ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဒီပေး သဘောတူညီမှုရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိုင်ယွန်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ဒီပေးဟာ မနေ့ညကကစားသွားတဲ့ မာဆေးနဲ့ပွဲမှာမပါဝင်ခဲ့ဘဲ ဘာစီလိုနာကိုပြောင်းဖို့ကိစ္စကို အပြီးသတ်နိုင်ဖို့အတွက် ပြင်ဆင်နေ ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစဉ် ဒီပေးဟာ ပြောင်းရွှေ့ကြေး မဖော်ပြသေးဘဲ ဘာစီလိုနာကိုရောက်ဖို့ကတော့ သဘောတူညီမှုအားလုံးရယူပြီးသွားနိုင်ခဲ့ပြီ လို့ လိုင်ယွန်အားကစားဒါရိုက်တာ ဂျူနင်ဟိုက တရားဝင်ပြောကြားသွားခဲ့ပါတယ်။

ဒီပေးဟာ မန်ယူအသင်းကနေ ၂၀၁၇ ခုနှစ်တုန်းက လိုင်ယွန်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိုင်ယွန်အ တွက် ၁၄၄ ပွဲမှာ ၅၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူနည်းပြဟောင်း ဗန်ဟားလ်လက်ထက် တုန်းက သူ့ကို ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းနဲ့ ၂၀၁၅ ခုနှစ်က ခေါ်ယူခဲ့တာပါ။ မန်ယူမှာ တော့ ဒီပေး အံမဝင်ခဲ့ဘဲ ပရီးမီးယားလိဂ်မှာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ၅၃ ပွဲမှာ ၇ ဂိုးပဲသွင်းယူနိုင် ခဲ့ပါတယ်။

မနှစ်က ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ လိုင်ယွန်အသင်း အတွက် ဒီပေးက အဓိကကစားသမားဖြစ်ခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် တစ်ရာသီလုံးမှာ ၂၂ ပွဲပဲ ကစားခဲ့ရပေမယ့် ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့အပြောင်း အရွှေ့နဲ့ပတ်သက်ပြီး ဂျူနင်ဟိုက “ဒီပေးကိစ္စအတွက် ဘာစီလိုနာနဲ့ သဘောတူညီမှုရရှိပြီး သွားပါပြီ။ ဒါကို ကျွန်တော်တို့ ဖုံးကွယ်မထားချင်ပါဘူး။ သူဟာ ဒီနေ့ ဒါမှမဟုတ် ဒီရက်ပိုင်းအတွင်းမှာ ဘာစီလိုနာကိုသွားပြီး ဆေးစစ်မှုခံယူပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးမှာ ကစားနေတဲ့ ဘာစီလိုနာရဲ့လာမာစီယာထွက် လူငယ်ကစားသမားဟောင်း အဲရစ်ဂါစီယာဟာလည်း ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ လိုင်ယွန်အသင်းကလည်း ဂျူဗင်တပ်က ဒီစီဂလီယိုကိုခေါ်ယူဖို့ နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပြီလို့ ဂျူနင်ဟိုက အသိပေးပြောကြားသွားခဲ့ပြီး အပြောင်း အရွှေ့နောက်ဆုံးရက်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာစီလိုနာသို႔ ေျပာင္းေရႊ႕ရန္ ဒီေပး သေဘာတူညီမႈရရွိ

လိုင္ယြန္အသင္းရဲ႕ အားထားရတဲ့ ကြင္းလယ္ကစားသမား ဒီေပးဟာ မေန႔ညကကစားသြားတဲ့ မာေဆးနဲ႔ပြဲမွာမပါ၀င္ခဲ့ဘဲ ဘာစီလိုနာကိုေျပာင္းဖို႔ကိစၥကို အၿပီးသတ္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေန ခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ရွိ နယ္သာလန္လက္ေရြးစဥ္ ဒီေပးဟာ ေျပာင္းေရႊ႕ေၾကး မေဖာ္ျပေသးဘဲ ဘာစီလိုနာကိုေရာက္ဖို႔ကေတာ့ သေဘာတူညီမႈအားလံုးရယူၿပီးသြားႏိုင္ခဲ့ၿပီ လို႔ လိုင္ယြန္အားကစားဒါရိုက္တာ ဂ်ဴနင္ဟိုက တရား၀င္ေျပာၾကားသြားခဲ့ပါတယ္။

ဒီေပးဟာ မန္ယူအသင္းကေန ၂၀၁၇ ခုႏွစ္တုန္းက လိုင္ယြန္ကိုေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး လိုင္ယြန္အ တြက္ ၁၄၄ ပြဲမွာ ၅၈ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ မန္ယူနည္းျပေဟာင္း ဗန္ဟားလ္လက္ထက္ တုန္းက သူ႕ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၁ သန္းနဲ႔ ၂၀၁၅ ခုႏွစ္က ေခၚယူခဲ့တာပါ။ မန္ယူမွာ ေတာ့ ဒီေပး အံမ၀င္ခဲ့ဘဲ ပရီးမီးယားလိဂ္မွာ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ၅၃ ပြဲမွာ ၇ ဂိုးပဲသြင္းယူႏိုင္ ခဲ့ပါတယ္။

မႏွစ္က ေဘာလံုးရာသီတုန္းက ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပခဲ့တဲ့ လိုင္ယြန္အသင္း အတြက္ ဒီေပးက အဓိကကစားသမားျဖစ္ခဲ့ၿပီး ဒဏ္ရာျပႆနာေတြေၾကာင့္ တစ္ရာသီလံုးမွာ ၂၂ ပြဲပဲ ကစားခဲ့ရေပမယ့္ ၁၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

သူ႕ရဲ႕အေျပာင္း အေရႊ႕နဲ႔ပတ္သက္ၿပီး ဂ်ဴနင္ဟိုက “ဒီေပးကိစၥအတြက္ ဘာစီလိုနာနဲ႔ သေဘာတူညီမႈရရွိၿပီး သြားပါၿပီ။ ဒါကို ကၽြန္ေတာ္တို႔ ဖံုးကြယ္မထားခ်င္ပါဘူး။ သူဟာ ဒီေန႔ ဒါမွမဟုတ္ ဒီရက္ပိုင္းအတြင္းမွာ ဘာစီလိုနာကိုသြားၿပီး ေဆးစစ္မႈခံယူပါလိမ့္မယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးမွာ ကစားေနတဲ့ ဘာစီလိုနာရဲ႕လာမာစီယာထြက္ လူငယ္ကစားသမားေဟာင္း အဲရစ္ဂါစီယာဟာလည္း ဘာစီလိုနာအသင္းကို ျပန္လည္ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။ လိုင္ယြန္အသင္းကလည္း ဂ်ဴဗင္တပ္က ဒီစီဂလီယိုကိုေခၚယူဖို႔ ေနာက္ဆံုးအဆင့္ ေဆြးေႏြးညိွႏႈိင္းမႈေတြျပဳလုပ္ေနၿပီလို႔ ဂ်ဴနင္ဟိုက အသိေပးေျပာၾကားသြားခဲ့ၿပီး အေျပာင္း အေရႊ႕ေနာက္ဆံုးရက္မွာ ဘာေတြျဖစ္လာဦးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။