အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်းကို ပီအက်စ်ဂျီအသင်း အငှားနဲ့ခေါ်ယူနိုင်တော့မယ်လို့ဆို သတင်းတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်းကို တစ်ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်းကို တစ်ရာသီအငှားနဲ့ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အီတလီနိုင်ငံသား မွိုက်စ်ကိန်းဟာ ယခုရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း ၁၃ မိနစ်ပဲကစားခွင့်ရရှိထားပြီး အသင်းကတော့ ၄ပွဲစလုံးအနိုင်ရရှိကာ အမှတ်ပေးဇယားကိုတောင် ဦးဆောင်ထားပါတယ်။

မွိုက်စ်ကိန်းဟာ ၂၀၁၉ နွေရာသီက ဂျူဗင်တပ်စ်ကနေ အဲဗာတန်ကို ရောက်ရှိလာတုန်းက မြင့်မားတဲ့မျှော်လင့်ချက်တွေ သယ်ပိုးလာခဲ့ပြီး အခုချိန်အထိလည်း အလားအလာကောင်းတွေပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံရထားဆဲဖြစ်ပါတယ်။ Telefoot သတင်းဌာနရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ မွိုက်စ်ကိန်းကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီနဲ့ ချိုပိုမိုတင်းတို့ အသင်းကနေ ထွက်ခွာသွားပြီးနောက် အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ နေမာ၊ ဘာပေနဲ့ အီကာဒီတို့အတွက် အရန်တိုက်စစ်မှူးခေါ်ယူဖို့ ကြိုးစားနေတာပါ။ မွိုက်စ်ကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီက အဲဗာတန်နည်းပြမာကိုဆေးလ်ဗား(ထိုစဉ်က)ရဲ့ခေါ်ဆောင်မှုနဲ့ ဂျူဗင်တပ်စ်ကနေ ပေါင် ၂၅သန်းနဲ့ အဲဗာတန်ကို ရောက်လာခဲ့တာပါ။

ဒါပေမဲ့ အသက် ၂၀ အရွယ်ရှိ မွိုက်စ်ကိန်းဟာ အသင်းမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး အဲဗာတန်လည်း အခြေအနေတွေဆိုးရွားကာ နည်းပြ မာကိုဆေးလ်ဗားကို ရာထူးကနေ ထုတ်ပယ်ကာ လက်ရှိနည်းပြ အန်ဆလော့တီကို အစားထိုးခန့်အပ်ခဲ့ပါတယ်။ မွိုက်စ်ကိန်းဟာ ပြီးခဲ့ဲတဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂၉ပွဲကစားခွင့်ရခဲ့ပေမယ့် စုစုပေါင်း ၂ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ်မှာ ပွဲချိန်ပြည့်ကစားခဲ့ရတာဆိုလို့ တစ်ပွဲပဲရှိခဲ့ပြီး ဒီဇင်ဘာလအတွင်း ယူနိုက်တက်နဲ့ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ ယာယီနည်းပြ ဒန်ကန်ဖာဂူဆန်က မွိုက်စ်ကိန်းကို လူစားထိုးပြီးနောက် ၁၈ မိနစ်အကြာမှာပဲ ပြန်လည်လူစားလဲခဲ့ပါတယ်။ မွိုက်စ်ကိန်းဟာ ယခုရာသီ အန်ဆယ်လော့တီလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး ဖလက်ဝုဒ်နဲ့ ဆဲလ်ဖို့ဒ်အသင်းတို့ကိုအနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲတွေမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အဲဗာတန္တုိက္စစ္မွဴး မြိဳက္စ္ကိန္းကို ပီအက္စ္ဂ်ီအသင္း အငွားနဲ႔ေခၚယူႏုိင္ေတာ့မယ္လုိ႔ဆုိ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ အဲဗာတန္တုိက္စစ္မွဴး မြိဳက္စ္ကိန္းကို တစ္ရာသီအငွားနဲ႔ေခၚယူႏုိင္ေတာ့မယ္လုိ႔ သိရပါတယ္။ အီတလီႏိုင္ငံသား မြိဳက္စ္ကိန္းဟာ ယခုရာသီပရီးမီးယားလိဂ္မွာ စုစုေပါင္း ၁၃ မိနစ္ပဲကစားခြင့္ရရွိထားၿပီး အသင္းကေတာ့ ၄ပဲြစလုံးအႏုိင္ရရွိကာ အမွတ္ေပးဇယားကိုေတာင္ ဦးေဆာင္ထားပါတယ္။

မြိဳက္စ္ကိန္းဟာ ၂၀၁၉ ေႏြရာသီက ဂ်ဴဗင္တပ္စ္ကေန အဲဗာတန္ကို ေရာက္ရွိလာတုန္းက ျမင့္မားတဲ့ေမွ်ာ္လင့္ခ်က္ေတြ သယ္ပိုးလာခဲ့ၿပီး အခုခ်ိန္အထိလည္း အလားအလာေကာင္းေတြပိုင္ဆိုင္ထားသူအျဖစ္ သတ္မွတ္ခံရထားဆဲျဖစ္ပါတယ္။ Telefoot သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ မြိဳက္စ္ကိန္းကုိ အငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ေတာ့မယ္လုိ႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ တုိက္စစ္မွဴးေတြျဖစ္တဲ့ ကာဗာနီနဲ႔ ခ်ိဳပုိမုိတင္းတို႔ အသင္းကေန ထြက္ခြာသြားၿပီးေနာက္ အဓိကတုိက္စစ္မွဴးေတြျဖစ္တဲ့ ေနမာ၊ ဘာေပနဲ႔ အီကာဒီတုိ႔အတြက္ အရန္တုိက္စစ္မွဴးေခၚယူဖို႔ ႀကိဳးစားေနတာပါ။ မြိဳက္စ္ကိန္းဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီက အဲဗာတန္နည္းျပမာကိုေဆးလ္ဗား(ထုိစဥ္က)ရဲ႕ေခၚေဆာင္မႈနဲ႔ ဂ်ဴဗင္တပ္စ္ကေန ေပါင္ ၂၅သန္းနဲ႔ အဲဗာတန္ကို ေရာက္လာခဲ့တာပါ။

ဒါေပမဲ့ အသက္ ၂၀ အရြယ္ရွိ မြိဳက္စ္ကိန္းဟာ အသင္းမွာ အထုိင္က်ဖို႔ ႐ုန္းကန္ခဲ့ရၿပီး အဲဗာတန္လည္း အေျခအေနေတြဆုိးရြားကာ နည္းျပ မာကိုေဆးလ္ဗားကုိ ရာထူးကေန ထုတ္ပယ္ကာ လက္ရွိနည္းျပ အန္ဆေလာ့တီကို အစားထုိးခန္႔အပ္ခဲ့ပါတယ္။ မြိဳက္စ္ကိန္းဟာ ၿပီးခဲ့ဲတ့ဲရာသီ ပရီးမီးယားလိဂ္မွာ ၂၉ပြဲကစားခြင့္ရခဲ့ေပမယ့္ စုစုေပါင္း ၂ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။

သူဟာ ပရီးမီးယားလိဂ္မွာ ပဲြခ်ိန္ျပည့္ကစားခဲ့ရတာဆိုလုိ႔ တစ္ပြဲပဲရွိခဲ့ၿပီး ဒီဇင္ဘာလအတြင္း ယူႏုိက္တက္နဲ႔ကစားခဲ့တဲ့ အေ၀းကြင္းပြဲမွာ ယာယီနည္းျပ ဒန္ကန္ဖာဂူဆန္က မြိဳက္စ္ကိန္းကို လူစားထိုးၿပီးေနာက္ ၁၈ မိနစ္အၾကာမွာပဲ ျပန္လည္လူစားလဲခဲ့ပါတယ္။ မြိဳက္စ္ကိန္းဟာ ယခုရာသီ အန္ဆယ္ေလာ့တီလက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ဆုံး႐ံႈးေနရၿပီး ဖလက္၀ုဒ္နဲ႔ ဆဲလ္ဖို႔ဒ္အသင္းတုိ႔ကိုအႏိုင္ရခဲ့တဲ့ လိဂ္ဖလားပဲြေတြမွာ ၂ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။