ကိုဗစ်-၁၉ စည်းမျဉ်းကြောင့် ကာဗာနီကို နယူးကာဆယ်နဲ့ပွဲမှာ သုံးလို့မရသေးတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် ကာဗာနီဟာ ပြင်သစ်ကနေ အင်္ဂလန်ကို လာတာဖြစ်တဲ့အတွက် ကိုဗစ်ကာလမှာ Q (ကွာရက်တင်း) ဝင်ရမယ့်ကိစ္စရှိတာကြောင့် မန်ယူ အသင်းနဲ့အတူ ပွဲထွက်ကစားနိုင်ဖို့ စောင့်ရဦးမှာပါ။ အင်္ဂလန်မှာလည်း ကွာရက်တင်း ၁၄ ရက် ဝင်ရမယ့် သတ်မှတ်ချက်ကြောင့် အောက်တိုဘာ ၁၇ ရက်မှာကစားမယ့် နယူးကာဆယ်နဲ့ပွဲပြီးမှသာ ကာဗာနီရဲ့ကစားခွင့်ကရရှိဖွယ်ရှိပါတယ်။

ကာဗာနီနဲ့ သူ့ရဲ့ချစ်သူတို့ဟာ ပီအက်စ်ဂျီအသင်း မှာတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် Positive တွေ့ရှိခဲ့တဲ့အတွက် သီးခြားကုသမှုခံယူခဲ့ရပါသေးတယ်။ အဲဒီတုန်းကဖြစ်ရပ်ကြောင့် ကာဗာနီဟာ ဘောလုံးလောကကနေ အနားယူပြီး ကျေးလက်ဒေသမှာ ဘဝကိုနေထိုင်သွားဖို့အထိ စဉ်းစားခဲ့ဖူးပါသေးတယ်။

အာဂျင်တီးနားရေဒီယို အစီအစဉ်မှာ ကာဗာနီက အခုလိုပြောပြခဲ့တာပါ။ “ကျွန်တော့်မိသားစုကျန်းမာရေးက ပထမ ဦးစားပေးပါပဲ။ ဒီမာရီယာ၊ ပါရီဒက်စ်တို့နဲ့အတူ အားလပ်ရက်ခရီးအဖြစ် သွားနားပြီးပြန်လာပြီးချိန်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုလုပ်ခဲ့တော့ ကျွန်တော်တို့မှာ Positive ရလဒ် ထွက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကစားသမား ဘဝကို စွန့်လွှတ်ပြီး ကျေးလက်ဒေသမှာပဲသွားနေဖို့အထိ စဉ်းစားခဲ့တာပါ။ အခုလို ကျွန်တော် နဲ့ ကျွန်တော့်မိသားစု ဘာမှမဖြစ်ဘဲ ပြန်ကောင်းလာတာ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ယူအသင်းနဲ့ပတ်သက်ပြီးတော့လည်း ကာဗာနီက “ယူနိုက် တက်ဟာ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲက တစ်သင်းပါပဲ။ ဒါဟာ ကျွန်တော့်အတွက် ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံဖြစ်သလို မန်ချက်စတာယူနိုက်တက်နဲ့ ဖြတ်သန်းရမှာ ဖြစ်တာကြောင့်လည်း စိတ်လှုပ်ရှားစရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကာဗာနီဟာ မန်ယူ အသင်းမှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်မှာဖြစ်ပြီး တစ်ပတ်ကို ပေါင် ၂၁၀၀၀၀(အခွန်ဆောင်ပြီး) ရရှိမှာလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ၂၀၀၅ ခုနှစ်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့ပြီး ဒါနုဘိုင်အို၊ ပါလာမို၊ နာပိုလီနဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ၅၈၆ ပွဲကစားခဲ့ပြီး ၃၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ဂိုး ၂၀၀ သွင်းယူထားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။ ဥရုဂွေးလက်ရွေးစင်အသင်းအတွက်လည်း ၁၁၆ ပွဲမှာ သွင်းဂိုး ၅၀ သွင်းယူထားခဲ့ကာ ဒုတိယသွင်းဂိုးအများဆုံးသူဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္-၁၉ စည္းမ်ဥ္းေၾကာင့္ ကာဗာနီကို နယူးကာဆယ္နဲ႔ပြဲမွာ သုံးလို႔မရေသးတဲ့ ယူႏိုက္တက္

မန္ယူအသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ တိုက္စစ္မႉးသစ္ ကာဗာနီဟာ ျပင္သစ္ကေန အဂၤလန္ကို လာတာျဖစ္တဲ့အတြက္ ကိုဗစ္ကာလမွာ Q (ကြာရက္တင္း) ဝင္ရမယ့္ကိစၥရွိတာေၾကာင့္ မန္ယူ အသင္းနဲ႔အတူ ပြဲထြက္ကစားႏိုင္ဖို႔ ေစာင့္ရဦးမွာပါ။ အဂၤလန္မွာလည္း ကြာရက္တင္း ၁၄ ရက္ ဝင္ရမယ့္ သတ္မွတ္ခ်က္ေၾကာင့္ ေအာက္တိုဘာ ၁၇ ရက္မွာကစားမယ့္ နယူးကာဆယ္နဲ႔ပြဲၿပီးမွသာ ကာဗာနီရဲ႕ကစားခြင့္ကရရွိဖြယ္ရွိပါတယ္။

ကာဗာနီနဲ႔ သူ႔ရဲ႕ခ်စ္သူတို႔ဟာ ပီအက္စ္ဂ်ီအသင္း မွာတုန္းကလည္း ကို႐ိုနာဗိုင္းရပ္စ္ Positive ေတြ႕ရွိခဲ့တဲ့အတြက္ သီးျခားကုသမႈခံယူခဲ့ရပါေသးတယ္။ အဲဒီတုန္းကျဖစ္ရပ္ေၾကာင့္ ကာဗာနီဟာ ေဘာလုံးေလာကကေန အနားယူၿပီး ေက်းလက္ေဒသမွာ ဘဝကိုေနထိုင္သြားဖို႔အထိ စဥ္းစားခဲ့ဖူးပါေသးတယ္။

အာဂ်င္တီးနားေရဒီယို အစီအစဥ္မွာ ကာဗာနီက အခုလိုေျပာျပခဲ့တာပါ။ “ကြၽန္ေတာ့္မိသားစုက်န္းမာေရးက ပထမ ဦးစားေပးပါပဲ။ ဒီမာရီယာ၊ ပါရီဒက္စ္တို႔နဲ႔အတူ အားလပ္ရက္ခရီးအျဖစ္ သြားနားၿပီးျပန္လာၿပီးခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမႈလုပ္ခဲ့ေတာ့ ကြၽန္ေတာ္တို႔မွာ Positive ရလဒ္ ထြက္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းကဆိုရင္ ကစားသမား ဘဝကို စြန႔္လႊတ္ၿပီး ေက်းလက္ေဒသမွာပဲသြားေနဖို႔အထိ စဥ္းစားခဲ့တာပါ။ အခုလို ကြၽန္ေတာ္ နဲ႔ ကြၽန္ေတာ့္မိသားစု ဘာမွမျဖစ္ဘဲ ျပန္ေကာင္းလာတာ ဘုရားသခင္ကိုေက်းဇူးတင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မန္ယူအသင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း ကာဗာနီက “ယူႏိုက္ တက္ဟာ ကမာၻ႔အႀကီးက်ယ္ဆုံးအသင္းေတြထဲက တစ္သင္းပါပဲ။ ဒါဟာ ကြၽန္ေတာ့္အတြက္ ပထမဆုံးပရီးမီးယားလိဂ္အေတြ႕အႀကဳံျဖစ္သလို မန္ခ်က္စတာယူႏိုက္တက္နဲ႔ ျဖတ္သန္းရမွာ ျဖစ္တာေၾကာင့္လည္း စိတ္လႈပ္ရွားစရာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ကာဗာနီဟာ မန္ယူ အသင္းမွာ ေက်ာနံပါတ္ ၇ ကိုဝတ္ဆင္မွာျဖစ္ၿပီး တစ္ပတ္ကို ေပါင္ ၂၁၀၀၀၀(အခြန္ေဆာင္ၿပီး) ရရွိမွာလည္းျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ကာဗာနီဟာ ၂၀၀၅ ခုႏွစ္မွာ သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့ၿပီး ဒါႏုဘိုင္အို၊ ပါလာမို၊ နာပိုလီနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔မွာ ၅၈၆ ပြဲကစားခဲ့ၿပီး ၃၅၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ကစားသမား ျဖစ္ပါတယ္။ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းမွာ ဂိုး ၂၀၀ သြင္းယူထားခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးတိုက္စစ္မႉးအျဖစ္ ရပ္တည္ေနပါတယ္။ ဥ႐ုေဂြးလက္ေ႐ြးစင္အသင္းအတြက္လည္း ၁၁၆ ပြဲမွာ သြင္းဂိုး ၅၀ သြင္းယူထားခဲ့ကာ ဒုတိယသြင္းဂိုးအမ်ားဆံုးသူျဖစ္ေနပါတယ္။