လမ်းပတ်ပြောတဲ့ ပင်နယ်တီ မကန်ရတဲ့သူနဲ့ လွဲတဲ့ ကစားသမား (၂)ယောက် အကြောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မနေ့ညကကစားခဲ့တဲ့ စပါးနဲ့ ချယ်လ်ဆီးတို့ရဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာတော့ စပါးက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရကာ နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါပြီ။ မိနစ်(၉၀)အတွင်း တစ်ဖက်ကို တစ်ဂိုးစီသရေကျနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြရာ ချယ်လ်ဆီးဘက်က မေဆင်မောင့်ပင်နယ်တီကန်ချက် ဂိုးမဝင်ခဲ့လို့ စပါးတို့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တာပါ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ပင်နယ်တီ လွဲချော်ခဲ့တဲ့ မေဆင်မောင့် နဲ့ ပတ်သက်ပြီး အခုလိုပြောဆိုပါတယ်။ ”ကျွန်တော်ကတော့မေဆင်ဟာဒီပင်နယ်တီကိုလွဲချော်ခဲ့လို့၊သူ့အနေနဲ့ ကိုယ့်ကိုယ်ကို အရမ်းစိတ်ပျက်စရာဖြစ်နေဖို့ မလိုဘူးထင်ပါတယ်။ ကျွန်တော်တို့ ကာရာဘောင် ဖလား ပွဲက နေထွက်ခွာခဲ့ရတာ ကတော့စိတ်ပျက်စရာ ကောင်းခဲ့တာ မှန်ပါတယ် ။ဒါပေမယ့် မေဆင်က ရှေ့ဆက် လက်ရွေးစင်အသင်းနဲ့ ကလပ်အတွက် အရေးပါတဲ့ နေရာကနေဆက်လက်ပါဝင်နေမှာပါ။ သူဟာ ကျွန်တော့် ရဲ့ ထောက်ခံမှု ကို အချိန်တိုင်းမှာ ရရှိထားသလို ၊ ဒီအသင်း က လူတိုင်း ကလည်း သူ့ကို ဆက်လက် အားပေး ထောက်ခံနေဦးမှာပါ။”လို့ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာ ကို ဘာကြောင့် ပင်နယ်တီမကန်ခိုင်းရတာလဲဆိုတာကိုတော့ နည်းပြလမ်းပတ်က အခုလိုပြောဆိုထားပါတယ်။ ” ပင်နယ်တီ အဆုံးအဖြတ် မတိုင်မီ အသင်းသားတိုင်း ကို ကျွန်တော် စကားပြောခဲ့ပါတယ် ။ ပင်နယ်တီ အဆုံးအဖြတ် ခံယူတဲ့အခါ မှာ ကန်မယ့် ကစားသမား အစဉ်အလိုက် အတွက် အစီအစဉ် ချပေးရပါတယ်။ အဲ့သည့်အချိန်မှာ တီမိုဝါနာကအနည်းငယ် ကြွက်တက်သလို ခံစားနေရတယ်ဆိုတာကြောင့် သူပင်နယ်တီကန်ခွင့်မရခဲ့တာပါ။ အဲလိုမဖြစ်ရင်တော့ သူ့အနေနဲ့ တစ်ကြိမ်လောက်တော့ ပင်နယ်တီကန်ခွင့်ရနိုင်ပါတယ်။”လို့ပြောဆိုပါတယ်။

ဆက်လက်ပြီးနည်းပြ လမ်းပတ်က ” ဒီလို ရှုံးထွက် အဆင့် ပွဲတွေမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အဆင့် ကို ရောက်ပြီဆိုရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကို လက်ခံရမှာပါ ။ကျွန်တော်တို့လည်း ဒီ ပြိုင်ပွဲမှာ ဆက်ပြီး ရှိချင်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ထွက်ခွာရတဲ့ အတွက်စိတ်မကောင်းပါဘူး”လို့ ပြောပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

လမ္းပတ္​ေျပာတဲ့ ပင္နယ္တီ မကန္ရတဲ့သူနဲ႔ လြဲတဲ့ ကစားသမား (၂)ေယာက္ ​အ​​ေၾကာင္း

မေန႔ညကကစားခဲ့တဲ့ စပါးနဲ႔ ခ်ယ္လ္ဆီးတို႔ရဲ႕ ကာရာေဘာင္းဖလားပြဲစဥ္မွာေတာ့ စပါးက ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရကာ ေနာက္တစ္ဆင့္ကိုတက္ေရာက္သြားခဲ့ပါၿပီ။ မိနစ္(၉၀)အတြင္း တစ္ဖက္ကို တစ္ဂိုးစီသေရက်ေနခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ၾကရာ ခ်ယ္လ္ဆီးဘက္က ေမဆင္ေမာင့္ပင္နယ္တီကန္ခ်က္ ဂိုးမဝင္ခဲ့လို႔ စပါးတို႔ ေနာက္တစ္ဆင့္တက္လွမ္းႏိုင္ခဲ့တာပါ။

ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ခ်ဲလ္ဆီး နည္းျပ ဖရန႔္ လမ္းပတ္ က ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ေမဆင္ေမာင့္ နဲ႔ ပတ္သက္ၿပီး အခုလိုေျပာဆိုပါတယ္။ ”ကြၽန္ေတာ္ကေတာ့ေမဆင္ဟာဒီပင္နယ္တီကိုလြဲေခ်ာ္ခဲ့လို႔၊သူ႔အေနနဲ႔ ကိုယ့္ကိုယ္ကို အရမ္းစိတ္ပ်က္စရာျဖစ္ေနဖို႔ မလိုဘူးထင္ပါတယ္။ ကြၽန္ေတာ္တို႔ ကာရာေဘာင္ ဖလား ပြဲက ေနထြက္ခြာခဲ့ရတာ ကေတာ့စိတ္ပ်က္စရာ ေကာင္းခဲ့တာ မွန္ပါတယ္ ။ဒါေပမယ့္ ေမဆင္က ေရွ႕ဆက္ လက္ေ႐ြးစင္အသင္းနဲ႔ ကလပ္အတြက္ အေရးပါတဲ့ ေနရာကေနဆက္လက္ပါဝင္ေနမွာပါ။ သူဟာ ကြၽန္ေတာ့္ ရဲ႕ ေထာက္ခံမႈ ကို အခ်ိန္တိုင္းမွာ ရရွိထားသလို ၊ ဒီအသင္း က လူတိုင္း ကလည္း သူ႔ကို ဆက္လက္ အားေပး ေထာက္ခံေနဦးမွာပါ။”လို႔ေျပာၾကားခဲ့ပါတယ္။

အဲဒီပြဲမွာ ဂ်ာမနီ လက္ေ႐ြးစင္ တိုက္စစ္မႉး တီမိုဝါနာ ကို ဘာေၾကာင့္ ပင္နယ္တီမကန္ခိုင္းရတာလဲဆိုတာကိုေတာ့ နည္းျပလမ္းပတ္က အခုလိုေျပာဆိုထားပါတယ္။ ” ပင္နယ္တီ အဆုံးအျဖတ္ မတိုင္မီ အသင္းသားတိုင္း ကို ကြၽန္ေတာ္ စကားေျပာခဲ့ပါတယ္ ။ ပင္နယ္တီ အဆုံးအျဖတ္ ခံယူတဲ့အခါ မွာ ကန္မယ့္ ကစားသမား အစဥ္အလိုက္ အတြက္ အစီအစဥ္ ခ်ေပးရပါတယ္။ အဲ့သည့္အခ်ိန္မွာ တီမိုဝါနာကအနည္းငယ္ ႂကြက္တက္သလို ခံစားေနရတယ္ဆိုတာေၾကာင့္ သူပင္နယ္တီကန္ခြင့္မရခဲ့တာပါ။ အဲလိုမျဖစ္ရင္ေတာ့ သူ႔အေနနဲ႔ တစ္ႀကိမ္ေလာက္ေတာ့ ပင္နယ္တီကန္ခြင့္ရႏိုင္ပါတယ္။”လို႔ေျပာဆိုပါတယ္။

ဆက္လက္ၿပီးနည္းျပ လမ္းပတ္က ” ဒီလို ရႈံးထြက္ အဆင့္ ပြဲေတြမွာ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရမယ့္ အဆင့္ ကို ေရာက္ၿပီဆိုရင္ ဘာမဆို ျဖစ္ႏိုင္တယ္ ဆိုတာကို လက္ခံရမွာပါ ။ကြၽန္ေတာ္တို႔လည္း ဒီ ၿပိဳင္ပြဲမွာ ဆက္ၿပီး ရွိခ်င္ပါတယ္။ ဒါေပမယ့္ ဒီေလာက္နဲ႔ပဲ ထြက္ခြာရတဲ့ အတြက္စိတ္မေကာင္းပါဘူး”လို႔ ေျပာပါေသးတယ္။