လူချကစားတဲ့ပြိုင်ဘက်ကို ဘောလုံးပညာနဲ့ ပြန်အရှက်ခွဲလိုက်တဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သူ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် နေမာက သူ့ရဲ့ဘောလုံးစွမ်းရည်နဲ့ ဘယ်ပြိုင်ဘက်ကိုမဆို အရှက်ရအောင် လုပ်နိုင်စွမ်းရှိတာ သံသယဝင်စရာမလိုဘဲ အထူးသဖြင့် သူ့ကို လူချကစားဖို့ကြိုးစားရင် အဲဒီလိုပိုလုပ်တတ်ပါတယ်။


ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း သတင်းလူသားဖြစ်ခဲ့ပေမယ့် ကောင်းတဲ့ဘက်ကမဟုတ်ဘဲ မကောင်တဲ့ဘက်ကနေ နာမည်ကြီးခဲ့တာဖြစ်ပြီး အထူးသဖြင့် မာဆေးလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။ ဒါပေမဲ့ သောကြာညက အန်ဂါးစ်နဲ့ပွဲမှာတော့ နေမာဟာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိခဲ့ပါတယ်။


ဘရာဇီးလက်ရွေးစင် နေမာဟာ အန်ဂါးစ်ကို ၆-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြသွားပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ကိုယ်တိုင် အသင်းအတွက် ဒုတိယမြောက်နဲ့ တတိယမြောက်ဂိုးတွေသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။


ဒ့ါအပြင် သူဟာ အန်ဂါးစ်အသင်းရဲ့လူစားဝင်ကစားသမား ဂျင်မီကာဘော့ကိုလည်း ဘောင်ထဲကနေ အမြန်ဆုံးလက်စားပြန်ချေနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာ တောင်ပံကစားသမား ကာဘော့က နေမာကို ဘောလုံးမရှိတော့ချိန်မှာ ကြမ်းကြမ်းတမ်းတမ်းကစားလို့ နေမာလည်း မြက်ခင်းပေါ် လဲကျသွားပြီး ကာဘော့လည်း အဝါကတ်ပြသခံခဲ့ရပါတယ်။

၂ မိနစ်အကြာမှာပဲ နေမာက သူ့နား ရောက်လာတဲ့ ကာဘော့ အငေးသားဖြစ်သွားအောင် သူ့ခေါင်းပေါ်ကနေ အသာလေး မတင်လိုက်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကာဘော့လည်း အရှိန်ပြန်တင်ပြီး လိုက်ပေမယ့် မမီဘဲ နေမာရဲ့ အနောက်မှာ ဟန်ချက်ပျက်ကာ ကျန်ရစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ရာသီအဖွင့် ၂ပွဲဆက် အရေးနိမ့်ခဲ့ရပြီး မာဆေးလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာဆိုရင် ပြဿနာတွေတက်ကာ နေမာကိုယ်တိုင်လည်း အနီကတ်ပြသခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ပီအက်စ်ဂျီဟာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး အခုဆိုရင် ၄ပွဲဆက်အနိုင်ရနေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

လူခ်ကစားတဲ့ၿပိဳင္ဘက္ကို ေဘာလုံးပညာနဲ႔ ျပန္အရွက္ခြဲလိုက္တဲ့ ေနမာ

သူ႔ကို ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ေနမာက သူ႔ရဲ႕ေဘာလုံးစြမ္းရည္နဲ႔ ဘယ္ၿပိဳင္ဘက္ကိုမဆို အရွက္ရေအာင္ လုပ္ႏိုင္စြမ္းရွိတာ သံသယဝင္စရာမလိုဘဲ အထူးသျဖင့္ သူ႔ကို လူခ်ကစားဖို႔ႀကိဳးစားရင္ အဲဒီလိုပိုလုပ္တတ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း သတင္းလူသားျဖစ္ခဲ့ေပမယ့္ ေကာင္းတဲ့ဘက္ကမဟုတ္ဘဲ မေကာင္တဲ့ဘက္ကေန နာမည္ႀကီးခဲ့တာျဖစ္ၿပီး အထူးသျဖင့္ မာေဆးလ္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာျဖစ္ပါတယ္။ ဒါေပမဲ့ ေသာၾကာညက အန္ဂါးစ္နဲ႔ပြဲမွာေတာ့ ေနမာဟာ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိခဲ့ပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ ေနမာဟာ အန္ဂါးစ္ကို ၆-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အထူးေျခစြမ္းျပသြားပါတယ္။ ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဟာ ကိုယ္တိုင္ အသင္းအတြက္ ဒုတိယေျမာက္နဲ႔ တတိယေျမာက္ဂိုးေတြသြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

ဒ့ါအျပင္ သူဟာ အန္ဂါးစ္အသင္းရဲ႕လူစားဝင္ကစားသမား ဂ်င္မီကာေဘာ့ကိုလည္း ေဘာင္ထဲကေန အျမန္ဆုံးလက္စားျပန္ေခ်ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၇၃ မိနစ္မွာ ေတာင္ပံကစားသမား ကာေဘာ့က ေနမာကို ေဘာလုံးမရွိေတာ့ခ်ိန္မွာ ၾကမ္းၾကမ္းတမ္းတမ္းကစားလို႔ ေနမာလည္း ျမက္ခင္းေပၚ လဲက်သြားၿပီး ကာေဘာ့လည္း အဝါကတ္ျပသခံခဲ့ရပါတယ္။

၂ မိနစ္အၾကာမွာပဲ ေနမာက သူ႔နား ေရာက္လာတဲ့ ကာေဘာ့ အေငးသားျဖစ္သြားေအာင္ သူ႔ေခါင္းေပၚကေန အသာေလး မတင္လိုက္ၿပီး ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ကာေဘာ့လည္း အရွိန္ျပန္တင္ၿပီး လိုက္ေပမယ့္ မမီဘဲ ေနမာရဲ႕ အေနာက္မွာ ဟန္ခ်က္ပ်က္ကာ က်န္ရစ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ရာသီအဖြင့္ ၂ပြဲဆက္ အေရးနိမ့္ခဲ့ရၿပီး မာေဆးလ္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာဆိုရင္ ျပႆနာေတြတက္ကာ ေနမာကိုယ္တိုင္လည္း အနီကတ္ျပသခံခဲ့ရပါတယ္။ ဒါေပမဲ့ အခုေတာ့ ပီအက္စ္ဂ်ီဟာ ပုံမွန္ေျခစြမ္းျပန္ရလာၿပီး အခုဆိုရင္ ၄ပြဲဆက္အႏိုင္ရေနၿပီျဖစ္ပါတယ္။