မင်းရဲ့တစ်နှစ်လစာက ငါ့တစ်ရက်လစာတောင်မရှိဘူးလို့ နေမာ ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မာဆေးအသင်းနဲ့ပွဲတုန်းက အယ်လ်ဗာရိုဂွန်ဇာလက်ဇ်နဲ့ အချင်းများချိန်မှာ ပြိုင်ဘက်ကစားသမားကို နှိမ်တဲ့သဘောနဲ့ သူ့လစာကိုထုတ်ကြွားခဲ့ပါတယ်။

အယ်လ်ဗာရိုဂွန်ဇာလက်ဇ်ရဲ့ ပြောကြားချက်အရ မာဆေးနဲ့ ပီအက်စ်ဂျီအသင်းတို့အကြား အချင်းများရန်ဖြစ်ခဲ့မှုမှာ နေမာရဲ့စကားလုံးတွေက နှစ်ဖက်အသင်းသားတွေကို ဒေါသပိုထွက်စေတယ်လို့ ဆိုပါတယ်။ နေမာက“မင်းရဲ့တစ်နှစ်လစာက ငါ့တစ်ရက်စာလောက်တောင်မရှိဘူးလို့နေမာက ပြောပါတယ်။ ဒါကအမှန်ပါပဲ။ ကျွန်တော်ကလည်း ငါရတဲ့လစာကို ငါကျေနပ်တယ်လို့သူ့ကိုပြန်ပြောလိုက်ပါတယ်။ အဲဒီနေ့က တစ်ပွဲလုံးမှာ နေမာဟာကံမကောင်းခဲ့ပါဘူး။ တစ်ပွဲလုံးရန်လိုနေပါတယ်”လို့ပြောပါတယ်။

မာဆေးနဲ့ပီအက်စ်ဂျီအသင်းတို့မှ စုစုပေါင်းကစားသမား ၅ဦးအထိ အထုတ်ခံရတဲ့ အချင်းများမှုဟာ အယ်လ်ဗာရိုဂွန်ဇာလက်နဲ့နေမာတို့ ကြောင့် ပိုပြင်းထန်လာတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နေမာကို လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း အယ်လ်ဗာရိုဂွန်ဇာလက်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။

နေမာနဲ့ အယ်လ်ဗာရိုဂွန်ဇာလက်တို့အချင်းများသလိုမျိုး ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်နဲ့အာဆင်နယ်တို့ပွဲတုန်းက ဂွမ်ဒူဇီနဲ့ မော်ပေးတို့လည်း အချင်းများခဲ့ဖူးပါတယ်။ ဂွမ်ဒူဇီက “မင်းထက်ငါပိုက်ဆံပိုရတယ်”လို့ မော်ပေးရဲ့လည်ပင်းကို ဆွဲညှစ်ရန်စကားပြောခဲ့တယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မင္းရဲ႕တစ္ႏွစ္လစာက ငါ့တစ္ရက္လစာေတာင္မရွိဘူးလို႔ ေနမာ ေျပာ

ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာဟာ မာေဆးအသင္းနဲ႔ပြဲတုန္းက အယ္လ္ဗာရိုဂြန္ဇာလက္ဇ္နဲ႔ အခ်င္းမ်ားခ်ိန္မွာ ၿပိဳင္ဘက္ကစားသမားကို ႏွိမ္တဲ့သေဘာနဲ႔ သူ႔လစာကိုထုတ္ၾကြားခဲ့ပါတယ္။

အယ္လ္ဗာရိုဂြန္ဇာလက္ဇ္ရဲ႕ ေျပာၾကားခ်က္အရ မာေဆးနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔အၾကား အခ်င္းမ်ားရန္ျဖစ္ခဲ့မႈမွာ ေနမာရဲ႕စကားလံုးေတြက ႏွစ္ဖက္အသင္းသားေတြကို ေဒါသပိုထြက္ေစတယ္လို႔ ဆိုပါတယ္။ ေနမာက“မင္းရဲ႕တစ္ႏွစ္လစာက ငါ့တစ္ရက္စာေလာက္ေတာင္မရွိဘူးလို႔ေနမာက ေျပာပါတယ္။ ဒါကအမွန္ပါပဲ။ ကၽြန္ေတာ္ကလည္း ငါရတဲ့လစာကို ငါေက်နပ္တယ္လို႔သူ႔ကိုျပန္ေျပာလိုက္ပါတယ္။ အဲဒီေန႔က တစ္ပြဲလံုးမွာ ေနမာဟာကံမေကာင္းခဲ့ပါဘူး။ တစ္ပြဲလံုးရန္လိုေနပါတယ္”လို႔ေျပာပါတယ္။

မာေဆးနဲ႔ပီအက္စ္ဂ်ီအသင္းတို႔မွ စုစုေပါင္းကစားသမား ၅ဦးအထိ အထုတ္ခံရတဲ့ အခ်င္းမ်ားမႈဟာ အယ္လ္ဗာရိုဂြန္ဇာလက္နဲ႔ေနမာတို႔ ေၾကာင့္ ပိုျပင္းထန္လာတာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ ေနမာကို လူမ်ိဳးေရးခြဲျခားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း အယ္လ္ဗာရိုဂြန္ဇာလက္က ျပင္းျပင္းထန္ထန္ ျငင္းဆိုလိုက္ပါတယ္။

ေနမာနဲ႔ အယ္လ္ဗာရိုဂြန္ဇာလက္တို႔အခ်င္းမ်ားသလုိမ်ိဳး ၿပီးခဲ့တဲ့ရာသီက ဘရိုက္တန္နဲ႔အာဆင္နယ္တို႔ပြဲတုန္းက ဂြမ္ဒူဇီနဲ႔ ေမာ္ေပးတို႔လည္း အခ်င္းမ်ားခဲ့ဖူးပါတယ္။ ဂြမ္ဒူဇီက “မင္းထက္ငါပိုက္ဆံပိုရတယ္”လို႔ ေမာ္ေပးရဲ႕လည္ပင္းကို ဆြဲညွစ္ရန္စကားေျပာခဲ့တယ္လို႔ သိရပါတယ္။