စီးတီးကို အီတီဟတ်မှာ ဂိုးပြတ်အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ လက်စတာ (စီးတီး ၂-၅ လက်စတာ ပွဲပြီးသုံးသပ်ချက်)
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
စီးတီးဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲမှာပဲ ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး နည်းပြဂွါဒီယိုလာလည်း နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ၅ဂိုအးထိပေးလိုက်ရတာပါ။ စီးတီးအနေနဲ့ဆိုရင်လည်း ၂၀၀၃ ဖေဖော်ဝါရီလက အာဆင်နယ်နဲ့ပွဲနောက်ပိုင်း အိမ်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၅ဂိးုပေးလိုက်ရတာပါ။
လက်စတာဟာ ပထမပိုင်းတစ်ပိုင်းလုံးနီးပါး ဖိအားပေးခံခဲ့ရပေမယ့် ပွဲချိန် ၃၇ မိနစ်မှာရရှိတဲ့ ပင်နယ်တီက ဒီပွဲရဲ့အလှည့်အပြောင်းဖြစ်သွားခဲ့ပြီး နောက်ပိုင်းမှာ ခြေစွမ်းပိုင်းပြန်လည်တည်ငြိမ်လာပါတယ်။ စီးတီးက ခံစစ်ပိုင်းအားနည်းမှုကို ဒီနှစ်မှာလည်း ပြင်ဆင်နိုင်ပုံမရသေးဘဲ ခံစစ် ၄ယောက်အနက် အဆုံးသတ်ချေပဂိုးသွင်းယူသွားတဲ့ အကီကလွဲလို့ ကျန်နောက်ခံလူအားလုံး ပင်နယ်တီပြစ်ဒဏ်ကျူးလွန်မိခဲ့ပါတယ်။
စီးတီးနဲ့ပွဲဆိုရင် ဂိုးမြူးလေ့ရှိတဲ့ ဗာဒီက ဒီပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အဖွင့်နဲ့ အဆုံးသတ်ဂိုးတွေက ပင်နယ်တီဖြစ်ပေမယ့် ဒုတိယမြောက်သွင်းဂိုးကတော့ အဆင့်အတန်းမြင့်ခဲ့ပါတယ်။ လက်စတာသွင်းယူခဲ့တဲ့ ၅ဂိုးအနက် ၃ဂိုးက ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပေမယ့် ကျန် ၂ဂိုးကတော့ အတော်လေးလှပါတယ်။
ပွဲအစ ၄မိနစ်မှာ မာရက်ဇ်က အသင်းဟောင်းဘက်ကို ဂိုးသွင်းယူကာ စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် အိမ်ရှင်ရဲ့ပွဲပဲလု့ိ ထင်ရလောက်အောင် စီးတီးက ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန်မိနစ် ၃၀ နားရောက်လာချိန်မှာတော့ လက်စတာအသင်း ကစားကွက်ပြန်မိလာပြီး ပွဲချိန် ၃၇ မိနစ်မှာ ဗာဒီက ပင်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စပြီး ၉မိနစ်အကြာမှာ ယမန်နှစ်ဂိုးသွင်းဘုရင် ဗာဒီက ညာနောက်ခံလူ ကက်စတာနီရဲ့ဖြတ်တင်ဘောကို နောက်ပေါက်နဲ့ အသာလေးချိတ်သွင်းယူနိုင်ခဲ့လို့ ဒုတိယမြောက်ဂိုးရရှိခဲ့ပြီး နောက် ၄မိနစ်အကြာ ပွဲချိန် ၅၈ မိနစ်မှာ ပင်နယ်တီကနေ တတိယမြောက်ဂိုးသွင်းယူသွားပါတယ်။
ဒုတိယပိုင်းပြန်စပြီး ၉မိနစ်အကြာမှာ ယမန်နှစ်ဂိုးသွင်းဘုရင် ဗာဒီက ညာနောက်ခံလူ ကက်စတာနီရဲ့ဖြတ်တင်ဘောကို နောက်ပေါက်နဲ့ အသာလေးချိတ်သွင်းယူနိုင်ခဲ့လို့ ဒုတိယမြောက်ဂိုးရရှိခဲ့ပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာ ပင်နယ်တီကနေ ဗာဒီကသူ့ရဲ့ တတိယမြောက်ဂိုးသွင်းယူသွားပါတယ်။
ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်ကွင်းလယ်လူမက်ဒီဆင်က အဝေးကနေ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းကာ စတုတ္ထမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး အကီက ၈၄ မိနစ်မှာ နှစ်သိမ့်ဂိုးသွင်းယူခဲ့ကာ ပွဲချိန် ၈၈မိနစ်မှာ တိုင်လီမန်းစ်က ပင်နယ်တီကနေ လက်စတာအတွက် အဆုံးသတ်ဂိုးသွင်းယူခဲ့ပါတယ်။
ကွင်းလယ်လူမက်ဒီဆင်က အဝေးကနေ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းကာ စတုတ္ထမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
Zawgyi