ဘရူနိုဖာနန်ဒက်စ် အပေါ် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာဖိစီးမှုများလာမှာကို ယူနိုက်တက် စိုးရိမ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အပေါ် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေပိုများလာမှာကို စိုးရိမ်နေပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝအစမှာ အကောင်းဆုံးခြေစွမ်းပြလာနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၇ပွဲမှာ ၁၀ဂိုးသွင်း၊ ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖေဖော်ဂါရီလနဲ့ ဇွန်လတို့မှာ ပရီမီးယားလိဂ်ကပေးတဲ့ အကောင်းဆုံးကစားသမားဆုတွေလည်းရရှိခဲ့ပါတယ်။

ဒါပေမယ့် စပါးကို ၆ ဂိုး၊ ၁ဂိုးနဲ့ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ ပထမပိုင်းအပြီးမှာတင်လူစားလဲခံခဲ့ရပါတယ်။ ပေါ်တူဂီနေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ O Jogoက ဖာနန်ဒက်စ်အပေါ် မျှော်လင့်ချက်နဲ့ တောင်းဆိုမှုတွေများလာတာကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေ စိုးရိမ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းကိုယ်တိုင်ကလည်း ဖာနန်ဒက်စ်ကို သိသိသာသာ ပိုမှီခိုလာရပါတယ်။ ရာသီသစ် ပရီးမီးယားလိဂ် ၃ပွဲမှာ ၂ပွဲက ဘရူနိုဖာနန်ဒက်စ် ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲတွေဖြစ်နေပါတယ်။ အထူးသဖြင့် ရာသီသစ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရော မာရှယ်ပါ ဂိုးသွင်းခြေပျက်နေသလို ပေါ့ဘာဆီကလည်း ဂိုးဖန်တီးမှုတစ်ကြိမ်မှမရသေးတာကြောင့် ဘရူနိုဖာနန်ဒက်စ်အပေါ်ပဲ ပိုမိုမှီခိုလာရပါတယ်။ ဒီနှစ်ရာသီအဖွင့်ပွဲစဉ်မှာလည်း ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ယူနိုက်တက်အသင်းဟာ ၃ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့ပါသေးတယ်။

ဒါကို သတိထားမိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ နွေရာသီဈေးကွက်မပိတ်ခင် အက်ဒီဆင်ကာဗာနီနဲ့ အဲလက်စ်တဲလက်စ်တို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ပေါ်တူဂီကွင်းလယ်လူအပေါ် ဝန်ထုပ်ဝန်ပိုးတွေ ဘယ်လောက်အထိ လျှော့ချနိုင်မလဲကိုတော့ မန်ယူပရိသတ်တွေ စောင့်ကြည့်နေကြပါတယ်။ စပါး ကိုဂိုးပြတ် ရှုံးခဲ့တဲ့ပွဲဟာ ယူနိုက်တက်အသင်းအတွင်းမှာ လှုပ်ခတ်မှုတွေများစွာဖြစ်ခဲ့ပြီး အသင်းဘုတ်အဖွဲ့က ဆိုးလ်ရှားနေရာမှာ ပိုချက်တီနိုနဲ့ အစားထိုးဖို့ ဆက်သွယ်နေတဲ့ကိစ္စတွေဟာ အသင်းမှာ တည်ငြိမ်မှုတွေပိုမို လျှော့ကြလာစေပါတယ်။

ဖာနန်ဒက်စ်ကိုယ်တိုင်လည်း သူရဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကိုလည်းတောင်းပန်စကားဆိုထားပါသေးတယ်။ “ယူနိုက်တက်လို ကြီးကျယ်တဲ့အသင်းမျိုးအတွက် ဒီနေ့ ကျွန်တော်တို့ကစားပုံက မလုံလောက်ပါဘူး။ အိမ်ကွင်းမှာ အခုလို အရှုံးကြီးရှုံးရတဲ့အတွက် အသင်းပရိသတ်တွေအားလုံးကို ကျွန်တော်တို့တောင်းပန်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်၊ အသင်းနဲ့ ပရိသတ်တွေအတွက် ဒီထက်ပိုကြိုးစားအားထုတ်သွားပါမယ်။” လို့ ရေးသားထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဗုဒ္ဓဟူးနေ့က စပိန်နဲ့ပေါ်တူဂီတို့ခြေစမ်းပွဲမှာလည်း အရံခုံပေါ်မှာပဲထိုင်ခဲ့ရပြီး သူ့ကို အနားပေးဖို့ လိုအပ်နေတယ်လို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ယုံကြည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘရူႏိုဖာနန္ဒက္စ္ အေပၚ စိတ္ပိုင္းနဲ႔ရုပ္ပိုင္းဆိုင္ရာဖိစီးမႈမ်ားလာမွာကို ယူႏိုက္တက္ စိုးရိမ္ေန

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ အဓိက ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္အေပၚ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆုိင္ရာ ဖိစီးမႈေတြပိုမ်ားလာမွာကို စိုးရိမ္ေနပါတယ္။

ေပၚတူဂီလက္ေရြးစင္ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘ၀အစမွာ အေကာင္းဆံုးေျခစြမ္းျပလာႏုိင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၁၇ပြဲမွာ ၁၀ဂိုးသြင္း၊ ၈ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ေဖေဖာ္ဂါရီလနဲ႕ ဇြန္လတို႕မွာ ပရီမီးယားလိဂ္ကေပးတဲ့ အေကာင္းဆံုးကစားသမားဆုေတြလည္းရရွိခဲ့ပါတယ္။

ဒါေပမယ့္ စပါးကို ၆ ဂိုး၊ ၁ဂိုးနဲ႔ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲမွာ ပထမပိုင္းအၿပီးမွာတင္လူစားလဲခံခဲ့ရပါတယ္။ ေပၚတူဂီေန႔စဥ္ထုတ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ O Jogoက ဖာနန္ဒက္စ္အေပၚ ေမွ်ာ္လင့္ခ်က္နဲ႔ ေတာင္းဆိုမႈေတြမ်ားလာတာေၾကာင့္ ယူႏုိက္တက္တာ၀န္ရွိသူေတြ စိုးရိမ္လာတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္အသင္းကိုယ္တိုင္ကလည္း ဖာနန္ဒက္စ္ကို သိသိသာသာ ပိုမွီခိုလာရပါတယ္။ ရာသီသစ္ ပရီးမီးယားလိဂ္ ၃ပြဲမွာ ၂ပြဲက ဘရူႏိုဖာနန္ဒက္စ္ ဂိုးသြင္းႏုိင္ခဲ့တဲ့ပြဲေတြျဖစ္ေနပါတယ္။ အထူးသျဖင့္ ရာသီသစ္မွာ တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ေရာ မာရွယ္ပါ ဂိုးသြင္းေျခပ်က္ေနသလို ေပါ့ဘာဆီကလည္း ဂိုးဖန္တီးမႈတစ္ႀကိမ္မွမရေသးတာေၾကာင့္ ဘရူႏိုဖာနန္ဒက္စ္အေပၚပဲ ပိုမိုမွီခိုလာရပါတယ္။ ဒီႏွစ္ရာသီအဖြင့္ပြဲစဥ္မွာလည္း ပဲေလ့စ္အသင္းကို ရႈံးနိမ့္ခဲ့ၿပီး ယူႏိုက္တက္အသင္းဟာ ၃ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲတစ္ပြဲသာရရွိခဲ့ပါေသးတယ္။

ဒါကို သတိထားမိတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းတာ၀န္ရွိသူေတြဟာ ေႏြရာသီေစ်းကြက္မပိတ္ခင္ အက္ဒီဆင္ကာဗာနီနဲ႔ အဲလက္စ္တဲလက္စ္တို႔လို ကစားသမားေတြကို ေခၚယူအားျဖည့္ခဲ့ေပမယ့္ ေပၚတူဂီကြင္းလယ္လူအေပၚ ၀န္ထုပ္၀န္ပိုးေတြ ဘယ္ေလာက္အထိ ေလွ်ာ့ခ်ႏိုင္မလဲကိုေတာ့ မန္ယူပရိသတ္ေတြ ေစာင့္ၾကည့္ေနၾကပါတယ္။ စပါး ကိုဂိုးျပတ္ ရႈံးခဲ့တဲ့ပြဲဟာ ယူႏိုက္တက္အသင္းအတြင္းမွာ လႈပ္ခတ္မႈေတြမ်ားစြာျဖစ္ခဲ့ၿပီး အသင္းဘုတ္အဖြဲ႕က ဆိုးလ္ရွားေနရာမွာ ပိုခ်က္တီႏိုနဲ႕ အစားထိုးဖို႔ ဆက္သြယ္ေနတဲ့ကိစၥေတြဟာ အသင္းမွာ တည္ျငိမ္မႈေတြပိုမို ေလွ်ာ့ၾကလာေစပါတယ္။

ဖာနန္ဒက္စ္ကိုယ္တိုင္လည္း သူရဲ႕ အင္စတာဂရမ္ကေန ပရိသတ္ေတြကိုလည္းေတာင္းပန္စကားဆိုထားပါေသးတယ္။ “ယူႏိုက္တက္လို ႀကီးက်ယ္တဲ့အသင္းမ်ိဳးအတြက္ ဒီေန႔ ကြၽန္ေတာ္တို႔ကစားပံုက မလံုေလာက္ပါဘူး။ အိမ္ကြင္းမွာ အခုလို အရံႈးႀကီးရံႈးရတဲ့အတြက္ အသင္းပရိသတ္ေတြအားလံုးကို ကြၽန္ေတာ္တို႔ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္၊ အသင္းနဲ႔ ပရိသတ္ေတြအတြက္ ဒီထက္ပိုႀကိဳးစားအားထုတ္သြားပါမယ္။” လို႕ ေရးသားထားပါတယ္။

ဘရူႏိုဖာနန္ဒက္စ္ဟာ ဗုဒၶဟူးေန႔က စပိန္နဲ႔ေပၚတူဂီတို႔ေျခစမ္းပြဲမွာလည္း အရံခံုေပၚမွာပဲထိုင္ခဲ့ရၿပီး သူ႔ကို အနားေပးဖို႔ လိုအပ္ေနတယ္လို႔ ေပၚတူဂီနည္းျပ ဆန္းတို႔စ္က ယံုၾကည္ေနပါတယ္။