ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဖျက်ထုတ်နိုင်မှု အကြိမ်အရေအတွက် အများဆုံးအသင်းစာရင်းမှာ လိဒ်စ်ယူနိုက်တက် ဦးဆောင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တန်းတက်လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ အောင်မြင်တဲ့ ဖျက်ထုတ်မှုအများဆုံး အသင်းဖြစ်နေပြီး သူတို့ရဲ့ဖျက်ထုတ်ပုံ နေရာယူပုံတွေက ကျန်တဲ့အသင်း ၁၉ သင်းထက် သာလွန်ကောင်းမွန်နေတာ တွေ့ရပါတယ်။

လိဒ်စ်အသင်းကို ရန်းနက်စ်က အသစ်ရောက်လာတဲ့ ဘရာဇီးတောင်ပံကစားသမား ရာဖင်ဟာက တစ်ချိန်လုံးတိုက်စစ်ကစား နေပြီး ပြိုင်ဘက်ကိုအသာစီးရနိုင်ဖို့ ကြိုးစားနေတဲ့အသင်းမျိုးမှာ ကစားခွင့်ရတာ တကယ် ကောင်းကြောင်း ပြောကြားထားခဲ့ပြီးနောက်ပိုင်း အခုလိုမျိုး လိဒ်စ်အသင်းရဲ့ကစားပုံနဲ့ပတ် သက်ပြီး အချက်အလက်တွေထွက်ပေါ်လာတာပါ။

ရာဖင်ဟာက “ကျွန်တော် လိဒ်စ်နဲ့ (လီဗာပူး၊ မန်စီးတီး) တို့ ကစားတဲ့ပွဲတွေ ကြည့်ခဲ့ပါတယ်။ အသင်းက အမြဲတိုက်စစ်ကိုပဲ ဂိုးရဖို့ဦးတည် နေတာပါ။ အသင်းရဲ့အရည်အသွေးက အရမ်းကောင်းသလို ကစားဟန်ကိုကြိုက်တဲ့အတွက် လည်း အခုလိုမျိုးရွေးချယ်ဖြစ်ခဲ့တာပါ” လို့ ပြောထားခဲ့ပါတယ်။

မှတ်တမ်းတွေအရ လိဒ်စ်ဟာ ပရီးမီးယားလိဂ်မှာ မယုံကြည်နိုင်လောက်အောင် လုပ်အားနှုန်းကောင်းတဲ့အသင်းဖြစ်ပြီး ၄ ပွဲ ကစားပြီးတဲ့အချိန်မှာ အောင်မြင်တဲ့ဖျက်ထုတ်မှုပေါင်း ၁၀၀ ကျော် လုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ကစားအားကျမသွားဘဲ ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာ ပြန်လိုက်လုနိုင်မှု အကြိမ်အရေအတွက် အများဆုံးအသင်းလည်း ဖြစ်နေပါတယ်။

လိဒ်စ်ဟာ ဘောလုံးပျက်သွား ရင် ပြန်လိုက်လုနိုင်တဲ့အကြိမ် ၂၅၂ ကြိမ်ရှိပြီး အနီးဆုံးအသင်းက လီဗာပူး ၂၄၆ ကြိမ် ဖြစ်ပါ တယ်။ မန်စီးတီးနဲ့ပွဲမှာဆိုရင် ဖျက်ထုတ်မှုအကြိမ် ၃၂ ကြိမ်မှာ ၂၁ ကြိမ် အောင်မြင်ခဲ့ပြီး လီဗာပူးနဲ့ပွဲမှာဆိုရင်လည်း ဖျက်ထုတ်မှုအကြိမ်အရေအတွက် အတူတူပါပဲ။ ပရီးမီးယားလိဂ်အသင်း တွေရဲ့ ဖျက်ထုတ်မှုအများဆုံးအသင်း(၁၀၅ကြိမ်)၊ ဖျက်ထုတ်မှုအအောင်မြင်ဆုံးအသင်း(၃၂ ကြိမ်)၊ ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားကာကွယ်နိုင်မှုအကြိမ်အများဆုံးအသင်း(၂၇ကြိမ်)၊ ပြိုင်ဘက်အပေါ် ဖိအားပေးတိုက်စစ်ဆင်တဲ့အကြိမ်အရေအတွက် အများဆုံးအသင်း(၁၈၄ ကြိမ်) တွေစာရင်းမှာ လိဒ်စ်က ထိပ်ဆုံးမှာရှိနေပါတယ်။

အသင်းနည်းပြ ဘီယဲလ်ဆာက “မန်စီးတီးနဲ့ပွဲမှာ ကျွန်တော့်အသင်း ကြံ့ခိုင်မှုအားပြည့်ကစားသွားတဲ့ ပထမပိုင်းပုံစံက အရမ်း ကောင်းလွန်းပါတယ်။ နိုင်လိုစိတ်ပြင်းပြင်းထန်ထန်နဲ့ တစ်သင်းလုံးအလုပ်လုပ်သွားခဲ့ပြီး တိုက် စစ်အတွက်လည်း ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ တချို့အချိန်တွေမှာ ဂိုးမပေးရအောင် ဖျက် ထုတ်မှုများများလုပ်ပေးနိုင်တာဟာ များများတိုက်စစ်ဆင်နိုင်တာထက် ပိုကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

တိုက်စစ်၊ ခံစစ် ၂ ခုစလုံး အကောင်းဆုံးကြိုးစားကစားနေတဲ့ လိဒ်စ် အသင်းဟာ အခုဆိုရင် ပြိုင်ဘက်တိုင်းက သတိထားစောင့်ကြည့်နေရတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးဖ်က္ထုတ္ႏိုင္မႈ အႀကိမ္အေရအတြက္ အမ်ားဆံုးအသင္းစာရင္းမွာ လိဒ္စ္ယူႏုိက္တက္ ဦးေဆာင္ေန

တန္းတက္လိဒ္စ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲကစားအၿပီးမွာ ေအာင္ျမင္တဲ့ ဖ်က္ထုတ္မႈအမ်ားဆံုး အသင္းျဖစ္ေနၿပီး သူတို႔ရဲ႕ဖ်က္ထုတ္ပံု ေနရာယူပံုေတြက က်န္တဲ့အသင္း ၁၉ သင္းထက္ သာလြန္ေကာင္းမြန္ေနတာ ေတြ႕ရပါတယ္။

လိဒ္စ္အသင္းကို ရန္းနက္စ္က အသစ္ေရာက္လာတဲ့ ဘရာဇီးေတာင္ပံကစားသမား ရာဖင္ဟာက တစ္ခ်ိန္လံုးတိုက္စစ္ကစား ေနၿပီး ၿပိဳင္ဘက္ကိုအသာစီးရႏိုင္ဖို႔ ႀကိဳးစားေနတဲ့အသင္းမ်ဳိးမွာ ကစားခြင့္ရတာ တကယ္ ေကာင္းေၾကာင္း ေျပာၾကားထားခဲ့ၿပီးေနာက္ပိုင္း အခုလိုမ်ဳိး လိဒ္စ္အသင္းရဲ႕ကစားပံုနဲ႔ပတ္ သက္ၿပီး အခ်က္အလက္ေတြထြက္ေပၚလာတာပါ။

ရာဖင္ဟာက “ကၽြန္ေတာ္ လိဒ္စ္နဲ႔ (လီဗာပူး၊ မန္စီးတီး) တို႔ ကစားတဲ့ပြဲေတြ ၾကည့္ခဲ့ပါတယ္။ အသင္းက အၿမဲတိုက္စစ္ကိုပဲ ဂိုးရဖို႔ဦးတည္ ေနတာပါ။ အသင္းရဲ႕အရည္အေသြးက အရမ္းေကာင္းသလို ကစားဟန္ကုိႀကိဳက္တဲ့အတြက္ လည္း အခုလိုမ်ဳိးေရြးခ်ယ္ျဖစ္ခဲ့တာပါ” လို႔ ေျပာထားခဲ့ပါတယ္။

မွတ္တမ္းေတြအရ လိဒ္စ္ဟာ ပရီးမီးယားလိဂ္မွာ မယံုၾကည္ႏိုင္ေလာက္ေအာင္ လုပ္အားႏႈန္းေကာင္းတဲ့အသင္းျဖစ္ၿပီး ၄ ပြဲ ကစားၿပီးတဲ့အခ်ိန္မွာ ေအာင္ျမင္တဲ့ဖ်က္ထုတ္မႈေပါင္း ၁၀၀ ေက်ာ္ လုပ္ထားႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ အသင္းရဲ႕ကစားအားက်မသြားဘဲ ေဘာလံုးဆံုးရႈံးသြားတဲ့အခ်ိန္မွာ ျပန္လိုက္လုႏိုင္မႈ အႀကိမ္အေရအတြက္ အမ်ားဆံုးအသင္းလည္း ျဖစ္ေနပါတယ္။

လိဒ္စ္ဟာ ေဘာလံုးပ်က္သြား ရင္ ျပန္လိုက္လုႏိုင္တဲ့အႀကိမ္ ၂၅၂ ႀကိမ္ရွိၿပီး အနီးဆံုးအသင္းက လီဗာပူး ၂၄၆ ႀကိမ္ ျဖစ္ပါ တယ္။ မန္စီးတီးနဲ႔ပြဲမွာဆိုရင္ ဖ်က္ထုတ္မႈအႀကိမ္ ၃၂ ႀကိမ္မွာ ၂၁ ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး လီဗာပူးနဲ႔ပြဲမွာဆိုရင္လည္း ဖ်က္ထုတ္မႈအႀကိမ္အေရအတြက္ အတူတူပါပဲ။ ပရီးမီးယားလိဂ္အသင္း ေတြရဲ႕ ဖ်က္ထုတ္မႈအမ်ားဆံုးအသင္း(၁၀၅ႀကိမ္)၊ ဖ်က္ထုတ္မႈအေအာင္ျမင္ဆံုးအသင္း(၃၂ ႀကိမ္)၊ ၿပိဳင္ဘက္တုိက္စစ္ကို ဟန္႔တားကာကြယ္ႏိုင္မႈအႀကိမ္အမ်ားဆံုးအသင္း(၂၇ႀကိမ္)၊ ၿပိဳင္ဘက္အေပၚ ဖိအားေပးတိုက္စစ္ဆင္တဲ့အႀကိမ္အေရအတြက္ အမ်ားဆံုးအသင္း(၁၈၄ ႀကိမ္) ေတြစာရင္းမွာ လိဒ္စ္က ထိပ္ဆံုးမွာရွိေနပါတယ္။

အသင္းနည္းျပ ဘီယဲလ္ဆာက “မန္စီးတီးန႔ဲပြဲမွာ ကၽြန္ေတာ့္အသင္း ႀကံ့ခိုင္မႈအားျပည့္ကစားသြားတဲ့ ပထမပိုင္းပံုစံက အရမ္း ေကာင္းလြန္းပါတယ္။ ႏိုင္လိုစိတ္ျပင္းျပင္းထန္ထန္နဲ႔ တစ္သင္းလံုးအလုပ္လုပ္သြားခဲ့ၿပီး တုိက္ စစ္အတြက္လည္း ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ တခ်ဳိ႕အခ်ိန္ေတြမွာ ဂိုးမေပးရေအာင္ ဖ်က္ ထုတ္မႈမ်ားမ်ားလုပ္ေပးႏိုင္တာဟာ မ်ားမ်ားတိုက္စစ္ဆင္ႏိုင္တာထက္ ပိုေကာင္းပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ တိုက္စစ္၊ ခံစစ္ ၂ ခုစလံုး အေကာင္းဆံုးႀကိဳးစားကစားေနတဲ့ လိဒ္စ္ အသင္းဟာ အခုဆိုရင္ ၿပိဳင္ဘက္တိုင္းက သတိထားေစာင့္ၾကည့္ေနရတဲ့ အသင္းတစ္သင္း ျဖစ္ေနပါၿပီ။