အာဆင်နယ်နဲ့ပွဲမှာ အဲလစ်ဆန်နဲ့ သီယာဂိုတို့ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လီဗာပူးအတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် အားထားရတဲ့ဂိုးသမား အဲလစ်ဆန်နဲ့ ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာတု့ိဟာ ဒဏ်ရာပြဿနာတွေကြောင့် တနင်္လာညမှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းဖော်တွေနဲ့အတူ ထရိန်နင်မဆင်းနိုင်ခဲ့ဘဲ သတင်းတွေရဲ့ဖော်ပြချက်အရ နည်းပြကလော့ပ်လည်း သူတို့ ပါဝင်ဖို့အတွက် အခြေအနေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

တကယ်လို့ အဲလစ်ဆန်သာ မပါဝင်နိုင်ရင် အရန်ဂိုးသမား အက်ဒရီယန်က ပွဲထွက်ကစားဖို့ အသင့်ရှိနေပေမယ့် ကလော့ပ်ကတော့ ဘရာဇီးလက်ရွေးစင် အဲလစ်ဆန် ပါဝင်နိုင်ဖို့ နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းဖွယ်ရှိနေပါတယ်။

စပိန်လက်ရွေးစင် သီယာဂိုးဟာ ယခုလအတွင်း ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၂၅ သန်းနဲ့ ရောက်လာသူဖြစ်ပြီး The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ မဖော်ပြတဲ့ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟောင်း သီယာဂိုဟာ ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးကို ဝ-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးပွဲထွက်အဖြစ် ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။

ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ နောက်ခံလူ မာတစ်တို့လည်း အာဆင်နယ်နဲ့ပွဲကို လွဲချော်ရမှာဖြစ်ပေမယ့် နောက်ခံလူ ဂိုမက်ဇ်ကတော့ ချဲလ်ဆီးနဲ့ပွဲကို လွဲချော်ခဲ့ရပြီးနောက် ဒီပွဲအတွက် ပြန်လည်ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲတုန်းက ဂိုမက်ဇ်ရဲ့နေရာမှာ နောက်ခံလူအဖြစ် ဆင်းကစားခဲ့ရတဲ့ ကွင်းလယ်လူ ဖာဘင်ဟိုက ဒီပွဲမှာတော့ အရင်နေရာဖြစ်တဲ့ ကွင်းလယ်ဗဟိုနေရာမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အာဆင္နယ္နဲ႔ပြဲမွာ အဲလစ္ဆန္နဲ႔ သီယာဂိုတုိ႔ ပါ၀င္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေန

လီဗာပူးအတြက္ ထိုးႏွက္ခ်က္တစ္ရပ္အျဖစ္ အားထားရတဲ့ဂိုးသမား အဲလစ္ဆန္နဲ႔ ကြင္းလယ္လူ သီယာဂိုအယ္လ္ကန္တာရာတု႔ိဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ တနလၤာညမွာ ကစားရမယ့္ အာဆင္နယ္နဲ႔ပဲြမွာ ပါ၀င္ႏိုင္ဖုိ႔ မေသမခ်ာျဖစ္ေနတယ္လုိ႔ သိရပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အသင္းေဖာ္ေတြနဲ႔အတူ ထရိန္နင္မဆင္းႏိုင္ခ့ဲဘဲ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ နည္းျပကေလာ့ပ္လည္း သူတုိ႔ ပါ၀င္ဖို႔အတြက္ အေျခအေနကို ေစာင့္ဆုိင္းေနတယ္လုိ႔ သိရပါတယ္။

တကယ္လုိ႔ အဲလစ္ဆန္သာ မပါ၀င္ႏိုင္ရင္ အရန္ဂိုးသမား အက္ဒရီယန္က ပဲြထြက္ကစားဖို႔ အသင့္ရွိေနေပမယ့္ ကေလာ့ပ္ကေတာ့ ဘရာဇီးလက္ေရြးစင္ အဲလစ္ဆန္ ပါ၀င္ႏုိင္ဖို႔ ေနာက္ဆုံးအခ်ိန္ထိ ေစာင့္ဆုိင္းဖြယ္ရွိေနပါတယ္။
စပိန္လက္ေရြးစင္ သီယာဂိုးဟာ ယခုလအတြင္း ဘုိင္ယန္ျမဴးနစ္ကေန ေပါင္ ၂၅ သန္းနဲ႔ ေရာက္လာသူျဖစ္ၿပီး The Times သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မေဖာ္ျပတဲ့ဒဏ္ရာေၾကာင့္ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။

ဘာစီလုိနာကြင္းလယ္လူေဟာင္း သီယာဂိုဟာ ၿပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီးကို ၀-၂ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ အသင္းသစ္အတြက္ ပထမဆုံးပြဲထြက္အျဖစ္ ဒုတိယပိုင္းမွာ ပါ၀င္ကစားခဲ့ပါတယ္။ ကြင္းလယ္လူ ဟန္ဒါဆန္နဲ႔ ေနာက္ခံလူ မာတစ္တို႔ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္ရမွာျဖစ္ေပမယ့္ ေနာက္ခံလူ ဂိုမက္ဇ္ကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ဒီပြဲအတြက္ ျပန္လည္ပါ၀င္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက ဂိုမက္ဇ္ရဲ႕ေနရာမွာ ေနာက္ခံလူအျဖစ္ ဆင္းကစားခဲ့ရတဲ့ ကြင္းလယ္လူ ဖာဘင္ဟိုက ဒီပဲြမွာေတာ့ အရင္ေနရာျဖစ္တဲ့ ကြင္းလယ္ဗဟိုေနရာမွာ ျပန္လည္ပါ၀င္လာႏိုင္ပါတယ္။