နှစ်ပေါင်း ၄၀ အတွင်း နွေရာသီဈေးကွက်မှာ ကစားသမား တစ်ယောက်မှမခေါ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရွေးစင်အသင်းမှာ အယ်ကလက်စီကိုခေတ် ကုန်ဆုံးသွားခြင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဆိုတာ စပိန်လာလီဂါမှာ အင်အားကြီးအသင်းတွေဖြစ်သလို သူတို့ရဲ့နောက်မှာ တတိယလိုက်တာကတော့ အက်သလက်တီကိုပါပဲ။ နွေရာသီအပြောင်းအ ရွှေ့ဈေးကွက်မှာ ဒီ ၃ သင်းဟာ အရင်တုန်းကလိုမျိုး ကစားသမားသစ်တွေ အပြိုင်အဆိုင်ခေါ် ယူတာမျိုးမရှိခဲ့ပါဘူး။

အထူးသဖြင့် စီရော်နယ်ဒို၊ ကာကာ၊ ဇီဒန်း၊ ကန်နာဗားရိုး၊ ဟာဇက်တို့လို ထိပ်တန်းကစားသမားတွေကို ကြေးမရှောင်ဘဲခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာ သီဈေးကွက်မှာ ကစားသမားသစ် တစ်ယောက်မှမခေါ်ခဲ့တာထူးခြားပါတယ်။

ဘာစီလိုနာဆို ရင်လည်း ဆွာရက်ဇ်ကို အသင်းပြောင်းစေခဲ့ပြီး မက်ဆီကို ဆက်ရှိနေအောင် စည်းရုံးနိုင်ခဲ့ပေ မယ့် ကစားသမားအပြောင်းအရွှေ့မှာ လှုပ်ရှားမှုနည်းပါးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတစ်ယောက်မှမခေါ်တာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးပါပဲ။ စာရင်းရှင်းတမ်းတွေအရ ဘာစီလိုနာဟာ အထွေထွေကုန်ကျစရိတ်ပေါင်း ယူရို သန်း ၉၀၀ကျော်ရှိခဲ့ပြီး အသုံးစရိတ်လျှော့ချဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စပိန်ကလပ်အသင်းတွေရဲ့ ငွေမသုံးနိုင်တော့တဲ့အချက်က လက်ရွေးစင်အသင်း လူရွေးချယ်မှုမှာပါ ရိုက်ခတ်မှုရှိလာပြီး ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲဝင် စပိန်လက်ရွေးစင်အသင်းမှာ အယ်ကလက်စကို ၂ သင်းဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာကစားသမား ၁၂ ဦး အထိ စံချိန်တင်ပါဝင်ခဲ့ကြပါတယ်။

အခုတစ်ကြိမ် စပိန်လက်ရွေးစင်အသင်းလူစာရင်းမှာ တော့ မတူညီတဲ့ ကလပ်အသင်း ၁၈ သင်းက ကစားသမားတွေပါဝင်လာခဲ့ကြပြီး ပရီးမီးယားလိဂ်မှာကစားကြတဲ့ကစားသမား ၁၀ ယောက်တောင် ပါဝင်လာပါတယ်။

အရင်တုန်းက စပိန်လက်ရွေးစင်အသင်းဆိုရင် ရီးရဲလ်နဲ့ ဘာစီလိုနာကစားသမား တွေပဲရှိခဲ့ပြီး အခုတစ်ကြိမ်မှာတော့ နည်းပြအင်းနရစ်က ဒီ ၂ သင်းရဲ့ကြီးစိုးမှုကို ပယ်ဖျက်လိုက်တာပါပဲ။

အသင်းမှာ အတွေ့အကြုံရင့် ကစားသမားတွေအဖြစ် ဒီဂီယာ၊ ရာမို့စ်၊ ဘတ်စ်ကွက်စ်၊ နာဗက်စ်၊ ကာဗာဂျယ်တို့ကိုသာ ရွေးချယ်ထားပြီး ရှေ့တန်းမှာ ဘာစီလိုနာ ဆယ်ကျော်သက်တိုက်စစ်မှူး ဖာတီအပြင် ဝုဗ်က ထရာအိုရေးတို့လို လူငယ်ကစားသမားတွေ ကိုလည်း ရွေးချယ်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏွစ္ေပါင္း ၄၀ အတြင္း ေႏြရာသီေစ်းကြက္မွာ ကစားသမား တစ္ေယာက္မွမေခၚခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ လက္ေရြးစင္အသင္းမွာ အယ္ကလက္စီကိုေခတ္ ကုန္ဆံုးသြားျခင္း

ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာဆိုတာ စပိန္လာလီဂါမွာ အင္အားႀကီးအသင္းေတြျဖစ္သလို သူတို႔ရဲ႕ေနာက္မွာ တတိယလိုက္တာကေတာ့ အက္သလက္တီကိုပါပဲ။ ေႏြရာသီအေျပာင္းအ ေရႊ႕ေစ်းကြက္မွာ ဒီ ၃ သင္းဟာ အရင္တုန္းကလိုမ်ဳိး ကစားသမားသစ္ေတြ အၿပိဳင္အဆိုင္ေခၚ ယူတာမ်ဳိးမရွိခဲ့ပါဘူး။

အထူးသျဖင့္ စီေရာ္နယ္ဒို၊ ကာကာ၊ ဇီဒန္း၊ ကန္နာဗားရိုး၊ ဟာဇက္တို႔လို ထိပ္တန္းကစားသမားေတြကို ေၾကးမေရွာင္ဘဲေခၚယူခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ေႏြရာ သီေစ်းကြက္မွာ ကစားသမားသစ္ တစ္ေယာက္မွမေခၚခဲ့တာထူးျခားပါတယ္။

ဘာစီလိုနာဆို ရင္လည္း ဆြာရက္ဇ္ကို အသင္းေျပာင္းေစခဲ့ၿပီး မက္ဆီကို ဆက္ရွိေနေအာင္ စည္းရုံးႏိုင္ခဲ့ေပ မယ့္ ကစားသမားအေျပာင္းအေရႊ႕မွာ လႈပ္ရွားမႈနည္းပါးခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားတစ္ေယာက္မွမေခၚတာ ႏွစ္ေပါင္း ၄၀ အတြင္း ပထမဆံုးပါပဲ။ စာရင္းရွင္းတမ္းေတြအရ ဘာစီလိုနာဟာ အေထြေထြကုန္က်စရိတ္ေပါင္း ယူရို သန္း ၉၀၀ေက်ာ္ရွိခဲ့ၿပီး အသံုးစရိတ္ေလွ်ာ့ခ်ဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

စပိန္ကလပ္အသင္းေတြရဲ႕ ေငြမသံုးႏိုင္ေတာ့တဲ့အခ်က္က လက္ေရြးစင္အသင္း လူေရြးခ်ယ္မႈမွာပါ ရိုက္ခတ္မႈရွိလာၿပီး ၿပီးခဲ့တဲ့ ၂၀၁၀ ကမာၻ့ဖလားနဲ႔ ယူရို ၂၀၁၂ ၿပိဳင္ပြဲ၀င္ စပိန္လက္ေရြးစင္အသင္းမွာ အယ္ကလက္စကို ၂ သင္းျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာကစားသမား ၁၂ ဦး အထိ စံခ်ိန္တင္ပါ၀င္ခဲ့ၾကပါတယ္။ အခုတစ္ႀကိမ္ စပိန္လက္ေရြးစင္အသင္းလူစာရင္းမွာ ေတာ့ မတူညီတဲ့ ကလပ္အသင္း ၁၈ သင္းက ကစားသမားေတြပါ၀င္လာခဲ့ၾကၿပီး ပရီးမီးယားလိဂ္မွာကစားၾကတဲ့ကစားသမား ၁၀ ေယာက္ေတာင္ ပါဝင္လာပါတယ္။ အရင္တုန္းက စပိန္လက္ေရြးစင္အသင္းဆိုရင္ ရီးရဲလ္နဲ႔ ဘာစီလိုနာကစားသမား ေတြပဲရွိခဲ့ၿပီး အခုတစ္ႀကိမ္မွာေတာ့ နည္းျပအင္းနရစ္က ဒီ ၂ သင္းရဲ႕ႀကီးစိုးမႈကို ပယ္ဖ်က္လိုက္တာပါပဲ။

အသင္းမွာ အေတြ႕အႀကံဳရင့္ ကစားသမားေတြအျဖစ္ ဒီဂီယာ၊ ရာမို႔စ္၊ ဘတ္စ္ကြက္စ္၊ နာဗက္စ္၊ ကာဗာဂ်ယ္တို႔ကိုသာ ေရြးခ်ယ္ထားၿပီး ေရွ႕တန္းမွာ ဘာစီလိုနာ ဆယ္ေက်ာ္သက္တိုက္စစ္မွဴး ဖာတီအျပင္ ၀ုဗ္က ထရာအိုေရးတို႔လို လူငယ္ကစားသမားေတြ ကိုလည္း ေရြးခ်ယ္ထားပါတယ္။