ကာရာဘောင်းဖလားပွဲအတွင်း ကွင်းဘေးစည်းမှာ လမ်းပတ်နဲ့ မော်ရင်ဟိုတို့ စကားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အင်္ဂါနေ့က စပါးနဲ့ ချဲလ်ဆီးတို့ရဲ့ ကာရာဘောင်းဖလားပွဲမှာ နည်းပြ မော်ရင်ဟိုနဲ့လမ်းပတ်တို့ ဆရာတပည့်ဟောင်းနှစ်ဦး စကားများခဲ့ကြတာကြောင့် ဗြိတိန်မီဒီယာတွေအကြား ဟိုးလေးတကြော်ကြော် ဖြစ်သွားပါတယ်။ ချဲလ်ဆီးက တိုက်စစ်မှူးသစ် တီမိုဗာနာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးဖို့ ၆ မိနစ်လောက်အလိုမှာ လာမယ်လာက စပါးအတွက် ချေပဂိုးသွင်းခဲ့တဲ့ အင်္ဂါနေ့ပွဲစဉ်မှာ နောက်ဆုံး စပါးက ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး၊ ၄ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပွဲမစခင်ကတည်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ မော်ရင်ဟိုနဲ့ လမ်းပတ်တို့ဟာ အပြန်အလှန် စကားနာထိုးခဲ့ကြတဲ့အရှိန်တွေကြောင့်လားတော့မသိ၊ ပထမပိုင်းမှာ ဆရာတပည့်ဟောင်းနှစ်ဦး ကွင်းဘေးစည်းမှာ အပြန်အလှန် စကားများခဲ့တာကြောင့် စတုတ္ထဒိုင် အန်ဒရီမာရီနာကိုယ်တိုင် ကြားဝင်ဖြန်ဖြေခဲ့ရပါတယ်။

တစ်ချိန်က ချဲလ်ဆီးအသင်းမှာ နည်းပြနဲ့ကစားသမားတွေအဖြစ် အတူလက်တွဲအလုပ်လုပ်ခဲ့ကြပေမယ့် ဒီနေ့အချိန်မှာတော့ သူတို့နှစ်ဦးစလုံးဟာ သက်ဆိုင်ရာတာဝန်ကိုယ်စီအတွက် ဖိအားများနေကြပါတယ်။ ချဲလ်ဆီးရောစပါးပါ ရာသီသစ်ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲပဲရသေးတာကြောင့် ဖိအားများနေကြလို့လည်း အခုလို စကားများခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

သတင်းတွေအရ ချဲလ်ဆီးအတွက် တီမိုဝါနာ ဦးဆောင်ဂိုးသွင်းပြီးနောက် ၅မိနစ်အကြာမှာ မော်ရင်ဟိုက လမ်းပတ်ကို “စကားအရမ်းမများနဲ့”ဆိုတဲ့သဘောမျိုးနဲ့စပြောလိုက်ပါတယ်။ အဲဒီနောက် ခွန်းကြီးခွန်းငယ် စကားများခဲ့ကြရာမှာ မော်ရင်ဟိုက “စနေနေ့၊ ဝက်စ်ဘရွန်းကို ချဲလ်ဆီး ၃ဂိုးပြတ်ရှုံးနေချိန်တုန်းကရော မင်းဘာလို့ ဒီလိုကွင်းဘေးစည်းမှာမရပ်ဘဲ နည်းပြခုံပေါ် လက်မှိုင်ချနေတာလဲ”လို့ ဆက်ပြောပါတယ်။

မော်ရင်ဟို ဆိုလိုချင်တာကတော့ ဝက်စ်ဘရွန်းနဲ့ ၃ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ချဲလ်ဆီး ၃ဂိုးပြတ်ရှုံးနေချိန်မှာ နည်းပြခုံပေါ် လက်မှိုင်ချနေပြီး အခုပွဲမှာ ဦးဆောင်ဂိုးစရမှ ကွင်းဘေးစည်းမှာ လာဝင့်ကြွားမနေနဲ့လို့ ပြောချင်တာပါ။

ဒါပေမယ့် ပွဲအပြီးမှာတော့ မော်ရင်ဟိုရောလမ်းပတ်ပါ လူကြီးလူကောင်းဆန်ဆန်နဲ့ပဲ တစ်ဦးကို တစ်ဦး ချီးမြှောက်ပြောဆိုခဲ့ပါတယ်။ လမ်းပတ်က “ဟိုဆေးကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့အရာပါ။ ပွဲချိန်အတွင်းစကားများချိန်မှာ ‘ကျွန်တော့်ကိုပြောမယ့်အစား ဒိုင်လူကြီးနဲ့ ကိုယ့်ကစားသမားတွေကိုပဲ သွားပြောပါ’လို့ပဲ ပြန်ပြောခဲ့တာဖြစ်ပါတယ်”လို့ ပြောသွားပါတယ်။

မော်ရင်ဟိုကလည်းပွဲအပြီးမှာအခုလိုပြောပါတယ်။ “ကျွန်တော်ပြောခဲ့တာဟာ အသက်ကြီးနည်းပြတစ်ဦးက တက်သစ်စလူငယ်နည်းပြတစ်ဦးအပေါ် အကြံပြုတဲ့သဘောမျိုးနဲ့ပြောခဲ့တာပါ။ ပွဲတစ်ပွဲအတွင်း ရှုံးနေချိန်မှာ ကစားသမားတွေဟာ ကွင်းဘေးစည်းကနေ နည်းပြရဲ့အားပေးမှုလိုအပ်ပါတယ်။ နိုင်နေချိန်ကျရင်တော့ ကျွန်တော်တို့ဟာ ကွင်းဘေးစည်းမှာ ခေါင်းဆောင်မင်းသားတစ်ယောက်လို ဝင့်ကြွားမနေသင့်ပါဘူး။ ဖရန့်ခ်ဟာ ကစားသမားဘဝတုန်းက ကျွန်တော့်လက်အောက်မှာ အရာရာပေးဆပ်ကစားပေးခဲ့သူပါ။ ဒီအတွက်သူ့အပေါ် ကျေးဇူးတွေရှိပါတယ်။ ကျွန်တော့်ရဲ့မိတ်ကောင်းဆွေကောင်းဆိုရင်လည်းမမှားပါဘူး”လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ကာရာေဘာင္းဖလားပြဲအတြင္း ကြင္းေဘးစည္းမွာ လမ္းပတ္နဲ႔ ေမာ္ရင္ဟိုတို႔ စကားမ်ား

အဂၤါေန႔က စပါးနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ကာရာေဘာင္းဖလားပြဲမွာ နည္းျပ ေမာ္ရင္ဟိုနဲ႔လမ္းပတ္တို႔ ဆရာတပည့္ေဟာင္းႏွစ္ဦး စကားမ်ားခဲ့ၾကတာေၾကာင့္ ၿဗိတိန္မီဒီယာေတြအၾကား ဟိုးေလးတေၾကာ္ေၾကာ္ ျဖစ္သြားပါတယ္။ ခ်ဲလ္ဆီးက တိုက္စစ္မွဴးသစ္ တီမိုဗာနာရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲၿပီးဖို႔ ၆ မိနစ္ေလာက္အလိုမွာ လာမယ္လာက စပါးအတြက္ ေခ်ပဂိုးသြင္းခဲ့တဲ့ အဂၤါေန႔ပြဲစဥ္မွာ ေနာက္ဆံုး စပါးက ပင္နယ္တီအဆံုးအျဖတ္ ၅ ဂိုး၊ ၄ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ပြဲမစခင္ကတည္းက ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ နည္းျပ ေမာ္ရင္ဟိုနဲ႔ လမ္းပတ္တို႔ဟာ အျပန္အလွန္ စကားနာထိုးခဲ့ၾကတဲ့အရွိန္ေတြေၾကာင့္လားေတာ့မသိ၊ ပထမပိုင္းမွာ ဆရာတပည့္ေဟာင္းႏွစ္ဦး ကြင္းေဘးစည္းမွာ အျပန္အလွန္ စကားမ်ားခဲ့တာေၾကာင့္ စတုတၳဒိုင္ အန္ဒရီမာရီနာကိုယ္တိုင္ ၾကား၀င္ျဖန္ေျဖခဲ့ရပါတယ္။ တစ္ခ်ိန္က ခ်ဲလ္ဆီးအသင္းမွာ နည္းျပနဲ႔ကစားသမားေတြအျဖစ္ အတူလက္တြဲအလုပ္လုပ္ခဲ့ၾကေပမယ့္ ဒီေန႔အခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးစလံုးဟာ သက္ဆိုင္ရာတာ၀န္ကိုယ္စီအတြက္ ဖိအားမ်ားေနၾကပါတယ္။ ခ်ဲလ္ဆီးေရာစပါးပါ ရာသီသစ္ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲတစ္ပြဲပဲရေသးတာေၾကာင့္ ဖိအားမ်ားေနၾကလို႔လည္း အခုလို စကားမ်ားခဲ့ၾကတာ ျဖစ္ႏိုင္ပါတယ္။
သတင္းေတြအရ ခ်ဲလ္ဆီးအတြက္ တီမို၀ါနာ ဦးေဆာင္ဂိုးသြင္းၿပီးေနာက္ ၅မိနစ္အၾကာမွာ ေမာ္ရင္ဟိုက လမ္းပတ္ကို “စကားအရမ္းမမ်ားနဲ႔”ဆိုတဲ့သေဘာမ်ိဳးနဲ႔စေျပာလိုက္ပါတယ္။

အဲဒီေနာက္ ခြန္းႀကီးခြန္းငယ္ စကားမ်ားခဲ့ၾကရာမွာ ေမာ္ရင္ဟိုက “စေနေန႔၊ ၀က္စ္ဘရြန္းကို ခ်ဲလ္ဆီး ၃ဂိုးျပတ္ရႈံးေနခ်ိန္တုန္းကေရာ မင္းဘာလို႔ ဒီလိုကြင္းေဘးစည္းမွာမရပ္ဘဲ နည္းျပခံုေပၚ လက္မႈိင္ခ်ေနတာလဲ”လို႔ ဆက္ေျပာပါတယ္။ ေမာ္ရင္ဟို ဆိုလုိခ်င္တာကေတာ့ ၀က္စ္ဘရြန္းနဲ႔ ၃ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းက ခ်ဲလ္ဆီး ၃ဂိုးျပတ္ရႈံးေနခ်ိန္မွာ နည္းျပခံုေပၚ လက္မႈိင္ခ်ေနၿပီး အခုပြဲမွာ ဦးေဆာင္ဂိုးစရမွ ကြင္းေဘးစည္းမွာ လာ၀င့္ၾကြားမေနနဲ႔လို႔ ေျပာခ်င္တာပါ။

ဒါေပမယ့္ ပြဲအၿပီးမွာေတာ့ ေမာ္ရင္ဟိုေရာလမ္းပတ္ပါ လူႀကီးလူေကာင္းဆန္ဆန္နဲ႔ပဲ တစ္ဦးကို တစ္ဦး ခ်ီးေျမွာက္ေျပာဆိုခဲ့ပါတယ္။ လမ္းပတ္က “ဟိုေဆးကို ကၽြန္ေတာ္ ေလးစားမႈအျပည့္ရွိပါတယ္။ဒါက ဘယ္ေတာ့မွ မေျပာင္းလဲတဲ့အရာပါ။ ပြဲခ်ိန္အတြင္းစကားမ်ားခ်ိန္မွာ ‘ကၽြန္ေတာ့္ကိုေျပာမယ့္အစား ဒိုင္လူႀကီးနဲ႔ ကိုယ့္ကစားသမားေတြကိုပဲ သြားေျပာပါ’လို႔ပဲ ျပန္ေျပာခဲ့တာျဖစ္ပါတယ္”လို႔ ေျပာသြားပါတယ္။

ေမာ္ရင္ဟိုကလည္းပြဲအၿပီးမွာအခုလိုေျပာပါတယ္။ “ကၽြန္ေတာ္ေျပာခဲ့တာဟာ အသက္ႀကီးနည္းျပတစ္ဦးက တက္သစ္စလူငယ္နည္းျပတစ္ဦးအေပၚ အႀကံျပဳတဲ့သေဘာမ်ိဳးနဲ႔ေျပာခဲ့တာပါ။ ပြဲတစ္ပြဲအတြင္း ရႈံးေနခ်ိန္မွာ ကစားသမားေတြဟာ ကြင္းေဘးစည္းကေန နည္းျပရဲ႕အားေပးမႈလိုအပ္ပါတယ္။ ႏိုင္ေနခ်ိန္က်ရင္ေတာ့ ကၽြန္ေတာ္တို႔ဟာ ကြင္းေဘးစည္းမွာ ေခါင္းေဆာင္မင္းသားတစ္ေယာက္လို ၀င့္ၾကြားမေနသင့္ပါဘူး။ ဖရန္႔ခ္ဟာ ကစားသမားဘ၀တုန္းက ကၽြန္ေတာ့္လက္ေအာက္မွာ အရာရာေပးဆပ္ကစားေပးခဲ့သူပါ။ ဒီအတြက္သူ႔အေပၚ ေက်းဇူးေတြရွိပါတယ္။ ကၽြန္ေတာ့္ရဲ႕မိတ္ေကာင္းေဆြေကာင္းဆိုရင္လည္းမမွားပါဘူး”လို႔ေျပာပါတယ္။