အပြောင်းအရွှေ့ကိစ္စတွေကြောင့် ဖရိုင်းဘတ်နဲ့ ပွဲမှာ ဆန်ချို မပါဝင်ခဲ့တာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ ဖရိုင်းဘတ်ကို ၄ဂိုးပြတ် clean sheet နဲ့ ကောင်းကောင်းမွန်မွန်ကို အနိုင်ယူကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဒေါ့မွန်ရဲ့ မင်းသားကတော့ ဟာလန်းပါပဲ။ ဟာလန်းဟာ ဖရိုင်းဘတ်ဘက်ကို ဂိုးတွေသွင်းယူနိုင်ခဲ့သလို ၊ အသင်းဖော်တွေအတွက်လည်း ဂိုးတွေ ဖန်တီးပေးခဲ့ပါတယ်။ ဟာလန်းဟာ ဟက်ထရစ်ရနိုင်တဲ့အနေအထားရှိခဲ့ပေမယ့်ကိုယ်တိုင်မသွင်းယူဘဲ အသင်းဖော်ဆီကို ပေးပို့ပေးခဲ့တဲ့ အဖြစ်လည်းဖြစ်ခဲ့ပါတယ်။

ဟာလန်းကတော့ ယခုနှစ်ရာသီ အစ ၅ပွဲမှာတင် ၅ဂိုးသွင်း၂ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပြီး၊ ပွဲခံနေတဲ့ အချိန်မှာ ဆန်ချိုကတော့ ဒေါ့မွန်ရဲ့ ပိတ်ကားနောက်ရောက်နေပါတယ်။

ဖရိုင်းဘတ်နဲ့ ပွဲမှာ အသင်းရဲ့ လူစာရင်းထဲ မပါဝင်ခဲ့တဲ့ ဆန်ချိုဟာ အပြောင်းအရွှေ့ အရေးကြောင့် ဒေါ့မွန်အတွက် မကစားပေးတာဆိုပြီး သတင်းတွေထွက်နေပါတယ်။ အသံတွေထွက်လည်း ထွက်ချင်စရာပါပဲ။ ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာလည်း ဒေါ့မွန်အတွက် ပါဝင်ကစားပေးခြင်း မရှိခဲ့ပါဘူး။ အဲဒီတုန်းကတော့ ဆန်ချိုဟာ နေမကောင်းဖြစ်နေတာကြောင့် ဒေါ့မွန်အတွက် မကစားပေးနိုင်တာဖြစ်ကြောင်း အသင်းဘက်ကပြောဆိုခဲ့ပါတယ်။

ဖရိုင်းဘတ်နဲ့ ပွဲအတွက်ကိုတော့ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ကြာသပတေးနေ့က ပြုလုပ်တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာကတည်းကမပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကထွက်ထားတဲ့ သတင်းတွေအရတော့ ဆန်ချိုဟာ အသက်ရှူလို့သိပ်မကောင်းတဲ့ရောဂါ ခံစားနေရဆဲဖြစ်တာကြောင့် ထရိန်နင်ကို မရောက်လာတာဖြစ်တယ်လို့ ကြားသိရပါတယ်။

တစ်ဖက်မှာလည်း ဆန်ချိုဟာ အပြောင်းအရွှေ့အရေးကြောင့် ပွဲစဉ်မှာ မပါဝင်နိုင်တာလို့ ကြားနေရပြန်ပါတယ်။ အပြောင်းအရွှေ့မပိတ်သေးတာကြောင့် ယူနိုက်တက်ဆီ ဆန်ချို ပြောင်းနိုင်တယ်ဆိုပြီး မျှော်လင့်ထားသူတွေလည်းရှိပါတယ်။ ယူနိုက်တက်ဟာ ယခုအပတ်အစောပိုင်းက အင်္ဂလန်လက်ရွေးစင် ဆန်ချိုအတွက် ပေါင် ၉၁ သန်းဝန်းကျင်နဲ့ ထပ်မံကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အခုနောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် စုစုပေါင်းတန်ကြေး ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမယ်လို့ကြားရပြန်ပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်ဟာ အသက် ၂၀ အရွယ် တောင်ပံကစားသမား ဆန်ချိုဖြစ်ပါတယ်။ အပြောင်း အရွှေ့ ကာလကလည်း ပြီးဆုံးတော့မှာဖြစ်တာကြောင့် ဆန်ချို ရဲ့ အနေအထားကို ကွဲကွဲပြားပြားသိရပါတော့မယ်။

တချို့ ဘောလုံး အရေးသုံးသပ်သူတွေကတော့ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို မခေါ်သင့်ဘူးလို့ပြောထားကြပါတယ်။ ဝုဒ်ဝက်ခ် ဦးစီးနေတဲ့ ကစားသမား အသစ်ခေါ်ယူရေးအဖွဲ့ဟာ ဒီနွေရာသီအပြောင်းအရွေ့ဈေးကွက်မှာကစားသမားအများအပြားကို ချိတ်ဆက်ခဲ့ပေမယ့် ဘန်ဒီဘိခ်နဲ့ ကာဗာနီတို့ နှစ်ဦးကိုသာ ခေါ်ယူထားနိုင်ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အ​ေျပာင္းအ​ေ႐ႊ႕ကိစၥေတြ​ေၾကာင့္ ဖ႐ိုင္းဘတ္နဲ႔ ပြဲမွာ ဆန္ခ်ိဳ မပါ၀င္ခဲ့တာလား

ေဒါ့မြန္အသင္းဟာ အိမ္ကြင္းမွာ ဖ႐ိုင္းဘတ္ကို ၄ဂိုးျပတ္ clean sheet နဲ႔ ​ေကာင္း​ေကာင္းမြန္မြန္ကို အႏိုင္ယူကစားႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ​ေဒါ့မြန္ရဲ႕ မင္းသားက​ေတာ့ ဟာလန္းပါပဲ။ ဟာလန္းဟာ ဖ႐ိုင္းဘတ္ဘက္ကို ဂိုး​ေတြသြင္းယူႏိုင္ခဲ့သလို ၊ အသင္း​ေဖာ္​ေတြအတြက္လည္း ဂိုး​ေတြ ဖန္တီး​ေပးခဲ့ပါတယ္။ ဟာလန္းဟာ ဟက္ထရစ္ရႏိုင္တဲ့အေနအထားရွိခဲ့​ေပမယ့္ကိုယ္တိုင္မသြင္းယူဘဲ အသင္း​ေဖာ္ဆီကို ေပးပို႔ေပးခဲ့တဲ့ အျဖစ္လည္းျဖစ္ခဲ့ပါတယ္။ ဟာလန္းကေတာ့ ယခုႏွစ္ရာသီ အစ ၅ပြဲမွာတင္ ၅ဂိုးသြင္း၂ဂိုးဖန္တီးမႈျပဳလုပ္ထားႏိုင္ခဲ့ၿပီး၊ ပြဲခံ​ေနတဲ့ အခ်ိန္မွာ ဆန္ခ်ိဳက​ေတာ့ ​ေဒါ့မြန္ရဲ႕ ပိတ္ကား​ေနာက္​ေရာက္​ေနပါတယ္။

ဖ႐ိုင္းဘတ္နဲ႔ ပြဲမွာ အသင္းရဲ႕ လူစာရင္းထဲ မပါ၀င္ခဲ့တဲ့ ဆန္ခ်ိဳဟာ အ​ေျပာင္းအ​​ေ႐ႊ႕ အ​ေရး​ေၾကာင့္ ​ေဒါ့မြန္အတြက္ မကစား​ေပးတာဆိုၿပီး သတင္း​ေတြထြက္​ေနပါတယ္။ အသံ​ေတြထြက္လည္း ထြက္ခ်င္စရာပါပဲ။ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ပြဲမွာလည္း ​ေဒါ့မြန္အတြက္ ပါ၀င္ကစား​ေပးျခင္း မရွိခဲ့ပါဘူး။ အဲဒီတုန္းက​ေတာ့ ဆန္ခ်ိဳဟာ ​ေနမ​ေကာင္းျဖစ္​ေနတာ​ေၾကာင့္ ​ေဒါ့မြန္အတြက္ မကစား​ေပးႏိုင္တာျဖစ္​ေၾကာင္း အသင္းဘက္က​ေျပာဆိုခဲ့ပါတယ္။

ဖ႐ိုင္းဘတ္နဲ႔ ပြဲအတြက္ကို​ေတာ့ ေဒါ့မြန္အသင္းရဲ႕ ​ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ ၾကာသပေတးေန႔က ျပဳလုပ္တဲ့အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာကတည္းကမပါဝင္ခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းကထြက္ထားတဲ့ သတင္း​ေတြအရ​ေတာ့ ဆန္ခ်ိဳဟာ အသက္ရႉလို႔သိပ္မေကာင္းတဲ့ေရာဂါ ခံစားေနရဆဲျဖစ္တာေၾကာင့္ ထရိန္နင္ကို မေရာက္လာတာျဖစ္တယ္လို႔ ၾကားသိရပါတယ္။

တစ္ဖက္မွာ​လည္း ဆန္ခ်ိဳဟာ အ​ေျပာင္းအ​ေ႐ႊ႕အ​ေရး​ေၾကာင့္ ပြဲစဥ္မွာ မပါ၀င္ႏိုင္တာလို႔ ၾကားေနရျပန္ပါတယ္။ အ​ေျပာင္းအ​ေ႐ႊ႕မပိတ္​ေသးတာ​ေၾကာင့္ ယူႏိုက္တက္ဆီ ဆန္ခ်ိဳ ​ေျပာင္းႏိုင္တယ္ဆိုၿပီး ​ေမွ်ာ္လင့္ထားသူ​ေတြလည္းရွိပါတယ္။ ယူႏိုက္တက္ဟာ ယခုအပတ္အေစာပိုင္းက အဂၤလန္လက္ေ႐ြးစင္ ဆန္ခ်ိဳအတြက္ ေပါင္ ၉၁ သန္း၀န္းက်င္နဲ႔ ထပ္မံကမ္းလွမ္းခဲ့​ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။

​အခု​ေနာက္ဆုံး​​​ေမွ်ာ္လင့္ခ်က္အ​ေနနဲ႔ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳအတြက္ စုစု​ေပါင္းတန္​ေၾကး ယူ႐ို သန္း ၁၀၀ ၀န္းက်င္နဲ႔ ကမ္းလွမ္းမယ္လို႔ၾကားရျပန္ပါတယ္။ အခုအ​ေျပာင္းအ​ေ႐ႊ႕ကာလမွာ ယူႏိုက္တက္အသင္းရဲ႕ နံပါတ္တစ္ပစ္မွတ္ဟာ အသက္ ၂၀ အ႐ြယ္ ​ေတာင္ပံကစားသမား ဆန္ခ်ိဳျဖစ္ပါတယ္။ အ​ေျပာင္း အ​​ေ႐ႊ႕ ကာလကလည္း ၿပီးဆုံး​ေတာ့မွာျဖစ္တာ​ေၾကာင့္ ဆန္ခ်ိဳ ရဲ႕ အ​ေနအထားကို ကြဲကြဲျပားျပားသိရပါ​ေတာ့မယ္။

တခ်ိဳ႕ ​ေဘာလုံး အ​ေရးသုံးသပ္သူ​ေတြက​ေတာ့ ယူႏိုက္တက္အ​ေနနဲ႔ ဆန္ခ်ိဳကို မ​ေခၚသင့္ဘူးလို႔​ေျပာထားၾကပါတယ္။ ဝုဒ္ဝက္ခ္ ဦးစီးေနတဲ့ ကစားသမား ​အသစ္ေခၚယူ​ေရးအဖြဲ႕ဟာ ဒီေႏြရာသီအေျပာင္းအေရြ႕ေစ်းကြက္မွာကစားသမားအမ်ားအျပားကို ခ်ိတ္ဆက္ခဲ့ေပမယ့္ ဘန္ဒီဘိခ္နဲ႔ ကာဗာနီတို႕ ႏွစ္​ဦးကိုသာ ​ေခၚယူထားႏိုင္ပါ​ေသးတယ္။