နောဝစ်ချ်နောက်ခံလူ ဂေါ့ဖရေးကို ပေါင် ၂၅ သန်းအသုံးပြုပြီး အန်ဆလော့တီရဲ့ အဲဗာတန် တပ်ဖွဲ့ခေါ်ယူအားဖြည့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီအတွက် ၅ ယောက်မြောက်ခေါ်ယူမှုအဖြစ် နောဝစ်ချ်နောက်ခံလူ ဘင်းန်ဂေါ့ဖရေးကို အဲဗာတန်ဟာ ပေါင် ၂၅ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။ အပိုဆုကြေးအပါအဝင် သူ့ရဲ့အပြောင်း အရွှေ့တန်ဖိုးဟာ ပေါင်သန်း ၃၀ အထိဖြစ်လာဖို့ ရှိနေပါတယ်။

ဂေါ့ဖရေးဟာ အသက် ၂၂ နှစ် ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းမှာ အဓိက နောက်ခံလူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို အဲဗာတန်က ၅ နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တာပါ။

အဲဗာတန်ရဲ့ နောက်တန်းကစားသမား ၂ ဦးဖြစ်တဲ့ မန်ဆန်ဟိုလ်ဂိတ်နဲ့ ဂျရတ်ကန်ဝှိုက်တီတို့ ဒဏ်ရာရနေတဲ့အတွက် အန်ဆလော့တီဟာ အခုလိုမျိုး နောက်ခံလူတစ်ဦးကိုခေါ်ယူပြီး အားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။

ကာယကံရှင်ဖြစ်တဲ့ ဂေါ့ဖရေးက “အဲဗာတန်လိုအသင်းမျိုးက ကျွန်တော့်ကိုခေါ်ယူ လိုက် တာဟာ တကယ့်ကိုဂုဏ်ယူစရာကောင်းပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားတွေရှိနေတဲ့ အသင်းမှာ ကျွန်တော့်အနေနဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ အထောက်အကူဖြစ်မှာပါ။ သူတို့နဲ့အတူ အတူတကွအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

ဂေါ့ဖရေးဟာ ၂၀၁၆ တုန်းက ယော့ခ်စီးတီးအသင်းကနေ ပေါင် ၁၅၀၀၀၀ နဲ့ နောဝစ်ချ်ကိုပြောင်းလာခဲ့တဲ့သူဖြစ်ပြီး ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို နောဝစ်ချ်အသင်း တန်းတက်နိုင်အောင် အဓိကနေရာက ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီပြောင်းရွှေ့ ကြေးဟာ နောဝစ်ချ်အတွက်တော့ စံချိန်တင်ရောင်းချရမှုဖြစ်ခဲ့ပြီး ၂၀၁၈ တုန်းက လက်စတာ အသင်းကို မက်ဒီဆန် ပြောင်းရွှေ့သွားတုန်းကရခဲ့တဲ့ ပေါင်သန်း ၂၀ နဲ့ အပိုဆောင်းဆုကြေး ငွေ ၄ သန်း စုစုပေါင်း ၂၄ သန်းထက် ပိုရခဲ့ပါတယ်။

ဂေါ့ဖရေးရဲ့ အပြောင်းအရွှေ့ကနေလည်း ယော့ခ်စီးတီးအသင်းက ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင် ၂.၅ သန်း ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ အဲဗာတန်ဟာ ဒီရာသီမှာ အလန်၊ ဒိုကူရီ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ နေးလ်နာကွန်ကူတို့အပြီး ဂေါ့ဖရေးကို ၅ ဦးမြောက်အဖြစ် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ပွဲတိုင်းနိုင်ထားပြီး ခြေစွမ်းပြနေတဲ့ အဲဗာတန်ရဲ့ အန်ဆလော့တီတပ်ဖွဲ့အတွက် ဂေါ့ဖရေးရဲ့စွမ်းဆောင်ရည်ကို မကြာခင်မြင်တွေ့ရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနာ၀စ္ခ်္ေနာက္ခံလူ ေဂါ့ဖေရးကို ေပါင္ ၂၅ သန္းအသံုးျပဳၿပီး အန္ဆေလာ့တီရဲဲ႕ အဲဗာတန္ တပ္ဖြဲ႕ေခၚယူအားျဖည့္

ဒီရာသီအတြက္ ၅ ေယာက္ေျမာက္ေခၚယူမႈအျဖစ္ ေနာ၀စ္ခ်္ေနာက္ခံလူ ဘင္းန္ေဂါ့ဖေရးကုိ အဲဗာတန္ဟာ ေပါင္ ၂၅ သန္းနဲ႔ေခၚယူလိုက္ပါတယ္။ အပိုဆုေၾကးအပါအ၀င္ သူ႕ရဲ႕အေျပာင္း အေရႊ႕တန္ဖိုးဟာ ေပါင္သန္း ၃၀ အထိျဖစ္လာဖို႔ ရွိေနပါတယ္။

ေဂါ့ဖေရးဟာ အသက္ ၂၂ ႏွစ္ ပဲရွိေသးတဲ့ အဂၤလန္လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး အဂၤလန္ယူ-၂၁ အသင္းမွာ အဓိက ေနာက္ခံလူတစ္ဦးလည္း ျဖစ္ပါတယ္။ သူ႕ကို အဲဗာတန္က ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူခဲ့တာပါ။

အဲဗာတန္ရဲ႕ ေနာက္တန္းကစားသမား ၂ ဦးျဖစ္တဲ့ မန္ဆန္ဟိုလ္ဂိတ္နဲ႔ ဂ်ရတ္ကန္၀ိႈက္တီတို႔ ဒဏ္ရာရေနတဲ့အတြက္ အန္ဆေလာ့တီဟာ အခုလိုမ်ဳိး ေနာက္ခံလူတစ္ဦးကိုေခၚယူၿပီး အားျဖည့္ခဲ့တာလည္း ျဖစ္ပါတယ္။

ကာယကံရွင္ျဖစ္တဲ့ ေဂါ့ဖေရးက “အဲဗာတန္လိုအသင္းမ်ဳိးက ကၽြန္ေတာ့္ကိုေခၚယူ လိုက္ တာဟာ တကယ့္ကိုဂုဏ္ယူစရာေကာင္းပါတယ္။ ကမာၻ႔အဆင့္ကစားသမားေတြရွိေနတဲ့ အသင္းမွာ ကၽြန္ေတာ့္အေနနဲ႔ ေနာက္တစ္ဆင့္ကိုတက္လွမ္းႏိုင္ဖုိ႔ အေထာက္အကူျဖစ္မွာပါ။ သူတို႔နဲ႔အတူ အတူတကြအေကာင္းဆံုးလုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ေဂါ့ဖေရးဟာ ၂၀၁၆ တုန္းက ေယာ့ခ္စီးတီးအသင္းကေန ေပါင္ ၁၅၀၀၀၀ နဲ႔ ေနာ၀စ္ခ်္ကိုေျပာင္းလာခဲ့တဲ့သူျဖစ္ၿပီး ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ကို ေနာ၀စ္ခ်္အသင္း တန္းတက္ႏိုင္ေအာင္ အဓိကေနရာက ကူညီေပးႏို္င္ခဲ့ပါတယ္။ ဒီေျပာင္းေရႊ႕ ေၾကးဟာ ေနာ၀စ္ခ်္အတြက္ေတာ့ စံခ်ိန္တင္ေရာင္းခ်ရမႈျဖစ္ခဲ့ၿပီး ၂၀၁၈ တုန္းက လက္စတာ အသင္းကို မက္ဒီဆန္ ေျပာင္းေရႊ႕သြားတုန္းကရခဲ့တဲ့ ေပါင္သန္း ၂၀ နဲ႔ အပိုေဆာင္းဆုေၾကး ေငြ ၄ သန္း စုစုေပါင္း ၂၄ သန္းထက္ ပိုရခဲ့ပါတယ္။

ေဂါ့ဖေရးရဲ႕ အေျပာင္းအေရႊ႕ကေနလည္း ေယာ့ခ္စီးတီးအသင္းက ေျပာင္းေရႊ႕ေၾကးရဲ႕ ၁၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ေပါင္ ၂.၅ သန္း ရရွိခဲ့ေၾကာင္းလည္း သိရပါတယ္။ အဲဗာတန္ဟာ ဒီရာသီမွာ အလန္၊ ဒိုကူရီ၊ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္၊ ေနးလ္နာကြန္ကူတို႔အၿပီး ေဂါ့ဖေရးကို ၅ ဦးေျမာက္အျဖစ္ ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ပြဲတိုင္းႏိုင္ထားၿပီး ေျခစြမ္းျပေနတဲ့ အဲဗာတန္ရဲ႕ အန္ဆေလာ့တီတပ္ဖြဲ႕အတြက္ ေဂါ့ဖေရးရဲ႕စြမ္းေဆာင္ရည္ကို မၾကာခင္ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။