ရောမရောတဲ့အိုလီဘောဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲက ယူနိုက်တက်ရဲ့ဒုတိယဂိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘရိုက်တန်ကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ ယူနိုက်တက်အသင်း သွင်းယူသွားတဲ့ ဒုတိယမြောက်ဂိုးက တကယ့်ကိုလှပညက်ညောတဲ့ Build-up ကစားကွက်ကို မြင်တွေ့ခဲ့ရပါတယ်။


ရက်ပိုင်းအတွင်း ဒီကွင်းမှာပဲ ဒီအသင်းတွေ ပြန်လည်တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်ကွင်းလယ်လူ မက်တိုမီနေးက ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူတွေဖြစ်တဲ့ ဟွမ်မာတာနဲ့ ပေါလ်ပေါ့ဂ်ဘာတို့က ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။


အဲဒီမှာ မာတာရဲ့ဂိုးက အပေါ်ယံကြည့်ရင်သာ လွယ်မလိုလိုဖြစ်ရပေမယ့် အဲဒီဂိုးသွင်းဖို့အတွက် ယူနိုက်တက်အသင်း Build-up လုပ်ရာမှာ ညက်ညောတဲ့ကစားဟန်ကို မြင်တွေ့ခဲ့ရပြီး စပိန်သား မာတာက အဓိကနေရာကနေ ကစားကွက်တည်ရင်း ကိုယ်တိုင်ပဲ အဆုံးသတ်သွားတာဖြစ်ပါတယ်။


ချဲလ်ဆီးကစားသမားဟောင်းမာတာဟာ ဒုတိယမြောက်ဂိုးသွင်းယူဖို့အတွက် ကိုယ်တိုင်အဓိကနေရာကနေ ဘောလုံးလိုက်ယူ၊ နေရာအနှံ့ ဘောလုံးလိုက်ပေး ပြုလုပ်ကာ ကစားသမားသစ် ဗန်ဒီဘိခ် နောက်ပေါက်နဲ့ အသာလေးလမ်းကြောင်းပြောင်းပေးပို့တာကို ဧရိယာထဲကနေ ကန်မလို၊ ကန်မလိုလုပ်ရင်း သူမသန်တဲ့ ညာခြေနဲ့ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲ မြေလှိမ့်ဘောကန်သွင်းတာပါ။


အသက် ၃၂ နှစ်အရွယ်ရှိ မာတာဟာ ယခုရာသီ ကာရာဘောင်ဖလားပွဲတွေမှာ ပါဝင်ကစားခွင့်ရရှိနေပြီး သူ့ရဲ့သွင်းဂိုးအတွက် ယူနိုက်တက်အသင်းသားတွေက ပေးပို့မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်လည်း ၃ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ ယူနိုက်တက်ရဲ့ဒုတိယမြောက်ဂိုးနဲ့ပတ်သက်လို့ ချီးကျူးခဲ့ကြပါတယ်။ ”ဒီဂိုးကမှ အိုလီဘော(အိုလီဂန်နာဆိုးလ်ရှားကစားကွက်)အစစ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ ဆိုးလ်ရှားကလည်း မာတာကို အထူးချီးကျူးသွားခဲ့ပြီး ဒီလိုမာတာကစားနိုင်တာကိုလည်း အံ့အားမသင့်မိကြောင်း ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ေရာမေရာတဲ့အိုလီေဘာျဖစ္ေၾကာင္း သက္ေသျပႏိုင္ခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ပြဲက ယူႏိုက္တက္ရဲ႕ဒုတိယဂိုး

ဘ႐ိုက္တန္ကို ဝ-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလားပြဲမွာ ယူႏိုက္တက္အသင္း သြင္းယူသြားတဲ့ ဒုတိယေျမာက္ဂိုးက တကယ့္ကိုလွပညက္ေညာတဲ့ Build-up ကစားကြက္ကို ျမင္ေတြ႕ခဲ့ရပါတယ္။

ရက္ပိုင္းအတြင္း ဒီကြင္းမွာပဲ ဒီအသင္းေတြ ျပန္လည္ေတြ႕ဆုံခဲ့ရာမွာ ယူႏိုက္တက္ကြင္းလယ္လူ မက္တိုမီေနးက ေခါင္းတိုက္ခ်က္နဲ႔ ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ကြင္းလယ္လူေတြျဖစ္တဲ့ ဟြမ္မာတာနဲ႔ ေပါလ္ေပါ့ဂ္ဘာတို႔က ဂိုးေတြ ဆက္တိုက္သြင္းယူႏိုင္ခဲ့ပါတယ္။

အဲဒီမွာ မာတာရဲ႕ဂိုးက အေပၚယံၾကည့္ရင္သာ လြယ္မလိုလိုျဖစ္ရေပမယ့္ အဲဒီဂိုးသြင္းဖို႔အတြက္ ယူႏိုက္တက္အသင္း Build-up လုပ္ရာမွာ ညက္ေညာတဲ့ကစားဟန္ကို ျမင္ေတြ႕ခဲ့ရၿပီး စပိန္သား မာတာက အဓိကေနရာကေန ကစားကြက္တည္ရင္း ကိုယ္တိုင္ပဲ အဆုံးသတ္သြားတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္းမာတာဟာ ဒုတိယေျမာက္ဂိုးသြင္းယူဖို႔အတြက္ ကိုယ္တိုင္အဓိကေနရာကေန ေဘာလုံးလိုက္ယူ၊ ေနရာအႏွံ႔ ေဘာလုံးလိုက္ေပး ျပဳလုပ္ကာ ကစားသမားသစ္ ဗန္ဒီဘိခ္ ေနာက္ေပါက္နဲ႔ အသာေလးလမ္းေၾကာင္းေျပာင္းေပးပို႔တာကို ဧရိယာထဲကေန ကန္မလို၊ ကန္မလိုလုပ္ရင္း သူမသန္တဲ့ ညာေျခနဲ႔ ဂိုးသမားရဲ႕ ဘယ္ဘက္ေထာင့္ထဲ ေျမလွိမ့္ေဘာကန္သြင္းတာပါ။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ မာတာဟာ ယခုရာသီ ကာရာေဘာင္ဖလားပြဲေတြမွာ ပါဝင္ကစားခြင့္ရရွိေနၿပီး သူ႔ရဲ႕သြင္းဂိုးအတြက္ ယူႏိုက္တက္အသင္းသားေတြက ေပးပို႔မႈ ၁၂ ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ ယူႏိုက္တက္လည္း ၃ပြဲဆက္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း လူမႈမီဒီယာမွာ ယူႏိုက္တက္ရဲ႕ဒုတိယေျမာက္ဂိုးနဲ႔ပတ္သက္လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။ ”ဒီဂိုးကမွ အိုလီေဘာ(အိုလီဂန္နာဆိုးလ္ရွားကစားကြက္)အစစ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။ ဆိုးလ္ရွားကလည္း မာတာကို အထူးခ်ီးက်ဴးသြားခဲ့ၿပီး ဒီလိုမာတာကစားႏိုင္တာကိုလည္း အံ့အားမသင့္မိေၾကာင္း ေျပာပါတယ္။