ကိုဗစ်ရိုက်ချက်မှာ အာဆင်နယ်အသင်းရဲ့ လာဘ်ကောင် ဂန်းနာဆောရက်စ် လည်း အလုပ်နားခံရပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀ ခုနှစ် အစောပိုင်းကာလမှာကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူတွေအများအပြား သေဆုံးတာတွေရှိသလို စီးပွားရေးထိချုက်နစ်နာဆုံးရှုံးတာတွေလည်း အများကြီးပါပဲ။ နယ်ပယ်ကဏ္ဍအသီးသီးမှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေရှိခဲ့ပြီး စတေးရတာတွေလည်းအများကြီးပါပဲ။ လုပ်ငန်းအားလုံးဟာ ငွေကြေးစီးပွားရေးနဲ့ ဆက်စပ်နေတဲ့အတွက် ကိုယ့်အလှည့်ဘယ်တော့ ရောက်လာမလဲဆိုတာ မသိနိုင်ပါဘူး။

အခု အလှည့်ကျသွားတာကတော့ အာဆင်နယ်အသင်းရဲ့ လာဘ်ကောင် Mascot ဒိုင်နိုဆော အရုပ်လေးပါပဲ။

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ဒီအရုပ်လေးကို စတင်ထားရှိအသုံးပြုတာ 1993 ခုနှစ်ကတည်းကပါ။ အာဆင်နယ်ကို အာစင်ဝင်းဂါး မရောက်လာခင် ၃နှစ် အလိုကတည်းကပါပဲ။ ဒီအရုပ်နဲ့ဖျော်ဖြေမှုအလုပ်ကို အာဆင်နယ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့ ဂျယ်ရီကွင်းက တောက်လျှောက်လုပ်ကိုင်လာခဲ့တာ အခုဆိုရင် (၂၇) နှစ် ရှိလာခဲ့ပါပြီ။

ဒါပေမယ့် အခုချိန်မှာ တော့ ကွင်းထဲကို ပရိသတ်တွေလာမကြည့်ရသေးတဲ့အတွက် အာဆင်နယ်အသင်းက ဘတ်ဂျက်လျော့တဲ့အနေနဲ့ အလုပ်က ရပ်နားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီဘောလုံးပွဲတွေ ရပ်နားတုန်းကလည်း အာဆင်နယ်အသင်းဟာ အိမ်ကွင်း အီမရိတ်က ကွင်းဝန်ထမ်းအတော်များများကို အလုပ်ရပ်နားခဲ့ပါသေးတယ်။ အခုလို အခက်အခဲဖြစ်နေချိန်မှာ အသင်းအနေနဲ့ ဝန်ထမ်းစရိတ်တွေ လျှော့ချရမယ့် ကိစ္စဟာ လုပ်ကိုလုပ်ရမယ့် အနေအထားမှာရှိပေမယ့် အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်းတွေမှာလည်း ကိုယ်ပိုင်ဘဝကိုယ်စီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေပါ။

ဂျယ်ရီကွင်းရဲ့ကိစ္စမှာ အာဆင်နယ်ကစားသမားဟောင်းတွေကလည်း ဝေဖန်မှုတွေရှိကြသလို မဖြစ်သင့်တဲ့ဖြစ်ရပ်အဖြစ်ပြောနေကြပါတယ်။

ကစားသမားဟောင်း ပေါလ်မာဆင်က ” အာဆင်နယ်အသင်းကို အားပေးတဲ့ ပရိသတ်တွေထဲက အသက် ၃၀ နဲ့ ၄၀ ပတ်လည်လူတွေဟာ ဒီဒိုင်နိူဆောအရုပ်လေးနဲ့ အတူ ကြီးပြင်းလာကြတာပါ။ အသင်းရဲ့ ဆုံးဖြတ်ချက်က စိတ်ပျက်စရာပါ” လို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှုးဟောင်း အီယန်ရိုက်ကလည်း သူရဲ့ တွဒ်တာမှာ ဒီအရုပ်လေးနဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတင်ပြီး ဝမ်းနည်းစကားဆိုခဲ့သလို Save Gunnersaurus ဆိုပြီး အလှုူခံတဲ့ ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့တာ အခုဆိုရင် ပေါင်၁ သောင်းကျော် ရရှိထားပါတယ်။


အင်္ဂလန်တိုက်စစ်မှုးဟောင်းလိုင်နီကာ၊ ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးရက်စ်မော်ဂန်တို့ကလည်း အာဆင်နယ်အသင်းရဲ့ လုပ်ဆောင်ချက်ကို အပစ်တင်ပြောဆိုထားကြပြီး ဘယ်ဂျီယံတိုက်စစ်မှုး ဘက်ရှုအာယီကလည်း သူရဲ့ တွစ်တာအကောင့်မှာ ဘယ်ဂျီယံအသင်းရဲ့ လာဘ်ကောင်ရုပ်လေးနဲ့ နှုတ်ဆက်နေတဲ့ပုံမှာ “အသင်းရဲ့ လာဘ်ကောင်ရုပ်လေးတွေကို ဒီလိုဆက်ဆံရတယ်လို့ကွာ”လို့ ရေးသားပြီး ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေအကြား ရေပန်းစားသွားတဲ့ စကားကတော့ အူဘာမီယန်းနဲ့ အိုဇေးလ်တို့ကို တစ်ပတ်ပေါင် ၂၅၀၀၀၀ ကနေ ၃၅၀၀၀၀ကျော် ပေးနေရပြီး ဒီဒိုင်နိုဆောရုပ်လေးကိုလည်း တစ်ပတ် ပေါင် ၈၀၀၀၀ လောက်ပေးနေရတာ မသိလိုက်ဘူးဆိုတဲ့ စကားပါပဲ။

ဆီဗီလာအသင်းကလည်း သူတို့အသင်းရဲ့ တွစ်တာမှာ ဒီဒိုင်နိုဆောအရုပ်လေးကို အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ခေါ်ယူနိုင်ရင်ကောင်းမယ်ဆိုပြီး အရွှန်းဖောက်ရေးသားထားပါသေးတယ်။ အလုပ်တစ်ခု အဆုံးသတ်သွားရတဲ့ အခြေအနေမှာ ကိုဗစ်ကပ်ဆိုးကြီးကိုပဲ အပြစ်တင်ရမလား…? ဘယ်သူ့ကို အပြစ်တင်ရမလဲ၊မဝေခွဲတတ်တော့ပါဘူး။ မိတ်ဆွေဆိုရင်ရော…..?

အခု နောက်ဆုံးသတင်းအရ အိုဇေးလ်က သူ အာဆင်နယ် ကစားသမားဖြစ်နေတဲ့တစ်လျှောက် ဒီဒိုင်နိုဆော လာဘ်ကောင် ဂန်းနာဆောရက်စ် အတွက်လစာ ကိုသူ့ပိုက်ဆံထဲကနေ စိုက်ထုတ်ပေးသွားမယ်ဆိုပြီး အသင်းကို ကမ်းလှမ်းထားကြောင်းသိရပါတယ်။ ဒီသတင်းဟာ ဂန်းနာဆောရက်စ် အတွက် ဝမ်းသာစရာသတင်းလေးဖြစ်ပေမယ့် လစာပေးဖို့ ကမ်းလှမ်းလိုက်တဲ့ အိုဇေးလ်ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းက ရောင်းချခံရမယ့်စာရင်းထဲမှာပါနေတာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ Save Gunnersaurus ဆိုပြီး အလှုူခံတဲ့ ကမ်ပိန်ကရပ်တန့်မထားရဲ့သေးပဲ ဆက်လက် စာရင်းဖွင့်ထားလျှက်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္႐ိုက္ခ်က္မွာ အာဆင္နယ္အသင္းရဲ႕ လာဘ္ေကာင္ ဂန္းနာေဆာရက္စ္ လည္း အလုပ္နားခံရၿပီ

၂၀၂၀ ခုႏွစ္ အေစာပိုင္းကာလမွာကတည္းက ျဖစ္ေပၚလာခဲ့တဲ့ ကိုဗစ္ဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါႀကီးေၾကာင့္ ကမာၻတစ္ဝန္းမွာ လူေတြအမ်ားအျပား ေသဆုံးတာေတြရွိသလို စီးပြားေရးထိခ်ဳက္နစ္နာဆုံးရႈံးတာေတြလည္း အမ်ားႀကီးပါပဲ။ နယ္ပယ္က႑အသီးသီးမွာ ထိခိုက္နစ္နာဆုံးရႈံးမႈေတြရွိခဲ့ၿပီး စေတးရတာေတြလည္းအမ်ားႀကီးပါပဲ။ လုပ္ငန္းအားလုံးဟာ ေငြေၾကးစီးပြားေရးနဲ႔ ဆက္စပ္ေနတဲ့အတြက္ ကိုယ့္အလွည့္ဘယ္ေတာ့ ေရာက္လာမလဲဆိုတာ မသိႏိုင္ပါဘူး။ အခု အလွည့္က်သြားတာကေတာ့ အာဆင္နယ္အသင္းရဲ႕ လာဘ္ေကာင္ Mascot ဒိုင္ႏိုေဆာ အ႐ုပ္ေလးပါပဲ။

အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္းမွာ ဒီအ႐ုပ္ေလးကို စတင္ထားရွိအသုံးျပဳတာ 1993 ခုႏွစ္ကတည္းကပါ။ အာဆင္နယ္ကို အာစင္ဝင္းဂါး မေရာက္လာခင္ ၃ႏွစ္ အလိုကတည္းကပါပဲ။ ဒီအ႐ုပ္နဲ႔ေဖ်ာ္ေျဖမႈအလုပ္ကို အာဆင္နယ္အသင္းရဲ႕ အမာခံပရိသတ္ျဖစ္တဲ့ ဂ်ယ္ရီကြင္းက ေတာက္ေလွ်ာက္လုပ္ကိုင္လာခဲ့တာ အခုဆိုရင္ (၂၇) ႏွစ္ ရွိလာခဲ့ပါၿပီ။ ဒါေပမယ့္ အခုခ်ိန္မွာ ေတာ့ ကြင္းထဲကို ပရိသတ္ေတြလာမၾကည့္ရေသးတဲ့အတြက္ အာဆင္နယ္အသင္းက ဘတ္ဂ်က္ေလ်ာ့တဲ့အေနနဲ႔ အလုပ္က ရပ္နားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီေဘာလုံးပြဲေတြ ရပ္နားတုန္းကလည္း အာဆင္နယ္အသင္းဟာ အိမ္ကြင္း အီမရိတ္က ကြင္းဝန္ထမ္းအေတာ္မ်ားမ်ားကို အလုပ္ရပ္နားခဲ့ပါေသးတယ္။ အခုလို အခက္အခဲျဖစ္ေနခ်ိန္မွာ အသင္းအေနနဲ႔ ဝန္ထမ္းစရိတ္ေတြ ေလွ်ာ့ခ်ရမယ့္ ကိစၥဟာ လုပ္ကိုလုပ္ရမယ့္ အေနအထားမွာရွိေပမယ့္ အလုပ္ရပ္နားခံရတဲ့ ဝန္ထမ္းေတြမွာလည္း ကိုယ္ပိုင္ဘဝကိုယ္စီမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့အေျခအေနပါ။ ဂ်ယ္ရီကြင္းရဲ႕ကိစၥမွာ အာဆင္နယ္ကစားသမားေဟာင္းေတြကလည္း ေဝဖန္မႈေတြရွိၾကသလို မျဖစ္သင့္တဲ့ျဖစ္ရပ္အျဖစ္ေျပာေနၾကပါတယ္။

ကစားသမားေဟာင္း ေပါလ္မာဆင္က ” အာဆင္နယ္အသင္းကို အားေပးတဲ့ ပရိသတ္ေတြထဲက အသက္ ၃၀ နဲ႔ ၄၀ ပတ္လည္လူေတြဟာ ဒီဒိုင္ႏိူေဆာအ႐ုပ္ေလးနဲ႔ အတူ ႀကီးျပင္းလာၾကတာပါ။ အသင္းရဲ႕ ဆုံးျဖတ္ခ်က္က စိတ္ပ်က္စရာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္ တိုက္စစ္မႈးေဟာင္း အီယန္႐ိုက္ကလည္း သူရဲ႕ တြဒ္တာမွာ ဒီအ႐ုပ္ေလးနဲ႔အတူ တြဲ႐ိုက္ထားတဲ့ ဓါတ္ပုံတင္ၿပီး ဝမ္းနည္းစကားဆိုခဲ့သလို Save Gunnersaurus ဆိုၿပီး အလႈူခံတဲ့ ကမ္ပိန္းတစ္ခုျပဳလုပ္ခဲ့တာ အခုဆိုရင္ ေပါင္၁ ေသာင္းေက်ာ္ ရရွိထားပါတယ္။
အဂၤလန္တိုက္စစ္မႈးေဟာင္းလိုင္နီကာ၊ ႐ုပ္သံအစီအစဥ္တင္ဆက္သူ ပီးရက္စ္ေမာ္ဂန္တို႔ကလည္း အာဆင္နယ္အသင္းရဲ႕ လုပ္ေဆာင္ခ်က္ကို အပစ္တင္ေျပာဆိုထားၾကၿပီး ဘယ္ဂ်ီယံတိုက္စစ္မႈး ဘက္ရႈအာယီကလည္း သူရဲ႕ တြစ္တာအေကာင့္မွာ ဘယ္ဂ်ီယံအသင္းရဲ႕ လာဘ္ေကာင္႐ုပ္ေလးနဲ႔ ႏႈတ္ဆက္ေနတဲ့ပုံမွာ “အသင္းရဲ႕ လာဘ္ေကာင္႐ုပ္ေလးေတြကို ဒီလိုဆက္ဆံရတယ္လို႔ကြာ”လို႔ ေရးသားၿပီး ေထာက္ခံမႈ ျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြအၾကား ေရပန္းစားသြားတဲ့ စကားကေတာ့ အူဘာမီယန္းနဲ႔ အိုေဇးလ္တို႔ကို တစ္ပတ္ေပါင္ ၂၅၀၀၀၀ ကေန ၃၅၀၀၀၀ေက်ာ္ ေပးေနရၿပီး ဒီဒိုင္ႏိုေဆာ႐ုပ္ေလးကိုလည္း တစ္ပတ္ ေပါင္ ၈၀၀၀၀ ေလာက္ေပးေနရတာ မသိလိုက္ဘူးဆိုတဲ့ စကားပါပဲ။ ဆီဗီလာအသင္းကလည္း သူတို႔အသင္းရဲ႕ တြစ္တာမွာ ဒီဒိုင္ႏိုေဆာအ႐ုပ္ေလးကို
အေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္ခင္ ေခၚယူႏိုင္ရင္ေကာင္းမယ္ဆိုၿပီး အ႐ႊန္းေဖာက္ေရးသားထားပါေသးတယ္။ အလုပ္တစ္ခု အဆုံးသတ္သြားရတဲ့ အေျခအေနမွာ ကိုဗစ္ကပ္ဆိုးႀကီးကိုပဲ အျပစ္တင္ရမလား…? ဘယ္သူ႔ကို အျပစ္တင္ရမလဲ၊မေဝခြဲတတ္ေတာ့ပါဘူး။ မိတ္ေဆြဆိုရင္ေရာ…..?

အခု ေနာက္ဆုံးသတင္းအရ အိုေဇးလ္က သူ အာဆင္နယ္ ကစားသမားျဖစ္ေနတဲ့တစ္ေလွ်ာက္ ဒီဒိုင္ႏိုေဆာ လာဘ္ေကာင္ ဂန္းနာေဆာရက္စ္ အတြက္လစာ ကိုသူ႔ပိုက္ဆံထဲကေန စိုက္ထုတ္ေပးသြားမယ္ဆိုၿပီး အသင္းကို ကမ္းလွမ္းထားေၾကာင္းသိရပါတယ္။ ဒီသတင္းဟာ ဂန္းနာေဆာရက္စ္ အတြက္ ဝမ္းသာစရာသတင္းေလးျဖစ္ေပမယ့္ လစာေပးဖို႕ ကမ္းလွမ္းလိုက္တဲ့ အိုေဇးလ္ကိုယ္တိုင္ကလည္း အာဆင္နယ္အသင္းက ေရာင္းခ်ခံရမယ့္စာရင္းထဲမွာပါေနတာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ႕ Save Gunnersaurus ဆိုၿပီး အလႈူခံတဲ့ ကမ္ပိန္ကရပ္တန္႕မထားရဲ႕ေသးပဲ ဆက္လက္ စာရင္းဖြင့္ထားလွ်က္ရွိေနပါတယ္။