အာဆင်နယ်နဲ့ပွဲမှာ ကံကောင်းလို့အထုတ်မခံခဲ့ရတဲ့ မာနေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လီဗာပူးဟာ တနင်္လာညက အာဆင်နယ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ကံကောင်းလို့ ပွဲအစ ၂မိနစ်မှာပဲ တစ်ယောက်လျော့နဲ့မကစားခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးဟာ အဲဒီပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ဖို့ မျှော်လင့်ခဲ့သလို အာဆင်နယ်ကလည်း လအနည်းငယ်အတွင်း လီဗာပူးကို ၃ပွဲဆက်အနိုင်ရဖို့ မျှော်လင့်ခဲ့ပါတယ်။


ပွဲစလု့ိမှ ၂မိနစ်ပဲရှိသေးတယ်။ ပြောစရာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ မာနေးဟာ ညာတောင်ပံမှာ ဘောလုံးနောက် လိုက်နေစဉ် ဖျက်ထုတ်ဖို့ အနားကပ်လာတဲ့ အာဆင်နယ်နောက်ခံလူ တီယာနေးကို တံတောင်နဲ့ လှမ်းတားလိုက်တာဖြစ်ပါတယ်။


မာနေးရဲ့တံတောင်က တီယာနေးရဲ့မျက်နှာကို သွားထိခဲ့ပြီး ဒိုင်လူကြီးက အာဆင်နယ်အသင်းကို ပြစ်ဒဏ်ဘောကန်ခွင့်ပေးခဲ့ပေမယ့် မာနေးကိုတော့ အဝါကတ်ပဲ ပြသခဲ့ပါတယ်။ အနီကတ်ပြသမခံခဲ့ရတဲ့ မာနေးလည်း လီဗာပူးအတွက် ချေပဂိုးသွင်းယူခဲ့ပြီး လီဗာပူးလည်း နောက်ကနေ ဂိုးတွေလိုက်သွင်းကာ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။


အာဆင်နယ်ပရိသတ်တွေကတော့ မာနေး တိုက်ရိုက်အနီကတ်ပြသမခံခဲ့ရတာကို ပေါက်ကွဲနေပြီး လူမှုမီဒီယာမှာ အသီးသီးဝေဖန်သွားပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း လိုင်နီကာကလည်း ”၃မိနစ်ပဲ ရှိသေးတယ်။ မာနေး ထုတ်ပယ်ခံရနိုင်တယ်”လို့ ရေးသားခဲ့ပါတယ်။

”မာနေးနေရာမှာ ဇာခါဆိုရင် အနီကတ်ပြခံရမှာ သေချာတယ်”။ ”ဘယ်လိုဖြစ်လို့များ မာနေး အနီကတ်ပြသမခံရတာလဲ။ ပေါ်တင်ကြီး ထိုးလိုက်တာကို။ VAR ဘယ်ရောက်နေလဲ။ VAR မြင်သင့်တာပေါ့”။ ”တီယာနေးရဲ့မျက်နှာဆီ သူ့လက် ပို့လိုက်တဲ့ မာနေးတစ်ယောက် အဝါကတ်ပဲပြသခံခဲ့ရပါတယ်”။


”မာနေး ထုတ်ပယ်ခံရသင့်ပေမယ့် အဝါကတ်ပဲအပြခံရလို့ ဒီပွဲမတိုင်ခင်လေးကမှ စည်းမျဉ်းတွေ ပြောင်းလိုက်တာဖြစ်မယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အာဆင္နယ္နဲ႔ပြဲမွာ ကံေကာင္းလို႔အထုတ္မခံခဲ့ရတဲ့ မာေနး

လီဗာပူးဟာ တနလၤာညက အာဆင္နယ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ကံေကာင္းလို႔ ပြဲအစ ၂မိနစ္မွာပဲ တစ္ေယာက္ေလ်ာ့နဲ႔မကစားခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးဟာ အဲဒီပြဲမွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ဖို႔ ေမွ်ာ္လင့္ခဲ့သလို အာဆင္နယ္ကလည္း လအနည္းငယ္အတြင္း လီဗာပူးကို ၃ပြဲဆက္အႏိုင္ရဖို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။

ပြဲစလု႔ိမွ ၂မိနစ္ပဲရွိေသးတယ္။ ေျပာစရာျဖစ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခု ေပၚေပါက္ခဲ့ပါတယ္။ မာေနးဟာ ညာေတာင္ပံမွာ ေဘာလုံးေနာက္ လိုက္ေနစဥ္ ဖ်က္ထုတ္ဖို႔ အနားကပ္လာတဲ့ အာဆင္နယ္ေနာက္ခံလူ တီယာေနးကို တံေတာင္နဲ႔ လွမ္းတားလိုက္တာျဖစ္ပါတယ္။

မာေနးရဲ႕တံေတာင္က တီယာေနးရဲ႕မ်က္ႏွာကို သြားထိခဲ့ၿပီး ဒိုင္လူႀကီးက အာဆင္နယ္အသင္းကို ျပစ္ဒဏ္ေဘာကန္ခြင့္ေပးခဲ့ေပမယ့္ မာေနးကိုေတာ့ အဝါကတ္ပဲ ျပသခဲ့ပါတယ္။ အနီကတ္ျပသမခံခဲ့ရတဲ့ မာေနးလည္း လီဗာပူးအတြက္ ေခ်ပဂိုးသြင္းယူခဲ့ၿပီး လီဗာပူးလည္း ေနာက္ကေန ဂိုးေတြလိုက္သြင္းကာ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကေတာ့ မာေနး တိုက္႐ိုက္အနီကတ္ျပသမခံခဲ့ရတာကို ေပါက္ကြဲေနၿပီး လူမႈမီဒီယာမွာ အသီးသီးေဝဖန္သြားပါတယ္။ အဂၤလန္တိုက္စစ္မႉးေဟာင္း လိုင္နီကာကလည္း ”၃မိနစ္ပဲ ရွိေသးတယ္။ မာေနး ထုတ္ပယ္ခံရႏိုင္တယ္”လို႔ ေရးသားခဲ့ပါတယ္။

”မာေနးေနရာမွာ ဇာခါဆိုရင္ အနီကတ္ျပခံရမွာ ေသခ်ာတယ္”။ ”ဘယ္လိုျဖစ္လို႔မ်ား မာေနး အနီကတ္ျပသမခံရတာလဲ။ ေပၚတင္ႀကီး ထိုးလိုက္တာကို။ VAR ဘယ္ေရာက္ေနလဲ။ VAR ျမင္သင့္တာေပါ့”။ ”တီယာေနးရဲ႕မ်က္ႏွာဆီ သူ႔လက္ ပို႔လိုက္တဲ့ မာေနးတစ္ေယာက္ အဝါကတ္ပဲျပသခံခဲ့ရပါတယ္”။

”မာေနး ထုတ္ပယ္ခံရသင့္ေပမယ့္ အဝါကတ္ပဲအျပခံရလို႔ ဒီပြဲမတိုင္ခင္ေလးကမွ စည္းမ်ဥ္းေတြ ေျပာင္းလိုက္တာျဖစ္မယ္”လို႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။