မန်စီးတီးနဲ့ပွဲအတွက် အာဆင်နယ်မန်ဘာသီးသန့်ဘောလုံးပွဲကြည့်ရှုခွင့်ကို တစ်ဦးလျှင် မြန်မာ ငွေ ၃သိန် နီးပါး တန်ဖိုးရှိ လက်မှတ်များရောင်းချရန်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့ မန်စီးတီး-အာဆင်နယ် ယှဉ်ပြိုင်ကစားမယ့်ပွဲကို အာဆင်နယ်ပရိသတ်တွေဟာ အင်းမရိတ်စ်ကွင်းကြီးထဲက WM အသင်းမန်ဘာစားသောက်ဆိုင်မှာ ကြည့်ရှုအားပေးနိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

အာဆင်နယ်ဟာ လန်ဒန်ကနေ မိုင် ၂၀၀ ဝေးတဲ့ မန်စီးတီးရဲ့အီတင်ဟတ်ကွင်းမှာယှဉ်ပြိုင်ကစားနေတာကို အာဆင်နယ်မန်ဘာတွေ အတွက် သီးသန့်စီစဉ်ထားတဲ့ အခုဆိုင်မှာ အုပ်စုတစ်ခုကို ၆ ယောက်ထက်မပိုဘဲ ကြည့်ရှုနိုင်ဖို့ စီစဉ်နေတယ်လို့ သိရတာပါ။ ပက်ကေ့ချ်အမျိုးအစား ၂ မျိုး ခွဲပြီး လက်မှတ်တွေကိုရောင်းချ ပေးသွားဖို့လည်း ရှိနေပါတယ်။

တစ်ဦးကို ၄၉ ပေါင် (မြန်မာငွေတစ်သိန်းကျော်) ကျသင့်မယ့် ပက်ကေ့ချ်နဲ့ တစ်ဦးကို ၁၆၉ ပေါင်(မြန်မာငွေ ၃သိန်း နီးပါး) ကျသင့်မယ့် ပက်ကေ့ချ်ဆိုပြီး ခွဲခြားထားပါတယ်။

အသက် ၁၆ နှစ်အောက် ကလေးတွေ အတွက်ကတော့ တစ်ဦးကို ၂၉ ပေါင်ပဲကျသင့်မှာပါ။

ဒါ့အပြင် ပရိသတ်တွေအနေနဲ့ ၄၉ ပေါင် တန်လက်မှတ်နဲ့ ၁၆၉ ပေါင်တန်လက်မှတ် ၂ ခုစလုံးကို ဝယ်ယူနိုင်ပြီး ပက်ကေ့ချ်အလိုက် အစီအစဉ်တွေလည်း တင်ဆက်ပေးဖို့ရှိပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ အာဆင်နယ်အသင်းရဲ့ဂန္တဝင်ကစားသမားတွေနဲ့ အမေးအဖြေလုပ်တဲ့ပုံစံတွေ ၊ အက်ဖ်အေဖလား၊ ကွန်မြူနတီ ဒိုင်းတို့နဲ့တွဲပြီး ဓာတ်ပုံရိုက်တာတွေ ပြုလုပ်နိုင်ပါသေးတယ်။

ပက်ကေ့ချ်အလိုက် အစားအ သောက်၊ ဝိုင်၊ ဘီယာ၊ ချောကလက်၊ အအေး၊ လက်ဆောင်ပစ္စည်းပေးအပ်မှုတွေနဲ့အတူ လက် မှတ်ဝယ်ယူထားတဲ့ မန်ဘာတွေဟာ ၈၆ လက်မ ဖန်သားပြင်အကြီးကြီးပေါ်မှာ ဘောလုံးပွဲကို ကြည့်ရှုအားပေးနိုင်မှာလည်း ဖြစ်ပါတယ်။

သူတို့တွေအားလုံးဟာ ဗြိတိန်အစိုးရကချမှတ်ထား တဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုတော့ အတိအကျလိုက်နာရမှာဖြစ်ပြီး ဒီအစီအစဉ် နဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တရားဝင်ခွင့်ပြုချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။ သူတို့တွေဟာ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေထဲက အပူချိန်တိုင်းတာတွေ၊ ကိုဗစ်ဗိုင်း ရပ်စ်စစ်ဆေးတာတွေနဲ့ နေရပ်လိပ်စာအတိအကျပေးအပ်တာတွေကို မဖြစ်မနေပြုလုပ်ရမှာ လည်း ဖြစ်ပါတယ်။

© Copyright Philip Lee Harvey

ဒီစားသောက်ဆိုင်ဟာ အာဆင်နယ်အသင်းရဲ့ ပလက်တီနမ် Level မန်ဘာတွေသီးသန့်အားပေးခွင့်ရတဲ့ဆိုင်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကတည်းက ပရီး မီးယားလိဂ်ဘောလုံးပွဲစဉ်တွေကို ပရိသတ်တွေမပါဘဲ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ဒီအစီအစဉ်သာ ခွင့်ပြုချက်ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းအတွက် ပရိသတ်တွေနဲ့အတူ ဘောလုံးပွဲကြည့်ခွင့် ပထမဆုံးရရှိမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးနဲ႔ပဲြအတြက္ အာဆင္နယ္မန္ဘာသီးသန္႔ေဘာလံုးပြဲၾကည့္ရႈခြင့္ကို တစ္ဦးလွ်င္ ျမန္မာ ေငြ ၃၀၀၀၀၀ နီးပါး တန္ဖိုးရွိ လက္မွတ္မ်ားေရာင္းခ်ရန္ရွိေန

လာမယ့္ ေအာက္တုိဘာ ၁၇ ရက္ေန႔ မန္စီးတီး-အာဆင္နယ္ ယွဥ္ၿပိဳင္ကစားမယ့္ပြဲကို အာဆင္နယ္ပရိသတ္ေတြဟာ အင္းမရိတ္စ္ကြင္းႀကီးထဲက WM အသင္းမန္ဘာစားေသာက္ဆိုင္မွာ ၾကည့္ရႈအားေပးႏိုင္ဖို႔ စီစဥ္ေနတယ္လုိ႔သိရပါတယ္။

အာဆင္နယ္ဟာ လန္ဒန္ကေန မိုင္ ၂၀၀ ေ၀းတဲ့ မန္စီးတီးရဲ႕အီတင္ဟတ္ကြင္းမွာယွဥ္ၿပိဳင္ကစားေနတာကို အာဆင္နယ္မန္ဘာေတြ အတြက္ သီးသန္႔စီစဥ္ထားတဲ့ အခုဆိုင္မွာ အုပ္စုတစ္ခုကို ၆ ေယာက္ထက္မပိုဘဲ ၾကည့္ရႈႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ သိရတာပါ။ ပက္ေက့ခ်္အမ်ဳိးအစား ၂ မ်ဳိး ခြဲၿပီး လက္မွတ္ေတြကိုေရာင္းခ် ေပးသြားဖို႔လည္း ရွိေနပါတယ္။

တစ္ဦးကို ၄၉ ေပါင္ (ျမန္မာေငြတစ္သိန္းေက်ာ္) က်သင့္မယ့္ ပက္ေက့ခ်္နဲ႔ တစ္ဦးကို ၁၆၉ ေပါင္(ျမန္မာေငြ ၃သိန္း နီးပါး) က်သင့္မယ့္ ပက္ေက့ခ်္ဆိုၿပီး ခဲြျခားထားပါတယ္။ အသက္ ၁၆ ႏွစ္ေအာက္ ကေလးေတြ အတြက္ကေတာ့ တစ္ဦးကို ၂၉ ေပါင္ပဲက်သင့္မွာပါ။

ဒါ့အျပင္ ပရိသတ္ေတြအေနနဲ႔ ၄၉ ေပါင္ တန္လက္မွတ္နဲ႔ ၁၆၉ ေပါင္တန္လက္မွတ္ ၂ ခုစလံုးကို ၀ယ္ယူႏိုင္ၿပီး ပက္ေက့ခ်္အလိုက္ အစီအစဥ္ေတြလည္း တင္ဆက္ေပးဖို႔ရွိပါတယ္။ အဲဒီအစီအစဥ္ေတြထဲမွာ အာဆင္နယ္အသင္းရဲ႕ဂႏၱ၀င္ကစားသမားေတြနဲ႔ အေမးအေျဖလုပ္တဲ့ပံုစံေတြ ၊ အက္ဖ္ေအဖလား၊ ကြန္ျမဴနတီ ဒိုင္းတုိ႔နဲ႔တြဲၿပီး ဓာတ္ပံုရိုက္တာေတြ ျပဳလုပ္ႏိုင္ပါေသးတယ္။

ပက္ေက့ခ်္အလိုက္ အစားအ ေသာက္၊ ၀ိုင္၊ ဘီယာ၊ ေခ်ာကလက္၊ အေအး၊ လက္ေဆာင္ပစၥည္းေပးအပ္မႈေတြနဲ႔အတူ လက္ မွတ္၀ယ္ယူထားတဲ့ မန္ဘာေတြဟာ ၈၆ လက္မ ဖန္သားျပင္အႀကီးႀကီးေပၚမွာ ေဘာလံုးပြဲကို ၾကည့္ရႈအားေပးႏိုင္မွာလည္း ျဖစ္ပါတယ္။

သူတို႔ေတြအားလံုးဟာ ၿဗိတိန္အစိုးရကခ်မွတ္ထား တဲ့ ကိုဗစ္ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကိုေတာ့ အတိအက်လိုက္နာရမွာျဖစ္ၿပီး ဒီအစီအစဥ္ နဲ႔ပတ္သက္ၿပီး အစိုးရတာ၀န္ရွိသူေတြဘက္က တရား၀င္ခြင့္ျပဳခ်က္ေပးတာမ်ဳိးေတာ့ မရွိေသးပါဘူး။ သူတို႔ေတြဟာ သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြထဲက အပူခ်ိန္တိုင္းတာေတြ၊ ကိုဗစ္ဗိုင္း ရပ္စ္စစ္ေဆးတာေတြနဲ႔ ေနရပ္လိပ္စာအတိအက်ေပးအပ္တာေတြကို မျဖစ္မေနျပဳလုပ္ရမွာ လည္း ျဖစ္ပါတယ္။

ဒီစားေသာက္ဆုိင္ဟာ အာဆင္နယ္အသင္းရဲ႕ ပလက္တီနမ္ Level မန္ဘာေတြသီးသန္႔အားေပးခြင့္ရတဲ့ဆိုင္လည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လကတည္းက ပရီး မီးယားလိဂ္ေဘာလံုးပြဲစဥ္ေတြကို ပရိသတ္ေတြမပါဘဲ ယွဥ္ၿပိဳင္ကစားခဲ့ရတာျဖစ္ၿပီး ဒီအစီအစဥ္သာ ခြင့္ျပဳခ်က္ရရွိခဲ့မယ္ဆိုရင္ အာဆင္နယ္အသင္းအတြက္ ပရိသတ္ေတြနဲ႔အတူ ေဘာလံုးပြဲၾကည့္ခြင့္ ပထမဆံုးရရွိမွာလည္းျဖစ္ပါတယ္။