ပါတေးရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လု့ိ အာဆင်နယ်ကို ဆီမြွန်နီနဲ့ အက်သလက်တီကို ပေါက်ကွဲနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းတာဝန်ရှိသူတွေနဲ့ နည်းပြ ဆီမြွန်နီတို့ဟာ နွေရာသီဈေးကွက်နောက်ဆုံးနေ့မှာ ဈေးကွက်ပိတ်ခါနီးမှ ကြိုတင်မပြောဘဲ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ကွင်းလယ်လူပါတေးကို ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့လုပ်ရပ်အပေါ် အလွန်အမင်းပေါက်ကွဲနေပါတယ်။

ပါတေးဟာ နည်းပြဆီမြွန်နီရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပေမယ့် အာဆင်နယ်အသင်းက Deadline Day မှာ ဈေးကွက်ပိတ်ဖို့ မိနစ်ပိုင်းအလိုကျမှ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းနဲ့ ခေါ်ယူသွားတာကို ဘယ်လိုမှမတားဆီးနိုင်ဘဲ ခွင့်ပြုခဲ့ရပါတယ်။

Libertad Digital ရဲ့ဖော်ပြချက်အရ အာဂျင်တီးနား

နိုင်ငံသား ဆီမြွန်နီက အသင်းမှာ ဂါနာလက်ရွေးစင် ပါတေး ဆက်ကစားလိမ့်မယ်လို့ သေချာပေါက်တွေးထားကြောင်းနဲ့ အာဆင်နယ်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ တော်ရဲရားနဲ့တောင် နည်းစနစ်ပိုင်းဆိုင်ရာတွေ ဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အက်သလက်တီကိုအသင်းကလည်း အာဆင်နယ်အသင်းရဲ့အပြုအမူအပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ AS သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းက ပါတေးအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းပေးချေမယ်လို့ အက်သလက်တီကိုအသင်းထံ မပြောခဲ့မှုအပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။

အက်သလက်တီကိုဟာ ကွင်းလယ်လူပါတေးအတွက် အာဆင်နယ်အသင်းက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းပေးချေမယ်လို့ တနင်္လာည ဈေးကွက်ပိတ်ဖို့ ၃၂ မိနစ်အလိုရောက်မှ သိခဲ့တာဖြစ်ပါတယ်။ ”အားကစားဆိုင်ရာ ဌာနချုပ်မှာ အာဆငနယ်အသင်းတာဝန်ရှိသူတွေက ပါတေးရဲ့စာချုပ်ဖျက်သိမ်းကြေး ပေးချေခဲ့တယ်လို့ လာလီဂါအဖွဲ့ချုပ်က တနင်္လာည ဒေသစံတော်ချိန် ၁၁နာရီ ၂၈ မိနစ်မှာ အကြောင်းကြားလာပါတယ်။ ဒီအတွက်ကြောင့် ပါတေးလည်း ၂၀၂၃ ဇွန်လအထိရှိမယ့် သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်”လို့ အက်သလက်တီကိုအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက ပါတေးကို ခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထားလာပေမယ့် နောက်ဆုံးရက်မှာ သူ့ရဲ့အပြောင်းအရွှေ့က အားလုံးကို အံ့အားသင့်စေခဲ့ပြီး အရင်တုန်းက အာဆင်နယ်အသင်းဟာ ပါတေးရဲ့တန်ဖိုးကို စာချုပ်ဖျက်သိမ်းကြေးအောက်ပဲ ထားရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ပါတေးအတွက် အက်သလက်တီကိုအသင်းနဲ့ ဈေးကွက်မပိတ်ခင် ရက်သတ္တပတ်အနည်းငယ်ကြာ ဆွေးနွေးခဲ့တာတောင် ခေါ်ယူမယ့်အရိပ်အယောင်မထွက်ပေါ်ခဲ့ပါဘူး။

သတင်းတွေရဲ့ဖော်ပြချက်အရ ပါတေးဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀ ဝန်းကျင်ရရှိမှာဖြစ်ပြီး လက်မှတ်ထိုးကြေး ပေါင် ၁.၈သန်းလည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ပါတေးဟာ အာဆင်နယ်နဲ့ ၄နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ သူဟာ အက်သလက်တီကိုမှာ ကစားခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ၁၈၈ ပွဲကစားပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပါေတးရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္လု႔ိ အာဆင္နယ္ကို ဆီျမြန္နီနဲ႔ အက္သလက္တီကို ေပါက္ကဲြေန

အက္သလက္တီကိုအသင္းတာ၀န္ရွိသူေတြနဲ႔ နည္းျပ ဆီျမြန္နီတို႔ဟာ ေႏြရာသီေစ်းကြက္ေနာက္ဆုံးေန႔မွာ ေစ်းကြက္ပိတ္ခါနီးမွ ႀကိဳတင္မေျပာဘဲ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပးၿပီး ကြင္းလယ္လူပါေတးကုိ ေခၚယူခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕လုပ္ရပ္အေပၚ အလြန္အမင္းေပါက္ကြဲေနပါတယ္။

ပါေတးဟာ နည္းျပဆီျမြန္နီရဲ႕အဓိကကစားသမားတစ္ဦးျဖစ္ေပမယ့္ အာဆင္နယ္အသင္းက Deadline Day မွာ ေစ်းကြက္ပိတ္ဖို႔ မိနစ္ပိုင္းအလုိက်မွ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅ သန္းနဲ႔ ေခၚယူသြားတာကို ဘယ္လုိမွမတားဆီးႏုိင္ဘဲ ခြင့္ျပဳခဲ့ရပါတယ္။ Libertad Digital ရဲ႕ေဖာ္ျပခ်က္အရ အာဂ်င္တီးနားႏုိင္ငံသား ဆီျမြန္နီက အသင္းမွာ ဂါနာလက္ေရြးစင္ ပါေတး ဆက္ကစားလိမ့္မယ္လုိ႔ ေသခ်ာေပါက္ေတြးထားေၾကာင္းနဲ႔ အာဆင္နယ္အသင္းကေန အငွားနဲ႔ေခၚယူခဲ့တဲ့ ကြင္းလယ္လူ ေတာ္ရဲရားနဲ႔ေတာင္ နည္းစနစ္ပိုင္းဆုိင္ရာေတြ ေဆြးေႏြးခဲ့ေသးတယ္လုိ႔ သိရပါတယ္။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အက္သလက္တီကိုအသင္းကလည္း အာဆင္နယ္အသင္းရဲ႕အျပဳအမူအေပၚ ေဒါသထြက္ေနတယ္လုိ႔ သိရပါတယ္။ AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းက ပါေတးအတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅ သန္းေပးေခ်မယ္လုိ႔ အက္သလက္တီကိုအသင္းထံ မေျပာခဲ့မႈအေပၚ ေဒါသထြက္ေနတယ္လုိ႔ သိရပါတယ္။

အက္သလက္တီကိုဟာ ကြင္းလယ္လူပါေတးအတြက္ အာဆင္နယ္အသင္းက စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅ သန္းေပးေခ်မယ္လုိ႔ တနလၤာည ေစ်းကြက္ပိတ္ဖုိ႔ ၃၂ မိနစ္အလုိေရာက္မွ သိခဲ့တာျဖစ္ပါတယ္။ ”အားကစားဆုိင္ရာ ဌာနခ်ဳပ္မွာ အာဆငနယ္အသင္းတာ၀န္ရွိသူေတြက ပါေတးရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပးေခ်ခဲ့တယ္လုိ႔ လာလီဂါအဖြဲ႕ခ်ဳပ္က တနလၤာည ေဒသစံေတာ္ခ်ိန္ ၁၁နာရီ ၂၈ မိနစ္မွာ အေၾကာင္းၾကားလာပါတယ္။ ဒီအတြက္ေၾကာင့္ ပါေတးလည္း ၂၀၂၃ ဇြန္လအထိရွိမယ့္ သူ႕ရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ပါတယ္”လုိ႔ အက္သလက္တီကိုအသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အာဆင္နယ္အသင္းက ပါေတးကို ေခၚယူဖုိ႔ ကာလရွည္ပစ္မွတ္ထားလာေပမယ့္ ေနာက္ဆုံးရက္မွာ သူ႕ရဲ႕အေျပာင္းအေရႊ႕က အားလုံးကို အံ့အားသင့္ေစခဲ့ၿပီး အရင္တုန္းက အာဆင္နယ္အသင္းဟာ ပါေတးရဲ႕တန္ဖုိးကို စာခ်ဳပ္ဖ်က္သိမ္းေၾကးေအာက္ပဲ ထားရွိခဲ့တာျဖစ္ပါတယ္။ သူတုိ႔ဟာ ပါေတးအတြက္ အက္သလက္တီကိုအသင္းနဲ႔ ေစ်းကြက္မပိတ္ခင္ ရက္သတၱပတ္အနည္းငယ္ၾကာ ေဆြးေႏြးခဲ့တာေတာင္ ေခၚယူမယ့္အရိပ္အေယာင္မထြက္ေပၚခဲ့ပါဘူး။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပါေတးဟာ အာဆင္နယ္အသင္းမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၅၀၀၀၀ ၀န္းက်င္ရရွိမွာျဖစ္ၿပီး လက္မွတ္ထုိးေၾကး ေပါင္ ၁.၈သန္းလည္းရရွိခဲ့တယ္လုိ႔ သိရပါတယ္။ ESPN သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ပါေတးဟာ အာဆင္နယ္နဲ႔ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး ေနာက္ထပ္တစ္နွစ္သက္တမ္းတုိးခြင့္လည္း ထည့္သြင္းခ်ဳပ္ဆုိခဲ့တယ္လုိ႔ သိရပါတယ္။ သူဟာ အက္သလက္တီကိုမွာ ကစားခဲ့တဲ့ ၅ ႏွစ္တာကာလအတြင္း ၁၈၈ ပဲြကစားေပးခဲ့ပါတယ္။