မန်ယူရှုံးခဲ့တဲ့ ပဲလေ့စ်ကို ချဲလ်ဆီးက ၄ ဂိုးပြတ်အသာလေးသွင်းသွားခဲ့ပြီး အေဘရာဟမ် ဝင်ရှုပ်ပေမယ့် ပင်နယ်တီ ကန်သွင်းခွင့်အတွက် ဂျော်ဂျင်ဟိုကိုပဲ ပေးကန်ခိုင်းခဲ့တဲ့ အက်စ်ပီလီကျူတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ယူခဲ့တဲ့ ပဲလေ့စ်အပေါ် ချဲလ်ဆီးက သက်သောင့်သက်သာ ကစားပြီး ပေးဂိုးမရှိ ၄ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ ချိဝဲလ်ရဲ့ဦးဆောင်ဂိုးနဲ့ အဖွင့်စရခဲ့ပြီး နောက်ထပ် ၃ ဂိုးကို သွင်းယူသွားနိုင်ခဲ့တာပါ။

ပဲလေ့စ်ရဲ့အကောင်းဆုံးကစားသမားလို့ပြောနိုင် တဲ့ ဇာဟာဟာ ဒီနေ့ပွဲမှာ ဘောလုံးထိချက်နည်းပါးခဲ့သလို ထိုးဖောက်မှုတွေကလည်း အရာ မထင်ခဲ့ပါဘူး။ လိဂ်ဖလားကနေထွက်ခွာခဲ့ရတဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲမရ သေးတဲ့အတွက် ဒီပွဲမှာ သေချာအားစိုက်ကစားသွားခဲ့တယ်။

ဟာဗက်ဇ်က လေဗာကူဆင်က ခြေစွမ်းမျိုးမရသေးပေမယ့် သူ့ကြောင့် ပင်နယ်တီတစ်လုံးတော့ ရခဲ့ပါသေးတယ်။

ဒီပွဲမှာ ချဲလ်ဆီးဟာ ပင်နယ်တီ ၂ လုံးဆက်တိုက်ရရှိခဲ့ပြီး ဒီပင်နယ်တီဖြစ်ရပ်အပေါ်မှာ ဂျော်ဂျင်ဟိုနဲ့ အေဘရာဟမ်အကြား အသင်းခေါင်းဆောင် အက်စ်ပီလီကျူတာက အဆုံးအဖြတ်ဝင်ပေးခဲ့ရတဲ့ကိစ္စဖြစ်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပင်နယ်တီကန်သွင်းရမယ့်တာဝန်ကို နည်းပြ လမ်းပတ်က ဂျော်ဂျင်ဟိုကိုပေးထားပြီးသားပါ။

ပထမပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့ပြီး နောက်တစ်လုံးထပ်ရတဲ့အချိန်မှာ အေဘရာဟမ်က သူ ကန်သွင်းမယ်လုပ်ခဲ့တာပါ။

ဂျော်ဂျင်ဟိုက ဘာမှမပြောဘဲ လက်ရှောင်နေခဲ့ပေမယ့်အသင်း ခေါင်းဆောင် အက်စ်ပီလီကျူတာက အသင်းရဲ့စည်းကမ်းအတိုင်း လိုက်နာဖို့ အေဘရာဟမ် ကိုပြောခဲ့ပြီး ဂျော်ဂျင်ဟိုကိုပဲ ကန်သွင်းစေခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဒီဖြစ်ရပ် နဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်က ”ကျွန်တော့်အနေနဲ့ အေဘရာဟမ်ရဲ့ကန်သွင်းလိုစိတ်ကို နားလည်ပါတယ်။ ဒီပွဲမှာ သူ့ရဲ့ခြေစွမ်းက ဂိုးတစ်ဂိုးရဖို့ထိုက်တန်ခဲ့တာပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သတ်မှတ်ထားပြီးသားဖြစ်ပေမယ့် ကွင်းထဲ မှာ ဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခိုက်အတန့်အတွက် အက်စ်ပီလီကျူတာလို အသင်း ခေါင်းဆောင်ပီပီ ပြတ်ပြတ်သားသားဆုံးဖြတ်ပေးလိုက်တဲ့သူမျိုးလည်း လိုအပ်ပါတယ်”လို့ ပြော ကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

မန္ယူရႈံးခဲ့တဲ့ ပဲေလ့စ္ကို ခ်ဲလ္ဆီးက ၄ ဂိုးျပတ္အသာေလးသြင္းသြားခဲ့ၿပီး ေအဘရာဟမ္ ၀င္ရႈပ္ေပမယ့္ ပင္နယ္တီ ကန္သြင္းခြင့္အတြက္ ေဂ်ာ္ဂ်င္ဟိုကိုပဲ ေပးကန္ခိုင္းခဲ့တဲ့ အက္စ္ပီလီက်ဴတာ

အိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူကို အႏိုင္ယူခဲ့တဲ့ ပဲေလ့စ္အေပၚ ခ်ဲလ္ဆီးက သက္ေသာင့္သက္သာ ကစားၿပီး ေပးဂိုးမရွိ ၄ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ပထမပိုင္းမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္း မွာ အသစ္ေခၚယူထားတဲ့ ေနာက္ခံလူ ခ်ိ၀ဲလ္ရဲ႕ဦးေဆာင္ဂိုးနဲ႔ အဖြင့္စရခဲ့ၿပီး ေနာက္ထပ္ ၃ ဂိုးကို သြင္းယူသြားႏုိင္ခဲ့တာပါ။

ပဲေလ့စ္ရဲ႕အေကာင္းဆံုးကစားသမားလို႔ေျပာႏိုင္ တဲ့ ဇာဟာဟာ ဒီေန႔ပြဲမွာ ေဘာလံုးထိခ်က္နည္းပါးခဲ့သလို ထိုးေဖာက္မႈေတြကလည္း အရာ မထင္ခဲ့ပါဘူး။ လိဂ္ဖလားကေနထြက္ခြာခဲ့ရတဲ့ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပြဲမရ ေသးတဲ့အတြက္ ဒီပြဲမွာ ေသခ်ာအားစိုက္ကစားသြားခဲ့တယ္။

ဟာဗက္ဇ္က ေလဗာကူဆင္က ေျခစြမ္းမ်ဳိးမရေသးေပမယ့္ သူ႕ေၾကာင့္ ပင္နယ္တီတစ္လံုးေတာ့ ရခဲ့ပါေသးတယ္။

ဒီပြဲမွာ ခ်ဲလ္ဆီးဟာ ပင္နယ္တီ ၂ လံုးဆက္တိုက္ရရွိခဲ့ၿပီး ဒီပင္နယ္တီျဖစ္ရပ္အေပၚမွာ ေဂ်ာ္ဂ်င္ဟိုနဲ႔ ေအဘရာဟမ္အၾကား အသင္းေခါင္းေဆာင္ အက္စ္ပီလီက်ဴတာက အဆံုးအျဖတ္၀င္ေပးခဲ့ရတဲ့ကိစၥျဖစ္ေပၚခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းအတြက္ ပင္နယ္တီကန္သြင္းရမယ့္တာ၀န္ကို နည္းျပ လမ္းပတ္က ေဂ်ာ္ဂ်င္ဟိုကိုေပးထားၿပီးသားပါ။

ပထမပင္နယ္တီကို ေဂ်ာ္ဂ်င္ဟိုက အမွားအယြင္းမရွိ ကန္သြင္းသြားခဲ့ၿပီး ေနာက္တစ္လံုးထပ္ရတဲ့အခ်ိန္မွာ ေအဘရာဟမ္က သူ ကန္သြင္းမယ္လုပ္ခဲ့တာပါ။ ေဂ်ာ္ဂ်င္ဟိုက ဘာမွမေျပာဘဲ လက္ေရွာင္ေနခဲ့ေပမယ္ ့အသင္း ေခါင္းေဆာင္ အက္စ္ပီလီက်ဴတာက အသင္းရဲ႕စည္းကမ္းအတိုင္း လိုက္နာဖို႔ ေအဘရာဟမ္ ကိုေျပာခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုကိုပဲ ကန္သြင္းေစခဲ့ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ဒီျဖစ္ရပ္ နဲ႔ပတ္သက္ၿပီး နည္းျပလမ္းပတ္က ”ကၽြန္ေတာ့္အေနနဲ႔ ေအဘရာဟမ္ရဲ႕ကန္သြင္းလုိစိတ္ကို နားလည္ပါတယ္။ ဒီပြဲမွာ သူ႕ရဲ႕ေျခစြမ္းက ဂိုးတစ္ဂိုးရဖို႔ထုိက္တန္ခဲ့တာပါ။ တစ္ခါတေလက်ရင္ ကၽြန္ေတာ္တို႔အေနနဲ႔ စည္းမ်ဥ္းစည္းကမ္းအတုိင္း သတ္မွတ္ထားၿပီးသားျဖစ္ေပမယ့္ ကြင္းထဲ မွာ ဒီလိုအေျခအေနမ်ဳိးႀကံဳလာရတဲ့အခိုက္အတန္႔အတြက္ အက္စ္ပီလီက်ဴတာလို အသင္း ေခါင္းေဆာင္ပီပီ ျပတ္ျပတ္သားသားဆံုးျဖတ္ေပးလိုက္တဲ့သူမ်ဳိးလည္း လိုအပ္ပါတယ္”လို႔ ေျပာ ၾကားသြားခဲ့ပါတယ္။