ဒီရာသီရဲ့ အကောင်းဆုံးတိုက်စစ်မှူး ကလာ့ခ်လီဝင်ဆိုတာ တစ်ချိန်က အင်္ဂလန် Non League အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့သူပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းနဲ့အတူ ဟက်ထရစ် ၂ ကြိမ်ရထားပြီး ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ကလာ့ခ်လီဝင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ပထမဆုံး အကြိမ်အဖြစ် ခေါ်ယူခံထားရတဲ့သူပါ။ သူဟာ သူ့ရဲ့စီနီယာကစားသမားဘဝကို တခြားသူ တွေလို ရိုးရိုးအသင်းငယ်လေးတွေကစတင်ခဲ့တာတောင်မဟုတ်ဘဲ အင်္ဂလန်မှာရှိတဲ့ Non League လို့ ခေါ်တဲ့ အဆင့်နိမ့်ပြိုင်ပွဲကလပ်အသင်းတစ်ခုကနေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။

စတန်လေ ဘရစ်ချ်လို့ခေါ်တဲ့ Non League က အသင်းငယ်လေးတစ်ခုကနေ စီနီယာကစားသမားဘ၀ ကို အသက် ၁၆ နှစ်အရွယ်မှာ စတင်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်ကိုခေါ်ခဲ့တဲ့သူပါ။ လက်ရှိမှာ ၂၃ နှစ်သာရှိသေးတဲ့ ကလာ့ခ်လီဝင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ခြေစွမ်းပြကစားခဲ့ပြီး ကမ္ဘာ့ဖလားဆုတံဆိပ်ရခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ဗင်နီဇွဲလားအသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကိုပြသနိုင်ခဲ့သလို ကမ္ဘာ့အဆင့်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ၃ ယောက်မြောက် အင်္ဂလိပ်လူမျိုးတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ သူဟာ ဝေးလ်အသင်းနဲ့ကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ် ခံထားရပြီး အဆင်သင့်ဖြစ်နေပါပြီ။

သူနဲ့ပတ်သက်ပြီး အသင်းဖော် ရစ်ချာလီဆန်က စီရော်နယ်ဒိုနဲ့တောင် နှိုင်းယှဉ်ပြောကြားခဲ့ပါသေးတယ်။ ရစ်ချာလီဆန်က “သူဟာ တိုက်စစ်မှူးစစ် စစ်အဖြစ် အကောင်းဆုံးကစားနိုင်တဲ့သူပါ။ နေ့တိုင်း GYM ကိုသွားသလို အဆုံးသတ်ဂိုးသွင်း သေချာဖို့အတွက်လည်း အမြဲတမ်းလေ့ကျင့်နေပါတယ်။ အန်ဆလော့တီရဲ့လက်အောက်မှာ သူက ပိုကောင်းလာဖို့ပဲရှိတယ်။ အင်္ဂလန်အသင်းအတွက် အရွေးခံရတာ အပြည့်အဝထိုက်တန် မှုရှိပါတယ်။ စီရော်နယ်ဒိုလိုပဲ အချိန်ပြည့်ကြိုးစားနေတဲ့သူဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့သူပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

အန်ဆလော့တီဟာ လီဝင်ကို တစ်ချိန်က နာမည်ကြီးတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တဲ့ ဖိလစ်ပိုအင်ဇာဂီရဲ့ကစားပုံနဲ့ ပင်နယ်တီ ဧရိယာအတွင်း တစ်ချက်ထိဂိုးသွင်းပုံတွေကို ဗီဒီယိုပြသပြီး ပိုကောင်းလာအောင် လုပ်ပေးနေပါတယ်။ အန်ဆလော့တီက “ကျွန်တော့်အမြင်မှာတော့ သူဟာ ပင်နယ်တီဧရိယာအတွင်း ပါးရည်နပ်ရည်ရှိပြီး ထက်မြက်တဲ့တိုက်စစ်မှူးပါ။ အင်္ဂလန်နဲ့ ဥရောပမှာ သူဟာ ထိပ်တန်းတစ် ယောက်ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်ရဲ့ Non League ကနေ တက်လာတဲ့ လူငယ်တိုက်စစ်မှူး လီဝင်တစ်ယောက် ထိပ်တန်းအဆင့်တိုက်စစ်မှူးအနေအ ထားကို ဘယ်တော့ရောက်ရှိပြီး ကြာရှည်ခံမလဲဆိုတာ အချိန်ကာလက အဆုံးအဖြတ်ပေးသွား ဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီရဲ႕ အေကာင္းဆံုးတိုက္စစ္မွဴး ကလာ့ခ္လီ၀င္ဆိုတာ တစ္ခ်ိန္က အဂၤလန္ Non League အသင္းကေန ထြက္ေပၚလာခဲ့တဲ့သူပါ

အဲဗာတန္အသင္းနဲ႔အတူ ဟက္ထရစ္ ၂ ႀကိမ္ရထားၿပီး ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး ကလာ့ခ္လီ၀င္ဟာ အဂၤလန္လက္ေရြးစင္အသင္းႀကီးအတြက္လည္း ပထမဆံုး အႀကိမ္အျဖစ္ ေခၚယူခံထားရတ့ဲသူပါ။ သူဟာ သူ႕ရဲ႕စီနီယာကစားသမားဘ၀ကို တျခားသူ ေတြလို ရိုးရိုးအသင္းငယ္ေလးေတြကစတင္ခဲ့တာေတာင္မဟုတ္ဘဲ အဂၤလန္မွာရွိတဲ့ Non League လို႔ ေခၚတဲ့ အဆင့္နိမ့္ၿပိဳင္ပြဲကလပ္အသင္းတစ္ခုကေန စတင္ခဲ့တာလည္းျဖစ္ပါတယ္။

စတန္ေလ ဘရစ္ခ်္လို႔ေခၚတဲ့ Non League က အသင္းငယ္ေလးတစ္ခုကေန စီနီယာကစားသမားဘ၀ ကို အသက္ ၁၆ ႏွစ္အရြယ္မွာ စတင္ခဲ့ၿပီး ရွက္ဖီးယူႏုိက္တက္ကိုေခၚခဲ့တဲ့သူပါ။ လက္ရွိမွာ ၂၃ ႏွစ္သာရွိေသးတဲ့ ကလာ့ခ္လီ၀င္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက ေတာင္ကိုရီးယားႏိုင္ငံမွာ က်င္းပခဲ့တဲ့ ဖီဖာယူ-၂၀ ကမာၻ႕ဖလားၿပိဳင္ပြဲ၀င္ အဂၤလန္အသင္းမွာ ေျခစြမ္းျပကစားခဲ့ၿပီး ကမာၻ႔ဖလားဆုတံဆိပ္ရခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

ဗင္နီဇြဲလားအသင္းကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ဗိုလ္လုပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး သူ႕ရဲ႕အရည္အခ်င္းကိုျပသႏိုင္ခဲ့သလို ကမာၻ႕အဆင့္ဗိုလ္လုပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၃ ေယာက္ေျမာက္ အဂၤလိပ္လူမ်ဳိးတစ္ဦးလည္းျဖစ္လာခဲ့ပါတယ္။ အခုဆိုရင္ေတာ့ သူဟာ ေ၀းလ္အသင္းနဲ႔ကစားမယ့္ အဂၤလန္လက္ေရြးစင္အသင္းႀကီးအတြက္ ေရြးခ်ယ္ ခံထားရၿပီး အဆင္သင့္ျဖစ္ေနပါၿပီ။

သူနဲ႔ပတ္သက္ၿပီး အသင္းေဖာ္ ရစ္ခ်ာလီဆန္က စီေရာ္နယ္ဒိုနဲ႔ေတာင္ ႏႈိ္င္းယွဥ္ေျပာၾကားခဲ့ပါေသးတယ္။ ရစ္ခ်ာလီဆန္က “သူဟာ တုိက္စစ္မွဴးစစ္ စစ္အျဖစ္ အေကာင္းဆံုးကစားႏိုင္တဲ့သူပါ။ ေန႔တိုင္း GYM ကိုသြားသလို အဆံုးသတ္ဂိုးသြင္း ေသခ်ာဖို႔အတြက္လည္း အၿမဲတမ္းေလ့က်င့္ေနပါတယ္။ အန္ဆေလာ့တီရဲ႕လက္ေအာက္မွာ သူက ပိုေကာင္းလာဖို႔ပဲရွိတယ္။ အဂၤလန္အသင္းအတြက္ အေရြးခံရတာ အျပည့္အ၀ထုိက္တန္ မႈရွိပါတယ္။ စီေရာ္နယ္ဒိုလိုပဲ အခ်ိန္ျပည့္ႀကိဳးစားေနတဲ့သူျဖစ္ၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့သူပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အန္ဆေလာ့တီဟာ လီ၀င္ကို တစ္ခ်ိန္က နာမည္ႀကီးတိုက္စစ္မွဴးတစ္ဦးျဖစ္ခဲ့တဲ့ ဖိလစ္ပိုအင္ဇာဂီရဲ႕ကစားပံုနဲ႔ ပင္နယ္တီ ဧရိယာအတြင္း တစ္ခ်က္ထိဂိုးသြင္းပံုေတြကို ဗီဒီယိုျပသၿပီး ပိုေကာင္းလာေအာင္ လုပ္ေပးေနပါတယ္။ အန္ဆေလာ့တီက “ကၽြန္ေတာ့္အျမင္မွာေတာ့ သူဟာ ပင္နယ္တီဧရိယာအတြင္း ပါးရည္နပ္ရည္ရွိၿပီး ထက္ျမက္တဲ့တိုက္စစ္မွဴးပါ။ အဂၤလန္နဲ႔ ဥေရာပမွာ သူဟာ ထိပ္တန္းတစ္ ေယာက္ျဖစ္လာႏိုင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အဂၤလန္ရဲ႕ Non League ကေန တက္လာတဲ့ လူငယ္တိုက္စစ္မွဴး လီ၀င္တစ္ေယာက္ ထိပ္တန္းအဆင့္တိုက္စစ္မွဴးအေနအ ထားကို ဘယ္ေတာ့ေရာက္ရွိၿပီး ၾကာရွည္ခံမလဲဆိုတာ အခ်ိန္ကာလက အဆံုးအျဖတ္ေပးသြား ဖို႔ရွိပါတယ္။