကစားသမားသစ် ရာဖင်ဟာအကြောင်း တစေ့တစောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကစားသမားအပြောင်းအရွှေ့ကာလမှာ အချို့ အသင်းတွေကတော့ တော်တော်ကို အလုပ်ရှုပ်ခဲ့ကြတာပါ။ အဲဒီထဲမှာ လိဒ်ယူနိုက်တက်အသင်းလည်းပါပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာ လိဒ်ယူနိုက်တက်ဟာ အပြောင်းအလဲ ကိစ္စ အတွက် အသားတင်အသုံးပြုငွေက ယူရို 84.5 သန်းဖြစ်ပါတယ်။ လိဒ်အသင်း အသုံးပြုတဲ့ ငွေကြေးဟာ ချဲလ်ဆီးနဲ့ ဗီလာအသင်းပြီးရင် တတိယ အများဆုံး ပမာဏဖြစ်ပါတယ်။ မန်စီးတီး ၊ အာဆင်နယ်၊ လီဗာပူး၊ ယူနိုက်တက်အသင်းတွေတောင် လိဒ်ယူနိုက်တက်လောက် ပိုက်ဆံမသုံးခဲ့ကြပါဘူး။

လိဒ်ယူနိုက်တက်ဟာအခု အပြောင်းအရွှေ့ဈေးကွက်မှာ တော်တော်အလုပ်လုပ်ခဲ့တာပါ။ ကစားသမား အဝင် စုစုပေါင်း ၁၁ ယောက်လောက်ရှိပြီး အဲဒီအထဲကမှ ၅ ဦးကတော့ အသင်းကြီးအတွက် ခေါ်ယူခဲ့တာပါ။အဲဒီလို ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက ရာဖင်ဟာအကြောင်းတင်ဆက်ပေးချင်ပါတယ်။

ရာဖင်ဟာ ဟာ ၁၉၉၆ ဒီဇင်ဘာလ ၁၄ ရက်မှာ မွေးဖွားခဲ့ပြီး ဘရာဇီးနိုင်ငံ ပေါ်တို အယ်လ်ဂဒီ မှာ ကြီးပြင်းခဲ့ပါတယ်။ ရာဖင်ဟာနဲ့ ဘရာဇီး ဂန္ထဝင် ရော်နယ်ဒင်ညို တို့ဟာ ကြီးပြင်းခဲ့တဲ့နေရာအတူတူပါပဲ။

ရာဖင်ဟာ အနေနဲ့ ၂၀၁၆ ဖေဖေါ်ဝါရီလမှာ ဂင်မာရိုက်စ် (ဘီ) အသင်းကို ပြောင်းရွှေ့မကစားခင်ထဲက အဘိုင်း FC မှာ ၂၀၁၄ လောက်ထဲက ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ ဂင်မာရိုက်စ်နည်းပြ ကွန်စီဆိုးက ရာဖင်ဟာရဲ့ ခြေစွမ်းကို နှစ်သက်ခဲ့တာကြောင့် အသင်းကြီးမှာ ပွဲထွက်စေခဲ့ပါတယ်။ ရာဖင်ဟာ အနေနဲ့ တစ်လလောက်အတွင်းမှာပဲအသင်းကြီးမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

၂၀၁၅-၁၆ ကနေ ၂၀၁၇-၁၈ ရာသီအပိုင်းအခြားအတွင်းမှာ ရာဖင်ဟာ အနေနဲ့ ဂင်မာရိုက်စ် အသင်းအတွက် ၈၄ ပွဲလောက် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့ ပါတယ်။

ရာဖင်ဟာ မှာ ခြေစွမ်းကောင်းတွေရှိတာကြောင့် စီရော်နယ်ဒိုရဲ့ ငယ်ဘဝကလပ် အသင်းဖြစ်တဲ့ စပို့တင်း FC အသင်းကိုပြောင်းရွှေ့ကစားခွင့်ရရှိခဲ့ ပြန်ပါတယ်။ သူ့အနေနဲ့ စပို့တင်းမှာ တစ်ရာသီသာ ပါဝင်ကစားခဲ့ပြီး ယူရိုပါလိဂ် မှာ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့သလို စုစုပေါင်း ၄၁ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ရာဖင်ဟာတစ်ယောက် ရန်းနက်စ်အသင်းဆီပြောင်းခဲ့ပြီး၊ ပြီးခဲ့တဲ့ရာသီမှာ ရန်းနက်စ်အသင်းအတွက် ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ သွင်းဂိုး ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရာဖင်ဟာတစ်ယောက် ရန်းနက်စ် အသင်းကိုလီဂူးပြိုင်ပွဲတွင် အဆင့် ၃ နှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ရန်းနက်စ်အသင်းအတွက်တော့ သမိုင်းမှာ အကောင်းဆုံး ရပ်တည်မှုပါပဲ။ယခုရာသီ မှာဆိုရင်တော့ သူဟာရန်းနက်စ် အသင်းမှာ အဓိက ပါဝင်ကစားနေခဲ့တာဖြစ်ပြီးပွဲစဉ် ၆ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အခုတော့ လိဒ်ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ်ရန်းနက်စ်အသင်းရဲ့ညာတောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာကို ဆုကြေးငွေအပါအဝင် ပြောင်းရွေ့ကြေးယူရို ၁၇သန်းနဲ့ ၄နှစ်စာချုပ် ချုပ် ခေါ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကိုရောက်လာတဲ့ လိဒ်ယူနိုက်တက်ကစားသမားသစ် ရာဖင်ဟာကို နိုင်ငံအသင်းက ကစားဖော်တွေ၊ ကလပ်အသင်းက ကစားဖော်တွေကတော့ လှိုက်လှိုက်လှဲလှဲကြိုဆိုထားကြပါတယ်။ လိဒ်က များပြားလှတဲ့ တောင်ပံကစားသမားတွေထဲမှာ ရာဖင်ဟာ ခြေစွမ်းဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိဒ္ရဲ႕ကစားသမားသစ္ ရာဖင္ဟာအေၾကာင္း တေစ့တေစာင္း

ကစားသမားအေျပာင္းအေ႐ႊ႕ကာလမွာ အခ်ိဳ႕ အသင္းေတြကေတာ့ ေတာ္ေတာ္ကို အလုပ္ရႈပ္ခဲ့ၾကတာပါ။ အဲဒီထဲမွာ လိဒ္ယူႏိုက္တက္အသင္းလည္းပါပါတယ္။ အခုအေျပာင္းအေ႐ႊ႕ကာလမွာ လိဒ္ယူႏိုက္တက္ဟာ အေျပာင္းအလဲကိစၥ အတြက္ အသားတင္အသုံးျပဳေငြက ယူ႐ို 84.5 သန္းျဖစ္ပါတယ္။ လိဒ္အသင္း အသုံးျပဳတဲ့ ေငြေၾကးဟာ ခ်ဲလ္ဆီးနဲ႔ ဗီလာအသင္းၿပီးရင္ တတိယ အမ်ားဆုံး ပမာဏျဖစ္ပါတယ္။ မန္စီးတီး ၊ အာဆင္နယ္၊ လီဗာပူး၊ ယူႏိုက္တက္အသင္းေတြေတာင္ လိဒ္ယူႏိုက္တက္ေလာက္ ပိုက္ဆံမသုံးခဲ့ၾကပါဘူး။

လိဒ္ယူႏိုက္တက္ဟာအခု အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေတာ္ေတာ္အလုပ္လုပ္ခဲ့တာပါ။ ကစားသမား အဝင္ စုစုေပါင္း ၁၁ ေယာက္ေလာက္ရွိၿပီး အဲဒီအထဲကမွ ၅ ဦးကေတာ့ အသင္းႀကီးအတြက္ ေခၚယူခဲ့တာပါ။အဲဒီလို ေခၚယူခဲ့တဲ့ ကစားသမားေတြထဲက ရာဖင္ဟာအေၾကာင္းတင္ဆက္ေပးခ်င္ပါတယ္။ရာဖင္ဟာ ဟာ ၁၉၉၆ ဒီဇင္ဘာလ ၁၄ ရက္မွာ ေမြးဖြားခဲ့ၿပီး ဘရာဇီးႏိုင္ငံ ေပၚတို အယ္လ္ဂဒီ မွာ ႀကီးျပင္းခဲ့ပါတယ္။ ရာဖင္ဟာနဲ႔ ဘရာဇီး ဂႏၴဝင္ ေရာ္နယ္ဒင္ညိဳ တို႔ဟာ ႀကီးျပင္းခဲ့တဲ့ေနရာအတူတူပါပဲ။

ရာဖင္ဟာ အေနနဲ႔ ၂၀၁၆ ေဖေဖၚဝါရီလမွာ ဂင္မာ႐ိုက္စ္ (ဘီ) အသင္းကို ေျပာင္းေ႐ႊ႕မကစားခင္ထဲက အဘိုင္း FC မွာ ၂၀၁၄ ေလာက္ထဲက ပေရာ္ဖက္ရွင္နယ္ ေဘာလုံးကစားသမားဘဝကို စတင္ခဲ့တာျဖစ္ပါတယ္။ ဂင္မာ႐ိုက္စ္နည္းျပ ကြန္စီဆိုးက ရာဖင္ဟာရဲ႕ ေျခစြမ္းကို ႏွစ္သက္ခဲ့တာေၾကာင့္ အသင္းႀကီးမွာ ပြဲထြက္ေစခဲ့ပါတယ္။ ရာဖင္ဟာ အေနနဲ႔ တစ္လေလာက္အတြင္းမွာပဲအသင္းႀကီးမွာ ပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။

၂၀၁၅-၁၆ ကေန ၂၀၁၇-၁၈ ရာသီအပိုင္းအျခားအတြင္းမွာ ရာဖင္ဟာ အေနနဲ႔ ဂင္မာ႐ိုက္စ္ အသင္းအတြက္ ၈၄ ပြဲေလာက္ ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ ပါတယ္။ ရာဖင္ဟာ မွာ ေျခစြမ္းေကာင္းေတြရွိတာေၾကာင့္ စီေရာ္နယ္ဒိုရဲ႕ ငယ္ဘဝကလပ္ အသင္းျဖစ္တဲ့ စပို႔တင္း FC အသင္းကိုေျပာင္းေ႐ႊ႕ကစားခြင့္ရရွိခဲ့ ျပန္ပါတယ္။ သူ႔အေနနဲ႔ စပို႔တင္းမွာ တစ္ရာသီသာ ပါဝင္ကစားခဲ့ၿပီး ယူ႐ိုပါလိဂ္ မွာ ပထမဆုံး ပြဲထြက္ခြင့္ ရရွိခဲ့သလို စုစုေပါင္း ၄၁ ပြဲမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ ရာဖင္ဟာတစ္ေယာက္ ရန္းနက္စ္အသင္းဆီေျပာင္းခဲ့ၿပီး၊ ၿပီးခဲ့တဲ့ရာသီမွာ ရန္းနက္စ္အသင္းအတြက္ ဂိုးဖန္တီးမႈ ၃ ႀကိမ္နဲ႔ သြင္းဂိုး ၅ ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ရာဖင္ဟာတစ္ေယာက္ ရန္းနက္စ္ အသင္းကိုလီဂူးၿပိဳင္ပြဲတြင္ အဆင့္ ၃ ႏွင့္အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေအာင္ အကူအညီေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ ရန္းနက္စ္အသင္းအတြက္ေတာ့ သမိုင္းမွာ အေကာင္းဆုံး ရပ္တည္မႈပါပဲ။ယခုရာသီ မွာဆိုရင္ေတာ့ သူဟာရန္းနက္စ္ အသင္းမွာ အဓိက ပါဝင္ကစားေနခဲ့တာျဖစ္ၿပီး
ပြဲစဥ္ ၆ ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

အခု​ေတာ့ လိဒ္ယူႏိုက္တက္အသင္းဟာ ျပင္သစ္ကလပ္ရန္းနက္စ္အသင္းရဲ႕ညာေတာင္ပံတိုက္စစ္ကစားသမား ရာဖင္ဟာကို ဆုေၾကးေငြအပါအဝင္ ေျပာင္းေ႐ြ႕ေၾကးယူ႐ို ၁၇သန္းနဲ႔ ၄ႏွစ္စာခ်ဳပ္ ခ်ဳပ္ ေခၚဆိုႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကိုေရာက္လာတဲ့ လိဒ္ယူႏိုက္တက္ကစားသမားသစ္ ရာဖင္ဟာကို ႏိုင္ငံအသင္းက ကစား​ေဖာ္​ေတြ၊ ကလပ္အသင္းက ကစား​ေဖာ္​ေတြက​ေတာ့ လႈိက္လႈိက္လွဲလွဲႀကိဳဆိုထားၾကပါတယ္။ လိဒ္က မ်ားျပားလွတဲ့ ​ေတာင္ပံကစားသမား​​ေတြထဲမွာ ရာဖင္ဟာ ​ေျခစြမ္းဘယ္လိုရွိမလဲဆိုတာ ​ေစာင့္ၾကည့္ၾကရ​ေအာင္ပါ။