တိုက်စ်မှူးစစ်စစ်တစ်ဦးသာရှိခြင်းအတွက် စပါးဘုတ်အဖွဲ့ကို မော်ရင်ဟို မကျေမနပ်ဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အထောင်တိုက်စစ်မှူးစစ်စစ်ဆို၍ ဟယ်ရီကိန်းတစ်ဦးသာရှိခြင်းအတွက် စပါးဘုတ်အဖွဲ့အပေါ် မော်ရင်ဟိုရဲ့မကျေမနပ်ဖြစ်မှုဟာ ပိုပြီးများပြားလာခဲ့ပါတယ်။

စပါးဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ ဈးကွက်ကာလမှာ ကစားသမားသစ် ၅ဦး(ဆာဂျီယိုရီဂူလွန်၊ ဂါရတ်ဘေးလ်၊ မတ်ဒိုဟာတီ၊ ဂျိုးဟတ်၊ ပီရဲအမ်မလီဟော့ဘာ့ဂ်)ခေါ်ယူခဲ့ပေမယ့် တိုက်စစ်မှူးစစ်စစ်တစ်ဦးမှမပါခဲ့ပါဘူး။

မော်ရင်ဟိုဟာ ဟယ်ရီကိန်း မတော်တဆဒဏ်ရာရခဲ့ရင် အရန်သင့်အစားထိုးနိုင်မယ့် တိုက်စစ်မှူးသစ်တစ်ဦးကိုခေါ်ယူလိုနေပေမဲ့ ဈေးကွက်ပိတ်မယ့် အောက်တိုဘာ ၅ရက်ရောက်ဖို့ တဖြည်းဖြည်းနီးစပ်လာတဲ့အထိ ခေါ်ယူနိုင်ခြင်းမရှိတာမို့ စပါးတာဝန်ရှိသူတွေအပေါ် စိတ်ပျက်နေတာပါ။ The Sun သတင်းစာရဲ့ဖော်ပြမှုအရ မော်ရင်ဟိုဟာ အခုလိုအခြေအနေနဲ့ပတ်သက်လို့ မယုံကြည်နိုင်အောင်ဖြစ်နေသလို ကမ္ဘာပေါ်မှာ တိုက်စစ်မှူးတစ်ဦးတည်းရှိတဲ့အသင်းဆို၍ စပါးတစ်သင်းသာရှိတယ်ဆိုပြီး မိတ်ဆွေတွေထံရင်ဖွင့်ခဲ့တယ်လို့သိရပါတယ်။

ပြိုင်ဘက်အသင်းတွေနဲ့ စပါးအသင်းရဲ့တိုက်စစ်မှူးစုဖွဲ့မှုချင်းနှိုင်းယှဉ်ရင် မော်ရင်ဟို မကျေမနပ်ဖြစ်တာကိုလည်း စာနာနားလည်နိုင်မှာပါ။

လန်ဒန်ဒါဘီပြိုင်ဘက်တွေအနက် အာဆင်နယ်မှာ တိုက်စစ်မှူး ၃ဦး(အူဘာမီးယန်း၊ အန်ကတ်တီးယား၊ လာကာဇက်)ရှိနေသလို ချဲလ်ဆီးမှာလည်း တိုက်စစ်မှူး ၃ဦး(တီမိုဝါနာ၊ အေဘရာဟမ်၊ အိုလီဗာဂျီရှုး)ရှိနေတာပါ။ မန်ချက်စတာ ၂သင်းအနက် မန်ယူအသင်းမှာလည်း တိုက်စစ်မှူး ၃ဦး(မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ အစ်ဟာလို)ရှိနေသလို မန်စီးတီးမှာတောင် ၂ဦး(ဂျီးဆပ်စ်နဲ့အဂွဲရိုး)ရှိနေတာပါ။

ဈေးကွက်ပိတ်မယ့် အောက်တိုဘာ ၅ မတိုင်မီ အသင်းရဲ့အပြောင်းအရွှေ့မူဝါဒနဲ့ပတ်သက်လို့ မော်ရင်ဟိုက ” ကျွန်တော်တို့အားလုံးမြင်တွေ့လိုတဲ့ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီတဲ့စုဖွဲ့မှုရဖို့ ကြိုးစားနေတယ်ဆိုပေမယ့် ဖြစ်နိုင်၊ မဖြစ်နိုင် ပရိသတ်တွေသိကြမှာပါ” လို့ ဝေဖန်ခဲ့ပါတယ်။

ဈေးကွက်ပိတ်တဲ့အချိန်ထိ တိုက်စစ်မှူးသစ်မခေါ်နိုင်ဘူးဆိုရင်တော့ ဟယ်ရီကိန်းသာ မတော်တဆဒဏ်ရာရပြီး မကစားနိုင်ရင် မော်ရင်ဟိုအနေနဲ့ အထောင်တိုက်စစ်မှူးစစ်စစ်မပါဘဲ တောင်ပံတိုက်စစ်ကိုသာအဓိကအားကိုးရတဲ့ False 9 ကစားကွက်ကိုအသုံးပြုရမှာပါ။

စပါးဟာ ဒီကနေ့ညကစပြီး တစ်ပတ်အတွင်းမှာလည်း အိမ်ကွင်း ၃ပွဲဆက်ကစားရဖို့ရှိနေတာပါ။ ဒီကနေ့ညမှာ နယူးကာဆယ်၊ စက်တင်ဘာ ၂၉မှာ လိဂ်ဖလားပွဲအဖြစ် ချဲလ်ဆီး၊ အောက်တိုဘာ ၁မှာ ယူရိုပါလိဂ် ပလေးအော့ဖ်ခြေစစ်ပွဲအဖြစ် မက္ကာဘီဟိုင်ဖာတို့နဲ့ကစားရမှာဖြစ်ပြီး အောက်တိုဘာ ၄မှာ အဝေးကွင်းပွဲစဉ်အဖြစ် မော်ရင်ဟိုရဲ့အသင်းဟောင်း မန်ယူတို့နဲ့ ဆက်တိုက်ကစားရဖို့ရှိနေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

တိုက္စ္မႉးစစ္စစ္တစ္ဦးသာရွိျခင္းအတြက္ စပါးဘုတ္အဖြဲ႕ကို ေမာ္ရင္ဟို မေက်မနပ္ျဖစ္ေန

အေထာင္တိုက္စစ္မႉးစစ္စစ္ဆို၍ ဟယ္ရီကိန္းတစ္ဦးသာရွိျခင္းအတြက္ စပါးဘုတ္အဖြဲ႕အေပၚ ေမာ္ရင္ဟိုရဲ႕မေက်မနပ္ျဖစ္မႈဟာ ပိုၿပီးမ်ားျပားလာခဲ့ပါတယ္။ စပါးဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ ဈးကြက္ကာလမွာ ကစားသမားသစ္ ၅ဦး(ဆာဂ်ီယိုရီဂူလြန္၊ ဂါရတ္ေဘးလ္၊ မတ္ဒိုဟာတီ၊ ဂ်ိဳးဟတ္၊ ပီရဲအမ္မလီေဟာ့ဘာ့ဂ္)ေခၚယူခဲ့ေပမယ့္ တိုက္စစ္မႉးစစ္စစ္တစ္ဦးမွမပါခဲ့ပါဘူး။

ေမာ္ရင္ဟိုဟာ ဟယ္ရီကိန္း မေတာ္တဆဒဏ္ရာရခဲ့ရင္ အရန္သင့္အစားထိုးႏိုင္မယ့္ တိုက္စစ္မႉးသစ္တစ္ဦးကိုေခၚယူလိုေနေပမဲ့ ေဈးကြက္ပိတ္မယ့္ ေအာက္တိုဘာ ၅ရက္ေရာက္ဖို႔ တျဖည္းျဖည္းနီးစပ္လာတဲ့အထိ ေခၚယူႏိုင္ျခင္းမရွိတာမို႔ စပါးတာဝန္ရွိသူေတြအေပၚ စိတ္ပ်က္ေနတာပါ။ The Sun သတင္းစာရဲ႕ေဖာ္ျပမႈအရ ေမာ္ရင္ဟိုဟာ အခုလိုအေျခအေနနဲ႔ပတ္သက္လို႔ မယုံၾကည္ႏိုင္ေအာင္ျဖစ္ေနသလို ကမာၻေပၚမွာ တိုက္စစ္မႉးတစ္ဦးတည္းရွိတဲ့အသင္းဆို၍ စပါးတစ္သင္းသာရွိတယ္ဆိုၿပီး မိတ္ေဆြေတြထံရင္ဖြင့္ခဲ့တယ္လို႔သိရပါတယ္။

ၿပိဳင္ဘက္အသင္းေတြနဲ႔ စပါးအသင္းရဲ႕တိုက္စစ္မႉးစုဖြဲ႕မႈခ်င္းႏႈိင္းယွဥ္ရင္ ေမာ္ရင္ဟို မေက်မနပ္ျဖစ္တာကိုလည္း စာနာနားလည္ႏိုင္မွာပါ။ လန္ဒန္ဒါဘီၿပိဳင္ဘက္ေတြအနက္ အာဆင္နယ္မွာ တိုက္စစ္မႉး ၃ဦး(အူဘာမီးယန္း၊ အန္ကတ္တီးယား၊ လာကာဇက္)ရွိေနသလို ခ်ဲလ္ဆီးမွာလည္း တိုက္စစ္မႉး ၃ဦး(တီမိုဝါနာ၊ ေအဘရာဟမ္၊ အိုလီဗာဂ်ီရႈး)ရွိေနတာပါ။ မန္ခ်က္စတာ ၂သင္းအနက္ မန္ယူအသင္းမွာလည္း တိုက္စစ္မႉး ၃ဦး(မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ အစ္ဟာလို)ရွိေနသလို မန္စီးတီးမွာေတာင္ ၂ဦး(ဂ်ီးဆပ္စ္နဲ႔အဂြဲ႐ိုး)ရွိေနတာပါ။ ေဈးကြက္ပိတ္မယ့္ ေအာက္တိုဘာ ၅ မတိုင္မီ အသင္းရဲ႕အေျပာင္းအေ႐ႊ႕မူဝါဒနဲ႔ပတ္သက္လို႔ ေမာ္ရင္ဟိုက ” ကြၽန္ေတာ္တို႔အားလုံးျမင္ေတြ႕လိုတဲ့ ေရွ႕၊ လယ္၊ ေနာက္ ဟန္ခ်က္ညီတဲ့စုဖြဲ႕မႈရဖို႔ ႀကိဳးစားေနတယ္ဆိုေပမယ့္ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ ပရိသတ္ေတြသိၾကမွာပါ” လို႔ ေဝဖန္ခဲ့ပါတယ္။

ေဈးကြက္ပိတ္တဲ့အခ်ိန္ထိ တိုက္စစ္မႉးသစ္မေခၚႏိုင္ဘူးဆိုရင္ေတာ့ ဟယ္ရီကိန္းသာ မေတာ္တဆဒဏ္ရာရၿပီး မကစားႏိုင္ရင္ ေမာ္ရင္ဟိုအေနနဲ႔ အေထာင္တိုက္စစ္မႉးစစ္စစ္မပါဘဲ ေတာင္ပံတိုက္စစ္ကိုသာအဓိကအားကိုးရတဲ့ False 9 ကစားကြက္ကိုအသုံးျပဳရမွာပါ။

စပါးဟာ ဒီကေန႔ညကစၿပီး တစ္ပတ္အတြင္းမွာလည္း အိမ္ကြင္း ၃ပြဲဆက္ကစားရဖို႔ရွိေနတာပါ။ ဒီကေန႔ညမွာ နယူးကာဆယ္၊ စက္တင္ဘာ ၂၉မွာ လိဂ္ဖလားပြဲအျဖစ္ ခ်ဲလ္ဆီး၊ ေအာက္တိုဘာ ၁မွာ ယူ႐ိုပါလိဂ္ ပေလးေအာ့ဖ္ေျခစစ္ပြဲအျဖစ္ မကၠာဘီဟိုင္ဖာတို႔နဲ႕ကစားရမွာျဖစ္ၿပီး ေအာက္တိုဘာ ၄မွာ အေဝးကြင္းပြဲစဥ္အျဖစ္ ေမာ္ရင္ဟိုရဲ႕အသင္းေဟာင္း မန္ယူတို႔နဲ႔ ဆက္တိုက္ကစားရဖို႔ရွိေနတာပါ။