စီးရီးအေရဲ့ အမြန်ဆုံး သွင်းဂိုးရှင်ဖြစ်လာတဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘန်နီဗန်တိုနဲ့ အင်တာမီလန်တို့ရဲ့ ဗုဒ္ဓဟူးနေ့ စီးရီးအေပွဲစဉ်မှာ ပွဲအစ ၂၈စက္ကန့်မှာ သွင်းခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူရဲ့ဂိုးဟာ Opta Statsစတင်အသုံးပြုတဲ့ ၂၀၀၄-၀၅ ကစလို့ စီးရီးအေသမိုင်းမှာ အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စီးရီးအေတန်းတက် ဘန်နီဗန်တို ကို ၅ဂိုး၊ ၂ဂိုးနဲ့ အင်တာမီလန် အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ လူကာကူဟာ ဟာကီမီ ခင်းပေးတဲ့ ဘောလုံးကတဆင့် ဦးဆောင်ဂိုးကို စသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၂၉မိနစ်မှာလည်း ဘန်နီဗန်တို ဂိုးသမား မွန်တီပိုရဲ့အမှားကြောင့် ရတဲ့အခွင့်အရေးကနေ လူကာကူ က နောက်တစ်ဂိုး သွင်းပေးခဲ့ပါတယ်။

လူကာကူဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့တုန်းကလည်းအသက် ၂၄နှစ်၊ ၃၂၂ရက်နဲ့ ပြိုင်ပွဲသမိုင်းတလျှေက် ရာပြည့်ဂိုးသွင်းနိုင်တဲ့ ပဉ္စမမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ဗုဒ္ဓဟူးနေ့က ဘန်နီဗန်တိုနဲ့ပွဲမှာ အင်တာမီလန်အသင်းအတွက် အခုနွေရာသီမှ ခေါ်ယူခဲ့တဲ့ ဟာကီမီနဲ့ ဗီဒယ်တို့လို ကစားသမားသစ်တွေလည်း ခြေစွမ်းပြသွားခဲ့ပြီး ဟာကီမီဆိုရင် စီးရီးအေရာသီအဖွင့် ၂ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်နဲ့ သွင်းဂိုး ၁ဂိုးပါ သွင်းနိုင်ခဲ့ပါတယ်။

အခုလည်း ပထမပိုင်းမှာ လူကာကူ၊ ဂက်ဂလီယာဒီနီတို့နဲ့အတူ တစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဟာကီမီဟာ အင်တာမီလန်အသင်းရဲ့မှတ်တမ်းမှာ ၂၀၁၁ခုနှစ်က ခါဂျာ နောက်ပိုင်း ရာသီအဖွင့် ၂ပွဲအတွင်း ဂိုးဖန်တီးမှု ၂ကြိမ်ဆက်တိုက် လုပ်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ဒုတိယပိုင်းမှာတော့ လော်တာတိုမာတီနက်ဇ်က အင်တာမီလန်အတွက် နောက်တစ်ဂိုးသွင်းခဲ့ပါတယ်။ ဘန်နီဗန်တိုရဲ့ချေပဂိုး ၂ဂိုးကိုတော့ ဘယ်တောင်ပံကစားသမား ကာပရာနီ တစ်ဦးတည်းက သွင်းခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

စီးရီးေအရဲ႕ အျမန္ဆံုး သြင္းဂိုးရွင္ျဖစ္လာတဲ့ လူကာကူ
——————————————————-
ဘန္နီဗန္တိုနဲ႔ အင္တာမီလန္တို႔ရဲ႕ ဗုဒၶဟူးေန႔ စီးရီးေအပြဲစဥ္မွာ ပြဲအစ ၂၈စကၠန္႔မွာ သြင္းခဲ့တဲ့ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူရဲ႕ဂိုးဟာ Opta Statsစတင္အသံုးျပဳတဲ့ ၂၀၀၄-၀၅ ကစလို႔ စီးရီးေအသမိုင္းမွာ အျမန္ဆံုးသြင္းဂိုးအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

စီးရီးေအတန္းတက္ ဘန္နီဗန္တို ကို ၅ဂိုး၊ ၂ဂိုးနဲ႔ အင္တာမီလန္ အႏိုင္ရခဲ့တဲ့ အဲဒီပြဲစဥ္မွာ လူကာကူဟာ ဟာကီမီ ခင္းေပးတဲ့ ေဘာလံုးကတဆင့္ ဦးေဆာင္ဂိုးကို စသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ပြဲခ်ိန္ ၂၉မိနစ္မွာလည္း ဘန္နီဗန္တို ဂိုးသမား မြန္တီပိုရဲ႕အမွားေၾကာင့္ ရတဲ့အခြင့္အေရးကေန လူကာကူ က ေနာက္တစ္ဂိုး သြင္းေပးခဲ့ပါတယ္။

လူကာကူဟာ ပရီးမီးယားလိဂ္မွာ ကစားခဲ့တုန္းကလည္းအသက္ ၂၄ႏွစ္၊ ၃၂၂ရက္နဲ႔ ၿပိဳင္ပြဲသမိုင္းတေလွ်က္ ရာျပည့္ဂိုးသြင္းႏုိင္တဲ့ ပဥၥမေျမာက္အသက္အငယ္ဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါေသးတယ္။ ဗုဒၶဟူးေန႔က ဘန္နီဗန္တိုနဲ႔ပြဲမွာ အင္တာမီလန္အသင္းအတြက္ အခုေႏြရာသီမွ ေခၚယူခဲ့တဲ့ ဟာကီမီနဲ႔ ဗီဒယ္တို႔လို ကစားသမားသစ္ေတြလည္း ေျခစြမ္းျပသြားခဲ့ၿပီး ဟာကီမီဆိုရင္ စီးရီးေအရာသီအဖြင့္ ၂ပြဲမွာ ဂိုးဖန္တီးမႈ ၂ႀကိမ္နဲ႔ သြင္းဂိုး ၁ဂိုးပါ သြင္းႏိုင္ခဲ့ပါတယ္။

အခုလည္း ပထမပိုင္းမွာ လူကာကူ၊ ဂက္ဂလီယာဒီနီတို႔နဲ႔အတူ တစ္ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ဟာကီမီဟာ အင္တာမီလန္အသင္းရဲ႕မွတ္တမ္းမွာ ၂၀၁၁ခုႏွစ္က ခါဂ်ာ ေနာက္ပိုင္း ရာသီအဖြင့္ ၂ပြဲအတြင္း ဂိုးဖန္တီးမႈ ၂ႀကိမ္ဆက္တိုက္ လုပ္ႏိုင္ခဲ့တဲ့ ပထမဆံုးကစားသမားျဖစ္လာပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေလာ္တာတိုမာတီနက္ဇ္က အင္တာမီလန္အတြက္ ေနာက္တစ္ဂိုးသြင္းခဲ့ပါတယ္။ ဘန္နီဗန္တိုရဲ႕ေခ်ပဂိုး ၂ဂိုးကိုေတာ့ ဘယ္ေတာင္ပံကစားသမား ကာပရာနီ တစ္ဦးတည္းက သြင္းခဲ့ပါတယ္။