ဂျိုတာအတွက် ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ အမှတ်တရအန်ဖီးလ်ကွင်းပွဲဦးထွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ်ကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲသိမ်းဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒီယိုဂိုဂျိုတာအတွက် ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘဲ အမှတ်တရအဖြစ်ကျန်ရစ်မယ့် အန်ဖီးလ်ကွင်းပွဲဦးထွက်ဖြစ်လိမ့်မယ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ကမှ ဝုဗ်ကနေ ပေါင် ၄၁သန်းနဲ့ပြောင်းရွှေ့လာတဲ့ ဂျိုတာဟာ လီဗာပူးအတွက်ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ်ပွဲချိန် မိနစ် ၈၀ကျမှ မာနေးအစားဝင်ကစားခွင့်ရခဲ့တာပါ။ ဒါပေမဲ့ လူစားဝင်လာပြီး ၈မိနစ်အကြာ ပွဲချိန် ၈၈မိနစ်မှာ လီဗာပူးအတွက်အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အာနိုးဂိုးရှေ့ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကို အာဆင်နယ်နောက်ခံလူဒေးဗစ်လုဇ်က ခေါင်းတိုက်ဖျက်ထုတ်ခဲ့ပေမယ့် ဂိုးဧရိယာထိပ်မှာရှိနေတဲ့ဂျိုတာထံ တန်းတန်းမတ်မတ်ရောက်လာတာမို့ ပေါင်နဲ့တစ်ချက်ထိန်းပြီး ဗော်လီဆွဲကန်သွင်းခဲ့တာပါ။ ရုပ်သံအနှေးပြကွက်တွေမှာတော့ ဘောလုံးဟာ ဂျိုတာရဲ့လက်မောင်းနဲ့ပါထိမိခဲ့တာ အထင်အရှားတွေ့ရပေမယ့် ကွင်းလယ်ဒိုင်ကမမြင်ခဲ့သလို VAR ပါပြန်ကြည့်ခဲ့ခြင်းမရှိတာမို့ ဂျိုတာရော လီဗာပူးပါကံကောင်းခဲ့ပါတယ်။

ဂျိုတာဟာ ပွဲပြီးဖို့ ၁၀မိနစ်နီးပါးအလိုကျမှလူစားဝင်ခွင့်ရခဲ့ပေမယ့် ဟက်ထရစ်ရနိုင်တဲ့အခွင့်အရေးတွေတောင်ရခဲ့တာပါ။ ပွဲအပြီးမှာ ကလော့ပ်က ဂျိုတာရဲ့လုပ်အားနှုန်းကိုအပြည့်အဝချီးကျူးခဲ့ပေမယ့် အသင်းနဲ့အံဝင်အောင်ကစားနိုင်ဖို့တော့ အချိန်ပေးရဦးမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

” ဒီယေဂိုဟာ လူစားဝင်လာပြီး သူ့ရဲ့ပင်ကိုအရည်အသွေးအတိုင်းကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကစားချိန်မှာတောင် အသင်းရဲ့ပုံစံအတိုင်းလိုက်ကစားနိုင်ခဲ့ပါတယ်။ ဒါတောင် အသင်းရဲ့ကစားပုံကို ၂၀ရာခိုင်နှုန်းလောက်ပဲနားလည်သေးတာပါ။ သူ့ကို တွေ့ဆုံရှင်းပြခဲ့ပြီးဖြစ်ပေမယ့် အလုံးစုံနားလည်ဖို့တော့ အချိန်ပေးရမှာပါ။ ပွဲအတွင်း မာနေးရဲ့ကစားပုံကိုလေ့လာဖို့ကလည်း မိနစ် ၇၀လောက်ပဲအချိန်ရခဲ့တယ်လေ။ သူသွင်းသွားတဲ့ဂိုးကတော့ တကယ့်ရှယ်ဂိုးပါပဲ။ အန်ဖီးလ်မှာ ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တာမို့ သူရောကျွန်တော်ပါ ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး”လို့ ကလော့ပ်ကပြောခဲ့ပါတယ်။

ကလော့ပ်ဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အကောင်းဆုံးကစားသွားနိုင်ခဲ့တဲ့မိုဖာရက်နဲ့ ဒုတိယဂိုးသွင်းပေးခဲ့တဲ့ ရော်ဘတ်ဆန်ကိုပါချီးကျုးခဲ့ပါတယ်။ ရော်ဘတ်ဆန်ရဲ့ဂိုးဟာ အာနိုး ညာခြမ်းကဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့တာဖြစ်ပြီး သူ့အမှားအတွက် ပြန်တုံ့ပြန်ခဲ့တာလို့မထင်ဘဲ ခြေစွမ်းကိုကကောင်းလွန်းတာဖြစ်ကြောင်း၊ ညာနောက်ခံလူကတင်ပေးတာကို ဘယ်နောက်ခံလူက အဆုံးသတ်ဂိုးသွင်းခဲ့တာဟာ တကယ့်ကို အံ့ချီးမကုန်နိုင်ဖွယ်ရာဖြစ်ကြောင်းလည်း ကလော့ပ်က ဝံ့ကြွားခဲ့ပါသေးတယ်။

ဒီပွဲကခြေစွမ်းဟာ လီဗာပူးရဲ့ဒီရာသီအကောင်းဆုံးခြေစွမ်းလည်းဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တာကလွဲရင် လီဗာပူးကို အဘက်ဘက်ကမယှဉ်နိုင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဂ်ိဳတာအတြက္ ဘယ္ေတာ့မွေမ့ႏိုင္မွာမဟုတ္တဲ့ အမွတ္တရအန္ဖီးလ္ကြင္းပြဲဦးထြက္

အာဆင္နယ္ကို ၃-၁ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲသိမ္းဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဒီယိုဂိုဂ်ိဳတာအတြက္ ဘယ္ေတာ့မွေမ့ႏိုင္မွာမဟုတ္ဘဲ အမွတ္တရအျဖစ္က်န္ရစ္မယ့္ အန္ဖီးလ္ကြင္းပြဲဦးထြက္ျဖစ္လိမ့္မယ္လို႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟခဲ့ပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာ ၁၉ ကမွ ဝုဗ္ကေန ေပါင္ ၄၁သန္းနဲ႔ေျပာင္းေ႐ႊ႕လာတဲ့ ဂ်ိဳတာဟာ လီဗာပူးအတြက္ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ပြဲခ်ိန္ မိနစ္ ၈၀က်မွ မာေနးအစားဝင္ကစားခြင့္ရခဲ့တာပါ။ ဒါေပမဲ့ လူစားဝင္လာၿပီး ၈မိနစ္အၾကာ ပြဲခ်ိန္ ၈၈မိနစ္မွာ လီဗာပူးအတြက္အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

အာႏိုးဂိုးေရွ႕ခုတ္တင္ေပးလိုက္တဲ့ေဘာလုံးကို အာဆင္နယ္ေနာက္ခံလူေဒးဗစ္လုဇ္က ေခါင္းတိုက္ဖ်က္ထုတ္ခဲ့ေပမယ့္ ဂိုးဧရိယာထိပ္မွာရွိေနတဲ့ဂ်ိဳတာထံ တန္းတန္းမတ္မတ္ေရာက္လာတာမို႔ ေပါင္နဲ႔တစ္ခ်က္ထိန္းၿပီး ေဗာ္လီဆြဲကန္သြင္းခဲ့တာပါ။ ႐ုပ္သံအေႏွးျပကြက္ေတြမွာေတာ့ ေဘာလုံးဟာ ဂ်ိဳတာရဲ႕လက္ေမာင္းနဲ႔ပါထိမိခဲ့တာ အထင္အရွားေတြ႕ရေပမယ့္ ကြင္းလယ္ဒိုင္ကမျမင္ခဲ့သလို VAR ပါျပန္ၾကည့္ခဲ့ျခင္းမရွိတာမို႔ ဂ်ိဳတာေရာ လီဗာပူးပါကံေကာင္းခဲ့ပါတယ္။

ဂ်ိဳတာဟာ ပြဲၿပီးဖို႔ ၁၀မိနစ္နီးပါးအလိုက်မွလူစားဝင္ခြင့္ရခဲ့ေပမယ့္ ဟက္ထရစ္ရႏိုင္တဲ့အခြင့္အေရးေတြေတာင္ရခဲ့တာပါ။ ပြဲအၿပီးမွာ ကေလာ့ပ္က ဂ်ိဳတာရဲ႕လုပ္အားႏႈန္းကိုအျပည့္အဝခ်ီးက်ဴးခဲ့ေပမယ့္ အသင္းနဲ႔အံဝင္ေအာင္ကစားႏိုင္ဖို႔ေတာ့ အခ်ိန္ေပးရဦးမယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

” ဒီေယဂိုဟာ လူစားဝင္လာၿပီး သူ႔ရဲ႕ပင္ကိုအရည္အေသြးအတိုင္းကစားႏိုင္ခဲ့ပါတယ္။ ခံစစ္ကစားခ်ိန္မွာေတာင္ အသင္းရဲ႕ပုံစံအတိုင္းလိုက္ကစားႏိုင္ခဲ့ပါတယ္။ ဒါေတာင္ အသင္းရဲ႕ကစားပုံကို ၂၀ရာခိုင္ႏႈန္းေလာက္ပဲနားလည္ေသးတာပါ။ သူ႔ကို ေတြ႕ဆုံရွင္းျပခဲ့ၿပီးျဖစ္ေပမယ့္ အလုံးစုံနားလည္ဖို႔ေတာ့ အခ်ိန္ေပးရမွာပါ။ ပြဲအတြင္း မာေနးရဲ႕ကစားပုံကိုေလ့လာဖို႔ကလည္း မိနစ္ ၇၀ေလာက္ပဲအခ်ိန္ရခဲ့တယ္ေလ။ သူသြင္းသြားတဲ့ဂိုးကေတာ့ တကယ့္ရွယ္ဂိုးပါပဲ။ အန္ဖီးလ္မွာ ပထမဆုံးကစားခြင့္ရတဲ့ပြဲမွာပဲ ဂိုးသြင္းႏိုင္ခဲ့တာမို႔ သူေရာကြၽန္ေတာ္ပါ ဘယ္ေတာ့မွေမ့ႏိုင္ေတာ့မွာမဟုတ္ပါဘူး”လို႔ ကေလာ့ပ္ကေျပာခဲ့ပါတယ္။

ကေလာ့ပ္ဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ အေကာင္းဆုံးကစားသြားႏိုင္ခဲ့တဲ့မိုဖာရက္နဲ႔ ဒုတိယဂိုးသြင္းေပးခဲ့တဲ့ ေရာ္ဘတ္ဆန္ကိုပါခ်ီးက်ဳးခဲ့ပါတယ္။ ေရာ္ဘတ္ဆန္ရဲ႕ဂိုးဟာ အာႏိုး ညာျခမ္းကျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ဂိုးသမားနဲ႔တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ကန္သြင္းခဲ့တာျဖစ္ၿပီး သူ႔အမွားအတြက္ ျပန္တုံ႔ျပန္ခဲ့တာလို႔မထင္ဘဲ ေျခစြမ္းကိုကေကာင္းလြန္းတာျဖစ္ေၾကာင္း၊ ညာေနာက္ခံလူကတင္ေပးတာကို ဘယ္ေနာက္ခံလူက အဆုံးသတ္ဂိုးသြင္းခဲ့တာဟာ တကယ့္ကို အံ့ခ်ီးမကုန္ႏိုင္ဖြယ္ရာျဖစ္ေၾကာင္းလည္း ကေလာ့ပ္က ဝံ့ႂကြားခဲ့ပါေသးတယ္။

ဒီပြဲကေျခစြမ္းဟာ လီဗာပူးရဲ႕ဒီရာသီအေကာင္းဆုံးေျခစြမ္းလည္းျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့တာကလြဲရင္ လီဗာပူးကို အဘက္ဘက္ကမယွဥ္ႏိုင္ခဲ့ပါဘူး။