အိမ်ခြေမဲ့လူတစ်ဦးကို ကူညီပေးခဲ့တဲ့ မိုဟာမက်ဆာလက်ချ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ရဲ့လစာအများဆုံး ကစားသမားစာရင်းဝင်တစ်ဦးဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ လူရမ်းကားတစ်စုရဲ့ ပြဿနာရှာတာကိုခံခဲ့ရတဲ့ အိမ်ခြေမဲ့လူတစ်ဦးကို ကူညီပေးခဲ့တာကြောင့် ဗြိတိန်မီဒီယာတွေအကြား ချီးကျူးခံနေရပါတယ်။

စက်တင်ဘာလ ၂၈ရက်နေ့က အာဆင်နယ်ကို လီဗာပူးအသင်းက ၃ဂိုး၊ ၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးတုန်းက အန်ဖီးလ်ကွင်းနဲ့သိပ်မဝေးလှတဲ့ ဆီဆိုင်တစ်ဆိုင်မှာ သူ့ဘန်တလေကားကို ဆီဝင်ဖြည့်ရင်း အသက် ၅၀နှစ်အရွယ်ရှိ အိမ်ခြေမဲ့တစ်ဦးတစ်ဦး မတရားအနိုင်ကျင့်ခံနေရတာကို လှမ်းမြင်လိုက်လို့ သွားရောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ခရိတ်အမည်ရ ဒီ အိမ်ခြေမဲ့ဟာ သူ့မိသားစုနဲ့စကားများရန်ဖြစ်ခဲ့ပြီးနောက် အိမ်ခြေမဲ့အဖြစ် အန်ဖီးလ်ကွင်းအနားမှာ ကြုံသလိုအိပ်လာခဲ့တာ ၆နှစ်လောက်ရှိပါပြီ။ စက်တင်ဘာလ ၂၈ရက်နေ့ကတော့ ဆီဆိုင်နားဖြတ်လျှောက်လာတဲ့ လူရမ်းကားတစ်စုရဲ့ပြဿနာရှာတာကို ခံခဲ့ရပါတယ်။

ဒီအချိန်မှာ ကားဆီဝင်လာဖြည့်ရင်း ဆာလက်က လှမ်းမြင်လိုက်လို့ သွားရောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒေးဗစ်ခရိတ်ကို ပေါင်၁၀၀ မုန့်ဖိုးပေးခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး မစ္စတာ ခရိတ်က “ လီဗာပူးအသင်းအတွက် ကွင်းထဲမှာတင် မို ခြေစွမ်းပြနိုင်တာမဟုတ်ပါဘူး။ လူနေမှုပိုင်းမှာလည်း အရမ်းကို အံ့အားသင့်စရာကောင်းတဲ့သူပါ။ လူရမ်းကားတစ်စု ကျွန်တော့်ကို ဘာတွေပြောပြီး ပြဿနာရှာနေသလဲကို သူ ကောင်းကောင်းကြားလိုက်ပါတယ်။ အဲဒါနဲ့ ဒီလူအုပ်စုဆီရောက်လာပြီး ‘မင်းတို့လည်းနောက်သိပ်မကြာခင် အိမ်ခြေမဲ့ဘဝရောက်နိုင်တယ်’လို့ ပြောလိုက်ပါတယ်။ သူ့ဆီက ပေါင် ၁၀၀ လက်ဆောင်ရချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်အိပ်မက်မက်နေသလားတောင်ထင်ရပါတယ်”လို့ ပြောပါတယ်။

အိမ်ခြေမဲ့ လူတစ်ဦး ကို မိုဟာမက်ဆာလက် ကူညီပေးနေပုံကို ဆီဆိုင်က CCTVမှာ မှတ်တမ်းတင်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိမ္ေျခမဲ့လူတစ္ဦးကို ကူညီေပးခဲ့တဲ့ မိုဟာမက္ဆာလက္ခ်္

ပရီးမီးယားလိဂ္ရဲ႕လစာအမ်ားဆံုး ကစားသမားစာရင္း၀င္တစ္ဦးျဖစ္တဲ့ လီဗာပူးတိုက္စစ္မွဴး မိုဟာမက္ဆာလက္ဟာ လူရမ္းကားတစ္စုရဲ႕ ျပႆနာရွာတာကိုခံခဲ့ရတဲ့ အိမ္ေျခမဲ့လူတစ္ဦးကို ကူညီေပးခဲ့တာေၾကာင့္ ၿဗိတိန္မီဒီယာေတြအၾကား ခ်ီးက်ဴးခံေနရပါတယ္။

စက္တင္ဘာလ ၂၈ရက္ေန႔က အာဆင္နယ္ကို လီဗာပူးအသင္းက ၃ဂိုး၊ ၁ဂိုးန႔ဲအႏုိင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲအၿပီးတုန္းက အန္ဖီးလ္ကြင္းနဲ႔သိပ္မေ၀းလွတဲ့ ဆီဆိုင္တစ္ဆိုင္မွာ သူ႔ဘန္တေလကားကို ဆီ၀င္ျဖည့္ရင္း အသက္ ၅၀ႏွစ္အရြယ္ရွိ အိမ္ေျခမဲ့တစ္ဦးတစ္ဦး မတရားအႏိုင္က်င့္ခံေနရတာကို လွမ္းျမင္လိုက္လို႔ သြားေရာက္ကူညီေပးခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ခရိတ္အမည္ရ ဒီ အိမ္ေျခမဲ့ဟာ သူ႔မိသားစုနဲ႔စကားမ်ားရန္ျဖစ္ခဲ့ၿပီးေနာက္ အိမ္ေျခမဲ့အျဖစ္ အန္ဖီးလ္ကြင္းအနားမွာ ႀကံဳသလိုအိပ္လာခဲ့တာ ၆ႏွစ္ေလာက္ရွိပါၿပီ။ စက္တင္ဘာလ ၂၈ရက္ေန႔ကေတာ့ ဆီဆိုင္နားျဖတ္ေလွ်ာက္လာတဲ့ လူရမ္းကားတစ္စုရဲ႕ျပႆနာရွာတာကို ခံခဲ့ရပါတယ္။ ဒီအခ်ိန္မွာ ကားဆီ၀င္လာျဖည့္ရင္း ဆာလက္က လွမ္းျမင္လိုက္လို႔ သြားေရာက္ကူညီေပးခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ေဒးဗစ္ခရိတ္ကို ေပါင္၁၀၀ မုန္႔ဖုိးေပးခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး မစၥတာ ခရိတ္က “ လီဗာပူးအသင္းအတြက္ ကြင္းထဲမွာတင္ မို ေျခစြမ္းျပႏိုင္တာမဟုတ္ပါဘူး။ လူေနမႈပိုင္းမွာလည္း အရမ္းကို အံ့အားသင့္စရာေကာင္းတဲ့သူပါ။ လူရမ္းကားတစ္စု ကၽြန္ေတာ့္ကို ဘာေတြေျပာၿပီး ျပႆနာရွာေနသလဲကို သူ ေကာင္းေကာင္းၾကားလိုက္ပါတယ္။ အဲဒါနဲ႔ ဒီလူအုပ္စုဆီေရာက္လာၿပီး ‘မင္းတို႔လည္းေနာက္သိပ္မၾကာခင္ အိမ္ေျခမဲ့ဘ၀ေရာက္ႏိုင္တယ္’လို႔ ေျပာလိုက္ပါတယ္။ သူ႔ဆီက ေပါင္ ၁၀၀ လက္ေဆာင္ရခ်ိန္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္အိပ္မက္မက္ေနသလားေတာင္ထင္ရပါတယ္”လို႔ ေျပာပါတယ္။ အိမ္ေျခမဲ့ လူတစ္ဦး ကို မိုဟာမက္ဆာလက္ ကူညီေပးေနပံုကို ဆီဆိုင္က CCTVမွာ မွတ္တမ္းတင္ထားပါတယ္။