ရာသီသစ်မှာ ဘာစီလိုနာအတွက် အဓိကကျတဲ့နေရာမှအသုံးတော်ခံရနိုင်တဲ့ အန်ဆုဖာတီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

စပိန်လူငယ်တိုက်စစ်မှူးလေး အန်ဆုဖာတီအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အဓိကကျတဲ့နေရာကအသုံးတော်ခံရနိုင်တယ်လို့ ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အသက် ၁၇နှစ်သာရှိသေးတဲ့တိုက်စစ်မှူးလေးရဲ့ ခြေစွမ်းတိုးတက်မှုနဲ့ပတ်သက်လို့ အလွန်အကျွံမြှောက်ပင့်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်စောင့်ကြည့်ဖို့လည်း ကိုးမန်းကတောင်းဆိုခဲ့ပါတယ်။

ဖာတီဟာ ဗီလာရီးရဲလ်နဲ့ကစားခဲ့တဲ့ရာသီအဖွင့်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲစပြီး ၁၉ မိနစ်အတွင်းမှာပဲ ၂ဂိုးဆက်သွင်းယူပေးခဲ့ပါတယ်။ ဖာတီအတွက် ဒီနှစ်အတွင်းသွင်းခဲ့တဲ့ ၇ဂိုးမြောက်လာလီဂါသွင်းဂိုးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကစတွက်ရင် ဥရောပထိပ်တန်းလိဂ် ၅ခုမှာ ပြိုင်ပွဲစုံ ၁၀ဂိုးနဲ့အထက်သွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား(၁၇နှစ်၊ ၃၃၂ရက်)အဖြစ်လည်းစံချိန်တင်နိုင်ခဲ့ပါတယ်။

အက်သလက်တီကို,ကို ဆွာရက်ဇ်ရောက်သွားတာမို့ ဖာတီအတွက် ပွဲထွက်စာရင်းမှာကစားခွင့်ရဖို့ အခွင့်အရေးပိုကောင်းလာပြီး ကိုးမန်းကတော့ မက်ဆီနဲ့ဂရစ်ဇ်မန်းကိုပင်တိုင်ထားကာ ဖာတီနဲ့ဒမ်ဘီလီကိုအလှည့်ကျသုံးဖို့ စီစဉ်နေပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီဟာ လေ့ကျင့်ခန်းကိုနောက်ကျပြီးမှရောက်တတ်တဲ့ စည်းကမ်းပိုင်းအားနည်းချက်ရှိတာမို့ ဖာတီသာ ပုံမှန်ခြေစွမ်းပြနိုင်ရင် ကိုးမန်းရဲ့အရေးပေးခြင်းခံရမှာမလွဲပါဘူး။

ငယ်စဉ်ကလေးဘဝကတည်းက လေးစားအားကျခဲ့ရတဲ့မက်ဆီနဲ့ တွဲကစားခွင့်ရနေတာကလည်း ဖာတီရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။

ဗီလာရီးရဲလ်နဲ့ပွဲအပြီးမှာ ကိုးမန်းက ” အန်ဆုဟာ လူငယ်ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ခြေစွမ်းတစ်သမတ်တည်းရှိနေဖို့ကို ကြိုးစားနေဆဲပါ။ သူ့မှာ ကြီးကျယ်တဲ့အနာဂတ်ရှိနေပြီး ဗီလာရီးရဲလ်နဲ့ပွဲမှာပြသခဲ့တဲ့ခြေစွမ်းကိုလည်း ကျေနပ်ပါတယ်။ သူ့ရဲ့တိုးတက်မှုနှုန်းဟာ အလွန်မြန်ဆန်ပြီး အသင်းအတွက်လည်း အကျိုးရှိမှာပါ။ ဖာတီဟာ သူ့ရဲ့တန်ဖိုးကို သက်သေပြနေသလို တိုးတက်မှုကိုဆက်ထိန်းထားနိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်” လို့ AS သတင်းစာကိုပြောကြားခဲ့ပါတယ်။

ဖာတီဟာ နူးကမ့်မှာ အနည်းဆုံး ၂၀၂၄ အထိ ဆက်နေဖို့လည်း သဘောတူညီထားပြီးပါပြီ။ ဘာစီလိုနာဟာ အောက်တိုဘာနိုင်ငံတကာပွဲတွေမတိုင်မီ ကြားရက် အောက်တိုဘာ ၁မှာ ဆဲလ်တာဗီဂိုနဲ့အဝေးကွင်း၊ အောက်တိုဘာ ၄မှာ ဆီဗီလာနဲ့ အိမ်ကွင်းပွဲစဉ်တွေကစားရဦးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ရာသီသစ္မွာ ဘာစီလိုနာအတြက္ အဓိကက်တဲ့ေနရာမွအသုံးေတာ္ခံရႏိုင္တဲ့ အန္ဆုဖာတီ

စပိန္လူငယ္တိုက္စစ္မႉးေလး အန္ဆုဖာတီအေနနဲ႔ ဒီႏွစ္ေဘာလုံးရာသီမွာ အသင္းအတြက္ အဓိကက်တဲ့ေနရာကအသုံးေတာ္ခံရႏိုင္တယ္လို႔ ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းက အရိပ္အႁမြက္ ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ အသက္ ၁၇ႏွစ္သာရွိေသးတဲ့တိုက္စစ္မႉးေလးရဲ႕ ေျခစြမ္းတိုးတက္မႈနဲ႔ပတ္သက္လို႔ အလြန္အကြၽံေျမႇာက္ပင့္ျခင္းမရွိဘဲ တည္တည္ၿငိမ္ၿငိမ္ေစာင့္ၾကည့္ဖို႔လည္း ကိုးမန္းကေတာင္းဆိုခဲ့ပါတယ္။

ဖာတီဟာ ဗီလာရီးရဲလ္နဲ႔ကစားခဲ့တဲ့ရာသီအဖြင့္ပြဲမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး ပြဲစၿပီး ၁၉ မိနစ္အတြင္းမွာပဲ ၂ဂိုးဆက္သြင္းယူေပးခဲ့ပါတယ္။ ဖာတီအတြက္ ဒီႏွစ္အတြင္းသြင္းခဲ့တဲ့ ၇ဂိုးေျမာက္လာလီဂါသြင္းဂိုးျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကစတြက္ရင္ ဥေရာပထိပ္တန္းလိဂ္ ၅ခုမွာ ၿပိဳင္ပြဲစုံ ၁၀ဂိုးနဲ႔အထက္သြင္းႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမား(၁၇ႏွစ္၊ ၃၃၂ရက္)အျဖစ္လည္းစံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

အက္သလက္တီကို,ကို ဆြာရက္ဇ္ေရာက္သြားတာမို႔ ဖာတီအတြက္ ပြဲထြက္စာရင္းမွာကစားခြင့္ရဖို႔ အခြင့္အေရးပိုေကာင္းလာၿပီး ကိုးမန္းကေတာ့ မက္ဆီနဲ႔ဂရစ္ဇ္မန္းကိုပင္တိုင္ထားကာ ဖာတီနဲ႔ဒမ္ဘီလီကိုအလွည့္က်သုံးဖို႔ စီစဥ္ေနပါတယ္။

ျပင္သစ္တိုက္စစ္မႉး ဒမ္ဘီလီဟာ ေလ့က်င့္ခန္းကိုေနာက္က်ၿပီးမွေရာက္တတ္တဲ့ စည္းကမ္းပိုင္းအားနည္းခ်က္ရွိတာမို႔ ဖာတီသာ ပုံမွန္ေျခစြမ္းျပႏိုင္ရင္ ကိုးမန္းရဲ႕အေရးေပးျခင္းခံရမွာမလြဲပါဘူး။ ငယ္စဥ္ကေလးဘဝကတည္းက ေလးစားအားက်ခဲ့ရတဲ့မက္ဆီနဲ႔ တြဲကစားခြင့္ရေနတာကလည္း ဖာတီရဲ႕အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာတာပါ။

ဗီလာရီးရဲလ္နဲ႔ပြဲအၿပီးမွာ ကိုးမန္းက ” အန္ဆုဟာ လူငယ္ကစားသမားတစ္ဦးပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ရဲ႕ေျခစြမ္းတစ္သမတ္တည္းရွိေနဖို႔ကို ႀကိဳးစားေနဆဲပါ။ သူ႔မွာ ႀကီးက်ယ္တဲ့အနာဂတ္ရွိေနၿပီး ဗီလာရီးရဲလ္နဲ႔ပြဲမွာျပသခဲ့တဲ့ေျခစြမ္းကိုလည္း ေက်နပ္ပါတယ္။ သူ႔ရဲ႕တိုးတက္မႈႏႈန္းဟာ အလြန္ျမန္ဆန္ၿပီး အသင္းအတြက္လည္း အက်ိဳးရွိမွာပါ။ ဖာတီဟာ သူ႔ရဲ႕တန္ဖိုးကို သက္ေသျပေနသလို တိုးတက္မႈကိုဆက္ထိန္းထားႏိုင္မယ္လို႔လည္း ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ AS သတင္းစာကိုေျပာၾကားခဲ့ပါတယ္။

ဖာတီဟာ ႏူးကမ့္မွာ အနည္းဆုံး ၂၀၂၄ အထိ ဆက္ေနဖို႔လည္း သေဘာတူညီထားၿပီးပါၿပီ။ ဘာစီလိုနာဟာ ေအာက္တိုဘာႏိုင္ငံတကာပြဲေတြမတိုင္မီ ၾကားရက္ ေအာက္တိုဘာ ၁မွာ ဆဲလ္တာဗီဂိုနဲ႔အေဝးကြင္း၊ ေအာက္တိုဘာ ၄မွာ ဆီဗီလာနဲ႔ အိမ္ကြင္းပြဲစဥ္ေတြကစားရဦးမွာပါ။