အိုဇေးလ်နဲ့ ဒရင့်ဝါးတားတို့လို့ ဥရောပပြိုင်ပွဲဝင် ကလပ်အသင်းလူစာရင်းမှာမပါတဲ့သူတွေရဲ့တန်ကြေးက ပေါင် ၂၃၇ သန်း အထိရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လာမယ့်ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဥရောပပွဲစဉ်တွေအတွက် ကလပ် အသင်းအသီးသီးက လူစာရင်းတွေတင်သွင်းခဲ့ကြပါတယ်။ ဒီလိုတင်သွင်းခဲ့တဲ့နေရာမှာ ချန် လှပ်ထားခံခဲ့ရတဲ့ နာမည်ကြီးကစားသမားတွေလည်း ရှိပါတယ်။ ဒီကစားသမားတွေအားလုံး ပေါင်းတန်ကြေးက ပေါင် ၂၃၇ သန်းအထိ ရှိနေတာကို အံ့အားသင့်ဖွယ်တွေ့ရမှာပါ။

သူတို့တွေထဲမှာ နာမည်အကြီးဆုံးကစားသမားကတော့ အာဆင်နယ်မှာ တစ်ပတ်ပေါင် ၃၅၀၀၀၀ ရနေတဲ့ အိုဇေးလ်ပါပဲ။ အသက် ၃၁ အရွယ်ရှိ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ စာချုပ် သက်တမ်း ၉ လ ကျန်နေသေးပြီး အသင်းဘက်က သူ့ကိုဇန်နဝါရီဈေးကွက်မှာ ရောင်းချနိုင်ဖို့ လည်း ကြိုးစားနေပါတယ်။ သူ့ရဲ့လက်ရှိလုပ်ခလစာနဲ့ပတ်သက်ပြီး အာဆင်နယ်က လျှော့ယူ ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့်လည်း ကာယကံရှင်အိုဇေးလ်ကတော့ စာချုပ်ထဲက အတိုင်း သူ့ရဲ့လက်ကျန်စာချုပ်သက်တမ်းအတွက် ပေါင် ၁၃ သန်း အပြည့်လိုချင် တယ်လို့ ဆိုထားပါတယ်။

အိုဇေးလ်ဟာ အာတီတာရဲ့အစီအစဉ်ထဲမှာမပါဝင်သလို အသင်းဘက်က ပရီးမီးယားလိဂ်လူစာရင်းကနေပါ ဖယ်ရှားတာမျိုးတွေရှိလာနိုင်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အာဆင်နယ်အသင်းရဲ့ လာဘ်ကောင်ရုပ်လေးရဲ့လစာကို သူ အာဆင်နယ် ကစားသမားအဖြစ်ရှိနေမယ့် ကာလတစ်လျှောက် ပေးသွားမယ်လို့ ကြေညာထားခဲ့တဲ့ အိုဇေးလ်အတွက်ကတော့ ငွေမက်တယ်လို့စွပ်စွဲခံရမယ့်သတင်းပါပဲ။

အိုဇေးလ်အနေနဲ့ အသင်း ပြောင်းချင်ရင်တောင် လာမယ့် ဇန်နဝါရီလအထိ စောင့်ဆိုင်းရဖို့ရှိနေပြီး အာဆင်နယ် က သူ့ကိုလစာလျှော့ယူစေချင်တာပါ။ အိုဇေးလ်လိုမျိုးပဲ ဥရောပပြိုင်ပွဲ ကစားသမားစာရင်းမှာ ချန်လှပ်ခံရတဲ့ နာမည်ကြီးကစားသမားတွေထဲမှာ ဈေးကွက်တန်ကြေးအရ မြင့်မားနေတဲ့သူ တွေ လည်း ပါဝင်နေပါတယ်။

အသင်းလိုက်ပြောရမယ်ဆိုရင် အာဆင်နယ်မှာ အိုဇေးလ်(ပေါင် ၄၂.၅ သန်း)၊ ဆိုကရာတစ်(ပေါင် ၁၇.၇ သန်း)၊ ဝီလျံဆာလီဘာ(ပေါင် ၂၇ သန်း)၊ ချဲလ်ဆီးက မော့ဆက်(ပေါင် ၉ သန်း)၊ ဒရင့်ဝါးတား(ပေါင် ၃၅ သန်း)၊ မန်ယူက ရိုမီယို(အလွတ်)၊ ဖီးလ် ဂျုံးစ်(ပေါင် ၁၇ သန်း)၊ ရိုဂျို(ပေါင် ၁၆ သန်း)၊ လီဗာပူးက ဟယ်ရီဝီလ်ဆင်(ပေါင် ၁၅.၇၅ သန်း)၊ စပါးက ဖာနန်ဒက်ဇ်(ပေါင် ၅၆ သန်း)၊ ဒန်နီရို့စ်(ပေါင် ၁ သန်း)တို့ပဲ ဖြစ်ပါတယ်။

ဒီလို ကစားသမားတွေအားလုံးရဲ့တန်ကြေးက ပေါင် ၂၃၇ သန်းရှိနေတာပါ။ ကလပ်အသင်းတွေ အနေနဲ့ ယူအီးအက်ဖ်အေက ထုတ်ပြန်ထားတဲ့စည်းမျဉ်းတစ်ခုဖြစ်တဲ့ ဥရောပပြိုင်ပွဲဝင် ၂၅ ဦး စာရင်းမှာ ငယ်မွေးခြံပေါက်ကစားသမား ၈ ဦးအနည်းဆုံး ထည့်သွင်းကစားရမှာဖြစ်တဲ့အတွက် ကျန်တဲ့ကစားသမားစာရင်းမှာ ၁၇ ဦးစာပဲ နေရာရမှာဖြစ်ပါတယ်။ ဒါကြောင့် အသင်းတွေဟာ ဥရောပပြိုင်ပွဲအတွက်လူစာရင်းမှာ နာမည်ကြီးကစားသမားအချို့ကို မဖြစ်မနေ ချန်လှပ်ခဲ့ရတာ လည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိုေဇးလ္နဲ႔ ဒရင့္၀ါးတားတို႔လို႔ ဥေရာပၿပိဳင္ပြဲ၀င္ ကလပ္အသင္းလူစာရင္းမွာမပါတဲ့သူေတြရဲ႕တန္ေၾကးက ေပါင္ ၂၃၇ သန္း အထိရွိေန

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက လာမယ့္ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ဥေရာပပြဲစဥ္ေတြအတြက္ ကလပ္ အသင္းအသီးသီးက လူစာရင္းေတြတင္သြင္းခဲ့ၾကပါတယ္။ ဒီလိုတင္သြင္းခဲ့တဲ့ေနရာမွာ ခ်န္ လွပ္ထားခံခဲ့ရတဲ့ နာမည္ႀကီးကစားသမားေတြလည္း ရွိပါတယ္။ ဒီကစားသမားေတြအားလံုး ေပါင္းတန္ေၾကးက ေပါင္ ၂၃၇ သန္းအထိ ရွိေနတာကို အံ့အားသင့္ဖြယ္ေတြ႕ရမွာပါ။

သူတို႔ေတြထဲမွာ နာမည္အႀကီးဆံုးကစားသမားကေတာ့ အာဆင္နယ္မွာ တစ္ပတ္ေပါင္ ၃၅၀၀၀၀ ရေနတဲ့ အိုေဇးလ္ပါပဲ။ အသက္ ၃၁ အရြယ္ရွိ အိုေဇးလ္ဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္ သက္တမ္း ၉ လ က်န္ေနေသးၿပီး အသင္းဘက္က သူ႕ကိုဇန္န၀ါရီေစ်းကြက္မွာ ေရာင္းခ်ႏိုင္ဖို႔ လည္း ႀကိဳးစားေနပါတယ္။ သူ႕ရဲ႕လက္ရွိလုပ္ခလစာနဲ႔ပတ္သက္ၿပီး အာဆင္နယ္က ေလွ်ာ့ယူ ဖို႔အတြက္ ေဆြးေႏြးမႈေတြျပဳလုပ္ေနေပမယ့္လည္း ကာယကံရွင္အိုေဇးလ္ကေတာ့ စာခ်ဳပ္ထဲက အတိုင္း သူ႕ရဲ႕လက္က်န္စာခ်ဳပ္သက္တမ္းအတြက္ ေပါင္ ၁၃ သန္း အျပည့္လိုခ်င္ တယ္လုိ႔ ဆိုထားပါတယ္။

အိုေဇးလ္ဟာ အာတီတာရဲ႕အစီအစဥ္ထဲမွာမပါ၀င္သလို အသင္းဘက္က ပရီးမီးယားလိဂ္လူစာရင္းကေနပါ ဖယ္ရွားတာမ်ဳိးေတြရွိလာႏိုင္ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက အာဆင္နယ္အသင္းရဲ႕ လာဘ္ေကာင္ရုပ္ေလးရဲ႕လစာကို သူ အာဆင္နယ္ ကစားသမားအျဖစ္ရွိေနမယ့္ ကာလတစ္ေလွ်ာက္ ေပးသြားမယ္လို႔ ေၾကညာထားခဲ့တဲ့ အိုေဇးလ္အတြက္ကေတာ့ ေငြမက္တယ္လို႔စြပ္စြဲခံရမယ့္သတင္းပါပဲ။

အိုေဇးလ္အေနနဲ႔ အသင္း ေျပာင္းခ်င္ရင္ေတာင္ လာမယ့္ ဇန္န၀ါရီလအထိ ေစာင့္ဆိုင္းရဖို႔ရွိေနၿပီး အာဆင္နယ္ က သူ႕ကိုလစာေလွ်ာ့ယူေစခ်င္တာပါ။ အိုေဇးလ္လိုမ်ဳိးပဲ ဥေရာပၿပိဳင္ပြဲ ကစားသမားစာရင္းမွာ ခ်န္လွပ္ခံရတဲ့ နာမည္ႀကီးကစားသမားေတြထဲမွာ ေစ်းကြက္တန္ေၾကးအရ ျမင့္မားေနတဲ့သူ ေတြ လည္း ပါ၀င္ေနပါတယ္။

အသင္းလိုက္ေျပာရမယ္ဆိုရင္ အာဆင္နယ္မွာ အိုေဇးလ္(ေပါင္ ၄၂.၅ သန္း)၊ ဆိုကရာတစ္(ေပါင္ ၁၇.၇ သန္း)၊ ၀ီလ်ံဆာလီဘာ(ေပါင္ ၂၇ သန္း)၊ ခ်ဲလ္ဆီးက ေမာ့ဆက္(ေပါင္ ၉ သန္း)၊ ဒရင့္၀ါးတား(ေပါင္ ၃၅ သန္း)၊ မန္ယူက ရိုမီယို(အလြတ္)၊ ဖီးလ္ ဂ်ဳံးစ္(ေပါင္ ၁၇ သန္း)၊ ရိုဂ်ဳိ(ေပါင္ ၁၆ သန္း)၊ လီဗာပူးက ဟယ္ရီ၀ီလ္ဆင္(ေပါင္ ၁၅.၇၅ သန္း)၊ စပါးက ဖာနန္ဒက္ဇ္(ေပါင္ ၅၆ သန္း)၊ ဒန္နီရို႕စ္(ေပါင္ ၁ သန္း)တို႔ပဲ ျဖစ္ပါတယ္။

ဒီလို ကစားသမားေတြအားလံုးရဲ႕တန္ေၾကးက ေပါင္ ၂၃၇ သန္းရွိေနတာပါ။ ကလပ္အသင္းေတြ အေနနဲ႔ ယူအီးအက္ဖ္ေအက ထုတ္ျပန္ထားတဲ့စည္းမ်ဥ္းတစ္ခုျဖစ္တဲ့ ဥေရာပၿပိဳင္ပြဲ၀င္ ၂၅ ဦး စာရင္းမွာ ငယ္ေမြးၿခံေပါက္ကစားသမား ၈ ဦးအနည္းဆံုး ထည့္သြင္းကစားရမွာျဖစ္တဲ့အတြက္ က်န္တဲ့ကစားသမားစာရင္းမွာ ၁၇ ဦးစာပဲ ေနရာရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းေတြဟာ ဥေရာပၿပိဳင္ပြဲအတြက္လူစာရင္းမွာ နာမည္ႀကီးကစားသမားအခ်ဳိ႕ကို မျဖစ္မေန ခ်န္လွပ္ခဲ့ရတာ လည္း ျဖစ္ပါတယ္။