ပရီးမီးယားလိဂ်သမိုင်းတလျှောက် ၁၀၇၉ပွဲမှာ ပထမပိုင်းအတွင်း ပထမဆုံးအကြိမ် မန်ယူ ၄ဂိုးပေးခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

စက္ကန့် ၃၀အကြာမှာတင် မာရှယ် ကြောင့် ပင်နယ်တီ စရခဲ့ပေမယ့် ပထမပိုင်းအတွင်း ၄ဂိုးစပေးခဲ့ရတာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၀၇၉ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။ တစ်နည်းအားဖြင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ၄ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ ခံစစ်မှာ လင်ဒီလော့ဖ်အစား ဘိုင်လေကို ပြောင်းပြီး ခံစစ်ကို ပြင်ဆင်ခဲ့ပေမယ့် မက်ဂွိုင်းယားကိုယ်တိုင် တော်တော်လေးအမှားများခဲ့ပါတယ်။ ပွဲအစ ၁မိနစ်နဲ့ ၃၇ စက္ကန့်မှာ မာရှယ်ကြောင့် ရတဲ့ပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိကန်ပြီး စောစောစီးစီး ဦးဆောင်နိုင်ခဲ့တာကလွှဲရင် မန်ချက်စတာယူနိုက်တက်အတွက် ပထမပိုင်းတလျှောက်လုံး အားရစရာမရှိခဲ့ပါဘူး။

ဦးဆောင်ဂိုးရပြီး ၁မိနစ်ကျော်အကြာမှာတင် ခံစစ်က မက်ဂွိုင်းယားနဲ့လုခ်ရှောတို့အမှားကြောင့် စပါးကို ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဟယ်ရီကိန်းက ပြစ်ဒဏ်ဘောကိုအမြန်ကန်ပြီး ဆွန်ဟောင်မင် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပြန်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပထမပိုင်းမှာ ပြိုင်ဘက်ကို ၂ဂိုးပေးခဲ့ရတာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေတလျှောက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ဒီလိုနေ့က အာဆင်နယ်ကို ပေးခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မန်ယူကို ပိုဆိုးစေခဲ့တာက ပွဲချိန် ၂၈မိနစ်မှာ တိုက်စစ်မှူး မာရှယ် အနီကတ်ပြခံခဲ့ရတာပါပဲ။ မာရှယ်ရဲ့အနီကတ်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေထဲမှာ မန်ယူကစားသမားတစ်ဦးအနေနဲ့ အစောဆုံးပြခံရတဲ့အနီကတ်လည်းဖြစ်ခဲ့ပါတယ်။

စပါးရဲ့တတိယဂိုးကိုတော့ ဆွန်ဟောင်မင် ခင်ပေးတာကတဆင့် ဟယ်ရီကိန်းကသွင်းပေးခဲ့ပြီး စတုတ္ထဂိုးကိုတော့ မက်ဂွိုင်းယားရဲ့အားနည်းချက်ကနေ ဆွန်ဟောင်မင်ကပဲသွင်းခဲ့တာပါ။ ဆွန်ဟောင်မင်ဟာ သူပါဝင်ကစားခဲ့တဲ့ စပါးအသင်းရဲ့ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ပွဲမှာ ၁၀ ဂိုးအထိပါဝင်ပတ်သက်ခဲ့ပြီး ၇ဂိုးသွင်း၊ ၃ဂိုးဖန်တီးပးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း စပါးအသင်းဟာ တစ်ယောက်လျော့နေတဲ့ မန်ယူအသင်းကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး ၅၂ မိနစ်မှာ အော်ရီယာက ယူနိုက်တက်ရဲ့ ဘယ်တောင်ပံကနေ ပဉ္စမမြောက်သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။

၇၈ မိနစ်မှာ ဝမ်ဘစ်ဆာကာကို ဖြတ်ကျော်လာတဲ့ ဒေးဗီးစ်ဆီမှ ဘောလုံးကို ဂိုးဧရိယာထဲမှာ ပေါ့ဂ်ဘာ ဖျက်ထုတ်ရာမှာ ဘောလုံးမထိပဲ လူကိုသာလျှောထိုးဖျက်ထုတ်မိသလိုဖြစ်သွားတာကြောင့် ကွင်းလယ်ဒိုင်က စပါးအသင်းကို ပင်နယ်တီကန်ခွင့် ပေးခဲ့ပြီး ဟယ်ရီကိန်းက အားပါတဲ့ကန်ချက်နဲ့ ကန်သွင်းခဲ့ကာ ဆဌမမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ပွဲအပြီးမှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၆-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ၁၀၇၉ပြဲမွာ ပထမပိုင္းအတြင္း ပထမဆုံးအႀကိမ္ မန္ယူ ၄ဂိုးေပးခဲ့ရ

စကၠန႔္ ၃၀အၾကာမွာတင္ မာရွယ္ ေၾကာင့္ ပင္နယ္တီ စရခဲ့ေပမယ့္ ပထမပိုင္းအတြင္း ၄ဂိုးစေပးခဲ့ရတာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၀၇၉ပြဲမွာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း သိရပါတယ္။ တစ္နည္းအားျဖင့္ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပထမဆုံးအႀကိမ္ အိမ္ကြင္းမွာ ၄ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

နည္းျပဆိုးလ္ရွားဟာ ခံစစ္မွာ လင္ဒီေလာ့ဖ္အစား ဘိုင္ေလကို ေျပာင္းၿပီး ခံစစ္ကို ျပင္ဆင္ခဲ့ေပမယ့္ မက္ဂြိဳင္းယားကိုယ္တိုင္ ေတာ္ေတာ္ေလးအမွားမ်ားခဲ့ပါတယ္။ ပြဲအစ ၁မိနစ္နဲ႔ ၃၇ စကၠန႔္မွာ မာရွယ္ေၾကာင့္ ရတဲ့ပင္နယ္တီကို ဘ႐ူႏိုဖာနန္ဒက္စ္က အမွားအယြင္းမရွိကန္ၿပီး ေစာေစာစီးစီး ဦးေဆာင္ႏိုင္ခဲ့တာကလႊဲရင္ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပထမပိုင္းတေလွ်ာက္လုံး အားရစရာမရွိခဲ့ပါဘူး။ ဦးေဆာင္ဂိုးရၿပီး ၁မိနစ္ေက်ာ္အၾကာမွာတင္ ခံစစ္က မက္ဂြိဳင္းယားနဲ႔လုခ္ေရွာတို႔အမွားေၾကာင့္ စပါးကို ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။ ဆက္တိုက္ဆိုသလိုပဲ ဟယ္ရီကိန္းက ျပစ္ဒဏ္ေဘာကိုအျမန္ကန္ၿပီး ဆြန္ေဟာင္မင္ ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့ျပန္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပထမပိုင္းမွာ ၿပိဳင္ဘက္ကို ၂ဂိုးေပးခဲ့ရတာဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြတေလွ်ာက္ ၂၀၁၅ခုႏွစ္၊ ေအာက္တိုဘာလ ဒီလိုေန႔က အာဆင္နယ္ကို ေပးခဲ့ရၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။ မန္ယူကို ပိုဆိုးေစခဲ့တာက ပြဲခ်ိန္ ၂၈မိနစ္မွာ တိုက္စစ္မႉး မာရွယ္ အနီကတ္ျပခံခဲ့ရတာပါပဲ။ မာရွယ္ရဲ႕အနီကတ္ဟာ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြထဲမွာ မန္ယူကစားသမားတစ္ဦးအေနနဲ႔ အေစာဆုံးျပခံရတဲ့အနီကတ္လည္းျဖစ္ခဲ့ပါတယ္။ စပါးရဲ႕တတိယဂိုးကိုေတာ့ ဆြန္ေဟာင္မင္ ခင္ေပးတာကတဆင့္ ဟယ္ရီကိန္းကသြင္းေပးခဲ့ၿပီး စတုတၳဂိုးကိုေတာ့ မက္ဂြိဳင္းယားရဲ႕အားနည္းခ်က္ကေန ဆြန္ေဟာင္မင္ကပဲသြင္းခဲ့တာပါ။ ဆြန္ေဟာင္မင္ဟာ သူပါဝင္ကစားခဲ့တဲ့ စပါးအသင္းရဲ႕ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၄ပြဲမွာ ၁၀ ဂိုးအထိပါဝင္ပတ္သက္ခဲ့ၿပီး ၇ဂိုးသြင္း၊ ၃ဂိုးဖန္တီးပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း စပါးအသင္းဟာ တစ္ေယာက္ေလ်ာ့ေနတဲ့ မန္ယူအသင္းကို လႊမ္းမိုးကစားႏိုင္ခဲ့ၿပီး ၅၂ မိနစ္မွာ ေအာ္ရီယာက ယူႏိုက္တက္ရဲ႕ ဘယ္ေတာင္ပံကေန ပၪၥမေျမာက္သြင္းဂိုးကို သြင္းယူသြားခဲ့ပါတယ္။ ၇၈ မိနစ္မွာ ဝမ္ဘစ္ဆာကာကို ျဖတ္ေက်ာ္လာတဲ့ ေဒးဗီးစ္ဆီမွ ေဘာလုံးကို ဂိုးဧရိယာထဲမွာ ေပါ့ဂ္ဘာ ဖ်က္ထုတ္ရာမွာ ေဘာလုံးမထိပဲ လူကိုသာေလွ်ာထိုးဖ်က္ထုတ္မိသလိုျဖစ္သြားတာေၾကာင့္ ကြင္းလယ္ဒိုင္က စပါးအသင္းကို ပင္နယ္တီကန္ခြင့္ ေပးခဲ့ၿပီး ဟယ္ရီကိန္းက အားပါတဲ့ကန္ခ်က္နဲ႔ ကန္သြင္းခဲ့ကာ ဆဌမေျမာက္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။ ပြဲအၿပီးမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ၆-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။