ဆွာရက်ဇ်ကို ဘာစီလိုနာက ဘာကြောင့် လက်လွှတ်ခံခဲ့သလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရတယ်ဆိုတဲ့ ဒီယေဂိုကော်စတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာက အသင်းကိုရောက်ရောက်ခြင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ လူးဝစ္စဆွာရက်ဇ်ကို ချီးကျူးစကားတွေပြောဆိုသွားခဲ့ပြီး ဆွာရက်ဇ်လိုကစားသမားမျိုးကို ဘာစီလိုနာအနေနဲ့ ဘာကြောင့် လက်လွှတ်ခံခဲ့သလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ဆိုပြီး ဘာစီလိုနာတာဝန်ရှိသူတွေအပေါ် ခနဲ့တဲ့တဲ့ပြောခဲ့ပါတယ်။ သူနဲ့ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲဟာ လာလီဂါပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဂရန်နာဒါနဲ့ပွဲမှာတော့ သူတို့နှစ်ဦးကို ပူးတွဲကစားတာမမြင်ခဲ့ရပေမယ့် လာမယ့်ပွဲတွေမှာတော့ ကော်စတာ+ဆွာရက်ဇ်တိုက်စစ်အတွဲကို မြင်တွေ့ရမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဆွာရက်ဇ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ပွဲမှာ အသင်းအတွက် ၇၀ မိနစ်မှာ ဒီယေဂိုကော်စတာနဲ့လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြကာ ၂ဂိုးသွင်း၊ ၁ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီယေဂိုကော်စတာကလည်း ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။

ကော်စတာက “တစ်ယောက်ကဒေါသထွက်ရင်သွားစွမ်းပြကိုက်တဲ့သူ၊ နောက်တစ်ယောက်ကလည်း ဒေါသထွက်လာရင်ကန်ကျောက်တတ်တဲ့သူ အခု ဒီနှစ်ယောက်တွဲကစားရတော့မှာဆိုတော့ တစ်ကယ်ကိုစိတ်ဝင်စားစရာပါပဲ။ လူးဝစ္စကို ရလိုက်တာ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်၊ ဘာစီလိုနာက သူ့ကိုဘာကြောင့်လက်လွှတ်လိုက်တာလဲဆိုတာကို ကျွန်တော်တော့လုံးဝနားမလည်နိုင်ပါဘူး၊ သူက တိုက်ပွဲဝင်စိတ်အပြည့်ရှိနေတဲ့သူတစ်ယောက်ပါ ဒီပွဲမှာလည်း သူအများကြီးကူညီပေးခဲ့ပါတယ်”

“သူက ဂိုးတွေသွင်းယူဖို့ အမြဲဆာလောင်နေတဲ့တိုက်စစ်မှူးတစ်ယောက်ပါပဲ ကျွန်တော်တို့ပရိသတ်တွေအတွက်လည်း နောက်ထပ်ဆုဖလားတွေရအောင် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ပွဲတစ်ခုချင်းစီကိုအာရုံစိုက်ကစားဖို့တော့ လိုပါတယ်” လို့ ကော်စတာက ပြောခဲ့ပါတယ်။ အရင်က ခံစစ်နည်းဗျူဟာကျင့်သုံးလွန်းတာမို့ ကြည့်ရတာပျင်းစရာကြီးလို့ ဝေဖန်ခံခဲ့ရတဲ့ အက်သလက်တီကိုအတွက်လည်း တစ်ပွဲတည်း ဂိုးဒါဇင်ဝက်သွင်းနိုင်ခဲ့တာကျေနပ်စရာဖြစ်ပြီး ဆွာရက်ဇ်၊ ယာအိုဖီးလစ်၊ ကော်စတာတိုက်စစ်စုဖွဲ့မှုနဲ့ ရီးရဲလ်နဲ့ဘာစီလိုနာကို စိန်ခေါ်နိုင်ဖွယ်ရှိနေပါတယ်။

အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ ဒီယေဂိုကော်စတာဟာ ၂၀၁၄ မှာ အက်သလက်တီကိုကနေ ချယ်လ်ဆီးအသင်းကိုပြောင်းရွေ့သွားခဲပြီးနောက် ၂၀၁၇ မှာ ချယ်လ်ဆီးမှ ပြန်လည်ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။ သူဟာဒဏ်ရာတွေကြောင့် ခြေစွမ်းပြန်လည်ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကော့စတာဟာ အသင်းအတွက်လိုအပ်ပါက သူထွက်ခွာမယ်လို့လည်း ပြောကြားတဲ့သူလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးမှာလက်တွဲခဲ့ဘူးတဲ့ စပါးနည်းပြ မော်ရင်ဟိုက သြဂုတ်လကတည်းက သူ့ကို ၁နှစ်စာချုပ်နဲ့ စပါးအသင်းကိုပြောင်းရွှေ့လာခဲ့ဖို့ ကမ်းလှမ်းထားပါသေးတယ်။ ဒါပေမယ့် သူဟာ အက်သလက်တီကိုမှာပဲ ဆက်လက်နေပြီး အသင်းအတွက်တိုက်ပွဲဝင်ချင်ပါသေးတယ် လို့ အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြကို ပြောကြားထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဆြာရက္ဇ္ကို ဘာစီလိုနာက ဘာေၾကာင့္ လက္လႊတ္ခံခဲ့သလဲဆိုတာ နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္ဆိုတဲ့ ဒီေယဂိုေကာ္စတာ

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ တိုက္စစ္မႉးဒီေယဂိုေကာ္စတာက အသင္းကိုေရာက္ေရာက္ျခင္း ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူးဝစၥဆြာရက္ဇ္ကို ခ်ီးက်ဴးစကားေတြေျပာဆိုသြားခဲ့ၿပီး ဆြာရက္ဇ္လိုကစားသမားမ်ိဳးကို ဘာစီလိုနာအေနနဲ႔ ဘာေၾကာင့္ လက္လႊတ္ခံခဲ့သလဲဆိုတာ နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္လို႔ဆိုၿပီး ဘာစီလိုနာတာဝန္ရွိသူေတြအေပၚ ခနဲ႔တဲ့တဲ့ေျပာခဲ့ပါတယ္။ သူနဲ႔ ဆြာရက္ဇ္တို႔ရဲ႕ တိုက္စစ္အတြဲဟာ လာလီဂါၿပိဳင္ဘက္အသင္းေတြကို ေကာင္းေကာင္းဒုကၡေပးႏိုင္လိမ့္မယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ဂရန္နာဒါနဲ႔ပြဲမွာေတာ့ သူတို႔ႏွစ္ဦးကို ပူးတြဲကစားတာမျမင္ခဲ့ရေပမယ့္ လာမယ့္ပြဲေတြမွာေတာ့ ေကာ္စတာ+ဆြာရက္ဇ္တိုက္စစ္အတြဲကို ျမင္ေတြ႕ရမယ္လို႔လည္း ေမွ်ာ္လင့္ရပါတယ္။ ဆြာရက္ဇ္ဟာ မေန႔ညက ကစားခဲ့တဲ့ ဂရန္နာဒါနဲ႔ပြဲမွာ အသင္းအတြက္ ၇၀ မိနစ္မွာ ဒီေယဂိုေကာ္စတာနဲ႔လူစားဝင္ကစားခဲ့ၿပီး ေျခစြမ္းျပကာ ၂ဂိုးသြင္း၊ ၁ႀကိမ္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒီေယဂိုေကာ္စတာကလည္း ေခါင္းတိုက္သြင္းဂိုးတစ္ဂိုးရယူႏိုင္ခဲ့ပါတယ္။

ေကာ္စတာက “တစ္ေယာက္ကေဒါသထြက္ရင္သြားစြမ္းျပကိုက္တဲ့သူ၊ ေနာက္တစ္ေယာက္ကလည္း ေဒါသထြက္လာရင္ကန္ေက်ာက္တတ္တဲ့သူ အခု ဒီႏွစ္ေယာက္တြဲကစားရေတာ့မွာဆိုေတာ့ တစ္ကယ္ကိုစိတ္ဝင္စားစရာပါပဲ။ လူးဝစၥကို ရလိုက္တာ ကြၽန္ေတာ္တို႔အရမ္းကံေကာင္းပါတယ္၊ ဘာစီလိုနာက သူ႔ကိုဘာေၾကာင့္လက္လႊတ္လိုက္တာလဲဆိုတာကို ကြၽန္ေတာ္ေတာ့လုံးဝနားမလည္ႏိုင္ပါဘူး၊ သူက တိုက္ပြဲဝင္စိတ္အျပည့္ရွိေနတဲ့သူတစ္ေယာက္ပါ ဒီပြဲမွာလည္း သူအမ်ားႀကီးကူညီေပးခဲ့ပါတယ္”

“သူက ဂိုးေတြသြင္းယူဖို႔ အၿမဲဆာေလာင္ေနတဲ့တိုက္စစ္မႉးတစ္ေယာက္ပါပဲ ကြၽန္ေတာ္တို႔ပရိသတ္ေတြအတြက္လည္း ေနာက္ထပ္ဆုဖလားေတြရေအာင္ ကူညီႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ ပြဲတစ္ခုခ်င္းစီကိုအာ႐ုံစိုက္ကစားဖို႔ေတာ့ လိုပါတယ္” လို႔ ေကာ္စတာက ေျပာခဲ့ပါတယ္။ အရင္က ခံစစ္နည္းဗ်ဴဟာက်င့္သုံးလြန္းတာမို႔ ၾကည့္ရတာပ်င္းစရာႀကီးလို႔ ေဝဖန္ခံခဲ့ရတဲ့ အက္သလက္တီကိုအတြက္လည္း တစ္ပြဲတည္း ဂိုးဒါဇင္ဝက္သြင္းႏိုင္ခဲ့တာေက်နပ္စရာျဖစ္ၿပီး ဆြာရက္ဇ္၊ ယာအိုဖီးလစ္၊ ေကာ္စတာတိုက္စစ္စုဖြဲ႕မႈနဲ႔ ရီးရဲလ္နဲ႔ဘာစီလိုနာကို စိန္ေခၚႏိုင္ဖြယ္ရွိေနပါတယ္။

အသက္ (၃၁) ႏွစ္ရွိၿပီျဖစ္တဲ့ ဒီေယဂိုေကာ္စတာဟာ ၂၀၁၄ မွာ အက္သလက္တီကိုကေန ခ်ယ္လ္ဆီးအသင္းကိုေျပာင္းေ႐ြ႕သြားခဲၿပီးေနာက္ ၂၀၁၇ မွာ ခ်ယ္လ္ဆီးမွ ျပန္လည္ေရာက္ရွိလာခဲ့သူလည္းျဖစ္ပါတယ္။ သူဟာဒဏ္ရာေတြေၾကာင့္ ေျခစြမ္းျပန္လည္ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ေကာ့စတာဟာ အသင္းအတြက္လိုအပ္ပါက သူထြက္ခြာမယ္လို႔လည္း ေျပာၾကားတဲ့သူလည္း ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးမွာလက္တြဲခဲ႔ဘူးတဲ့ စပါးနည္းျပ ေမာ္ရင္ဟိုက ၾသဂုတ္လကတည္းက သူ႕ကို ၁ႏွစ္စာခ်ဳပ္နဲ႕ စပါးအသင္းကိုေျပာင္းေရႊ႔လာခဲ့ဖို႔ ကမ္းလွမ္းထားပါေသးတယ္။ ဒါေပမယ့္ သူဟာ အက္သလက္တီကိုမွာပဲ ဆက္လက္ေနၿပီး အသင္းအတြက္တိုက္ပြဲဝင္ခ်င္ပါေသးတယ္ လို႕ အသင္းတာဝန္ရွိသူေတြနဲ႕ နည္းျပကို ေျပာၾကားထားပါတယ္။