ဒေဝါလီခံရမယ့်အရေးက ရှောင်လွှဲနိုင်ဖို့ ရောင်းလို့ရတဲ့ကစားသမားတွေအားလုံး ထုတ်ရောင်းနေတဲ့ ဗလန်စီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြဟောင်း ဘင်နီတက်ဇ်လက်ထက်တုန်းက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့သလို စပိန်လာလီဂါမှာဆိုရင်လည်း ကြီး ၃ ကြီးရဲ့နောက်မှာ ဆီဗီလာနဲ့အတူ အကောင်းဆုံးဖျက်မြင်းအသင်းဖြစ်ခဲ့တဲ့ ဗလန်စီယာရဲ့ ဒီနေ့အနေအထားကတော့ မယုံကြည် နိုင်လောက်အောင်ပါပဲ။ တန်းဆင်းသွားရတဲ့အထိ အခြေအနေဆိုးတာမျိုးမဟုတ်ဘဲ အသင်း မှာရှိတဲ့ ရောင်းလို့ရသမျှ ကစားသမားအားလုံးကို ထုတ်ရောင်းနေရတာဖြစ်တဲ့အတွက် အသင်း ရဲ့အနာဂတ်က မှန်းဆရခက်လာပါပြီ။

ဒီလိုကိစ္စတွေဖြစ်လာတာဟာ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၅ ခု နှစ်တုန်းက အသင်းကို စင်ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ပီတာလင်း ဝယ်ယူလိုက်ပြီး တဖြည်းဖြည်းနဲ့ ဖြစ်လာခဲ့တာပါ။ ပီတာလင်းဟာ တရုတ်-စင်ကာပူ လူမျိုးတစ်ဦးဖြစ်ပြီး အာရှ ရဲ့ အချမ်းသာဆုံးသူတွေထဲမှာပါသလို ဖော်မြူလာဝမ်းကားပြိုင်ပွဲ၊ ဝမ်းချန်ပီယံရှစ်စတဲ့ အားကစားနယ်ပယ်တွေမှာလည်း လက်တံရှိတဲ့သူတစ်ဦးပါ။

ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက် မှာဆိုရင် ဗလန်စီယာဟာ ဖာရန်တောရက်စ်(မန်စီးတီး)၊ ရိုဒရီဂို(လိဒ်စ်)၊ ပါရီဂျို(ဗီလာရီးရဲလ်) တို့အပါအဝင် ကစားသမားအတော်များများကို ရောင်းချခဲ့ပါတယ်။

ကစားသမားတွေရောင်းချ ပြီး ပိုက်ဆံရှာခဲ့ပေမယ့် အသင်းအတွက် အသစ်ပြန်လည်ခေါ်ယူတဲ့သူတစ်ဦးမှမရှိတဲ့အတွက် နည်းပြဂါစီယာက စိတ်ပျက်နေပြီး အသင်းကထွက်ခွာမယ့်သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗလန်စီယာအသင်းပရိသတ်တွေအတွက် သတင်းကောင်းကတော့ အသင်းဥက္ကဋ္ဌ မာတီနဲ့ ဂါစီယာတို့ ၂ ဦးအကြား ၂ နာရီကျော်ကြာ ဆွေးနွေးမှုအပြီးမှာတော့ နည်းပြအဖြစ် ဆက်ရှိသွားမယ်ဆိုတာ သေချာသွားခဲ့တယ်။

ဂါစီယာဟာ အသင်းပိုင်ရှင် ပီတာလင်း လက်ထက် ၇ ယောက်မြောက် နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်ကတည်းက အသင်းအနေနဲ့ ဒေဝါလီမခံချင်ရင် ရှိတဲ့ကစားသမား တွေကို ရောင်းထုတ်ရမှာဖြစ်တဲ့အကြောင်း ပီတာလင်းက ပြောကြားထားပြီးသားပါ။

ဒါကြောင့် လည်း ကစားသမားအတော်များများကိုရောင်းချခဲ့သလို ဂါရေး၊ ဖလော်ရန်ဇီ၊ ကော်စတာစတဲ့ ကစားသမားတွေကိုလည်း စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ ဗလန်စီယာအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဆိုးရွားနေတာကို အခုလိုနည်းနဲ့ပဲဖြေရှင်းနိုင်မယ့်အကြောင်း ပီတာလင်းက ပရိသတ်တွေကို ကြေညာထားခဲ့ပြီး အတူတကွရုန်းကန်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိ ဘောလုံးရာသီမှာတော့ ဗလန်စီယာဟာ ရှိတဲ့သူတွေနဲ့ပဲ အကောင်းဆုံးယှဉ်ပြိုင်ကစားနေပြီး လာမယ့်အနာဂတ်မှာ ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ကိုဗစ် ကာလအခက်အခဲတွေကြောင့် ငွေကြေးပြဿနာတွေနဲ့ ကလပ်အသင်းအားလုံးနီးပါး ရင်ဆိုင် နေရပြီး ကစားသမားထုတ်ရောင်းတာတွေ၊ အသင်းဝန်ထမ်းလျှော့ချတာတွေ ကိုယ်စီလုပ်နေ တဲ့ အနေအထားမှာ တစ်ချိန်က လာလီဂါရဲ့ဖျက်မြင်းအသင်းဖြစ်တဲ့ ဗလန်စီယာ အသင်း ပျောက်ကွယ်မသွားဖို့ပဲ ဆုတောင်းရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဒ၀ါလီခံရမယ့္အေရးက ေရွာင္လႊဲႏိုင္ဖို႔ ေရာင္းလို႔ရတဲ့ကစားသမားေတြအားလံုး ထုတ္ေရာင္းေနတဲ့ ဗလန္စီယာ

နည္းျပေဟာင္း ဘင္နီတက္ဇ္လက္ထက္တုန္းက ယူရိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့သလို စပိန္လာလီဂါမွာဆိုရင္လည္း ႀကီး ၃ ႀကီးရဲ႕ေနာက္မွာ ဆီဗီလာနဲ႔အတူ အေကာင္းဆံုးဖ်က္ျမင္းအသင္းျဖစ္ခဲ့တဲ့ ဗလန္စီယာရဲ႕ ဒီေန႔အေနအထားကေတာ့ မယံုၾကည္ ႏိုင္ေလာက္ေအာင္ပါပဲ။ တန္းဆင္းသြားရတဲ့အထိ အေျခအေနဆိုးတာမ်ဳိးမဟုတ္ဘဲ အသင္း မွာရွိတဲ့ ေရာင္းလို႔ရသမွ် ကစားသမားအားလံုးကို ထုတ္ေရာင္းေနရတာျဖစ္တဲ့အတြက္ အသင္း ရဲ႕အနာဂတ္က မွန္းဆရခက္လာပါၿပီ။

ဒီလုိကိစၥေတြျဖစ္လာတာဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ ၂၀၁၅ ခု ႏွစ္တုန္းက အသင္းကို စင္ကာပူအေျခစိုက္ စီးပြားေရးလုပ္ငန္းရွင္ ပီတာလင္း ၀ယ္ယူလိုက္ၿပီး တျဖည္းျဖည္းနဲ႔ ျဖစ္လာခဲ့တာပါ။ ပီတာလင္းဟာ တရုတ္-စင္ကာပူ လူမ်ဳိးတစ္ဦးျဖစ္ၿပီး အာရွ ရဲ႕ အခ်မ္းသာဆံုးသူေတြထဲမွာပါသလို ေဖာ္ျမဴလာ၀မ္းကားၿပိဳင္ပြဲ၊ ၀မ္းခ်န္ပီယံရွစ္စတဲ့ အားကစားနယ္ပယ္ေတြမွာလည္း လက္တံရွိတဲ့သူတစ္ဦးပါ။

ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ေစ်းကြက္ မွာဆိုရင္ ဗလန္စီယာဟာ ဖာရန္ေတာရက္စ္(မန္စီးတီး)၊ ရိုဒရီဂို(လိဒ္စ္)၊ ပါရီဂ်ဳိ(ဗီလာရီးရဲလ္) တို႔အပါအ၀င္ ကစားသမားအေတာ္မ်ားမ်ားကို ေရာင္းခ်ခဲ့ပါတယ္။

ကစားသမားေတြေရာင္းခ် ၿပီး ပိုက္ဆံရွာခဲ့ေပမယ့္ အသင္းအတြက္ အသစ္ျပန္လည္ေခၚယူတဲ့သူတစ္ဦးမွမရွိတဲ့အတြက္ နည္းျပဂါစီယာက စိတ္ပ်က္ေနၿပီး အသင္းကထြက္ခြာမယ့္သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့ ဗလန္စီယာအသင္းပရိသတ္ေတြအတြက္ သတင္းေကာင္းကေတာ့ အသင္းဥကၠ႒ မာတီနဲ႔ ဂါစီယာတို႔ ၂ ဦးအၾကား ၂ နာရီေက်ာ္ၾကာ ေဆြးေႏြးမႈအၿပီးမွာေတာ့ နည္းျပအျဖစ္ ဆက္ရွိသြားမယ္ဆိုတာ ေသခ်ာသြားခဲ့တယ္။

ဂါစီယာဟာ အသင္းပိုင္ရွင္ ပီတာလင္း လက္ထက္ ၇ ေယာက္ေျမာက္ နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ျပႆနာေၾကာင့္ ၿပီးခဲ့တဲ့ေဘာလံုးရာသီအကုန္ကတည္းက အသင္းအေနနဲ႔ ေဒ၀ါလီမခံခ်င္ရင္ ရွိတဲ့ကစားသမား ေတြကို ေရာင္းထုတ္ရမွာျဖစ္တဲ့အေၾကာင္း ပီတာလင္းက ေျပာၾကားထားၿပီးသားပါ။

ဒါေၾကာင့္ လည္း ကစားသမားအေတာ္မ်ားမ်ားကိုေရာင္းခ်ခဲ့သလို ဂါေရး၊ ဖေလာ္ရန္ဇီ၊ ေကာ္စတာစတဲ့ ကစားသမားေတြကိုလည္း စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။ ဗလန္စီယာအသင္းရဲ႕ ဘ႑ာေရး အေျခအေနဆိုးရြားေနတာကို အခုလိုနည္းနဲ႔ပဲေျဖရွင္းႏိုင္မယ့္အေၾကာင္း ပီတာလင္းက ပရိသတ္ေတြကို ေၾကညာထားခဲ့ၿပီး အတူတကြရုန္းကန္ၾကဖို႔ တုိက္တြန္းထားပါတယ္။

လက္ရွိ ေဘာလံုးရာသီမွာေတာ့ ဗလန္စီယာဟာ ရွိတဲ့သူေတြနဲ႔ပဲ အေကာင္းဆံုးယွဥ္ၿပိဳင္ကစားေနၿပီး လာမယ့္အနာဂတ္မွာ ဘယ္လုိျဖစ္လာဦးမလဲဆိုတာ စိတ္၀င္တစားေစာင့္ၾကည့္ရမွာပါ။ ကိုဗစ္ ကာလအခက္အခဲေတြေၾကာင့္ ေငြေၾကးျပႆနာေတြနဲ႔ ကလပ္အသင္းအားလံုးနီးပါး ရင္ဆိုင္ ေနရၿပီး ကစားသမားထုတ္ေရာင္းတာေတြ၊ အသင္း၀န္ထမ္းေလွ်ာ့ခ်တာေတြ ကိုယ္စီလုပ္ေန တဲ့ အေနအထားမွာ တစ္ခ်ိန္က လာလီဂါရဲ႕ဖ်က္ျမင္းအသင္းျဖစ္တဲ့ ဗလန္စီယာ အသင္း ေပ်ာက္ကြယ္မသြားဖို႔ပဲ ဆုေတာင္းရမွာပါ။