အင်တာမီလန်ခံစစ်ကို ဆွံ့အသွားစေတဲ့ ဖီအိုဂန္ထဝင်ကြီး ရစ်ဘာရီရဲ့ ရူးလောက်တဲ့ဂိုးဖန်တီးမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဖီအိုရင်တီးနားတောင်ပံကစားသမားကြီး ဖရန့်ရစ်ဘာရီဟာ အသက် ၃၇ နှစ်အရွယ်ရောက်နေပြီဖြစ်ပေမယ့် အခုချိန်အထိ ငယ်မူငယ်သွေးပြနေဆဲဖြစ်ပြီး အထူးသဖြင့် စီးရီးအေလို တိုက်စစ်ကစားသမားတွေအတွက် အကြမ်းတမ်းဆုံးနေရာမှာ အခုချိန်အထိ အံ့ဖွယ်သွင်းဂိုးတွေ၊ ရူးလောက်တဲ့ဂိုးဖန်တီးမှုတွေနဲ့အတူ ခြေစွမ်းပြနေဆဲဖြစ်ပါတယ်။


အခုလည်း စနေညက အင်တာမီလန်ကို ၄-၃ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရစ်ဘာရီဟာ တစ်ပွဲလုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံးဂိုးဖန်တီးမှုပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဖီအိုရင်တီးနားဟာ ဆန်စီရိုမှာ ပွဲအစ ၃ မိနစ်ကတည်းက ကူအာမီရဲ့ဂိုးနဲ့အတူ အင်တာမီလန်ကို အံ့အားသင့်ဖွယ် ဦးဆောင်နိုင်ခဲ့ပါတယ်။


ပထမပိုင်းပြီးခါနီးမှာ ဘာစီလိုနာရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ တိုက်စစ်မှူး မာတီနက်ဇ်က ဘာရယ်လာရဲ့ပေးပို့မှုကနေ အင်တာအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ ဆီချီရီနီရဲ့ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အင်တာမီလန်အသင်း ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။


ဒါပေမဲ့ ရစ်ဘာရီက သူ့ရဲ့ခြေစွမ်းတွေနဲ့အတူ အင်တာမီလန်ကို ထပ်မံအံ့အားသင့်စေခဲ့ပြီး ကက်စထရိုဗီလီအတွက် ပွဲချိန် ၅၇ မိနစ် ဂိုးဖန်တီးပေးနိုင်ခဲ့လို့ ၂-၂ ဂိုးသရေဖြစ်သွားပါတယ်။


ဒါ့အပြင် ပွဲချိန် ၆၃ မိနစ်မှာ ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကြီးဟာ ဘောလုံးသမားအဖြစ်ကနေ မျက်လှည့်ပညာရှင်ဖြစ်သွားပြီး တောင်ပံကစားသမား ချီယေဆာ ဂိုးသွင်းယူနိုင်ရေးအတွက် တကယ့်ကိုအံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

တန်ပြန်တိုက်စစ်ဆင်ရင်း ဖီအိုရင်တီးနားကွင်းတစ်ဝက်လောက်မှာ ဘောလုံးရသွားတဲ့ ရစ်ဘာရီဟာ ဆွဲပြေးလာရင်း အင်တာမီလန်ကစားသမား ၃ဦးကြားထဲကနေ ချီယေဆာရဲ့ပြေးလမ်းထဲ အသာလေး ပေးပို့လိုက်တာဖြစ်ပါတယ်။ ချီယေဆာလည်း ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ အေးဆေးကန်သွင်းလိုက်တာပါ။

ဖီအိုရင်တီးနားဟာ ၂-၃ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အင်တာမီလန်က ပွဲချိန် ၈၇မိနစ်နဲ့ ၈၉ မိနစ်တွေမှာ လူကာကူနဲ့ ဒီအမ်ဘရိုစီယိုတို့ရဲ့သွင်းဂိုးတွေကြောင့် ၄-၃ ဂိုးနဲ့ အနိုင်ရကာ ရာသီအဖွင့်လှသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အင္တာမီလန္ခံစစ္ကို ဆြံ႕အသြားေစတဲ့ ဖီအိုဂႏၴဝင္ႀကီး ရစ္ဘာရီရဲ႕ ႐ူးေလာက္တဲ့ဂိုးဖန္တီးမႈ

ဖီအိုရင္တီးနားေတာင္ပံကစားသမားႀကီး ဖရန႔္ရစ္ဘာရီဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ေရာက္ေနၿပီျဖစ္ေပမယ့္ အခုခ်ိန္အထိ ငယ္မူငယ္ေသြးျပေနဆဲျဖစ္ၿပီး အထူးသျဖင့္ စီးရီးေအလို တိုက္စစ္ကစားသမားေတြအတြက္ အၾကမ္းတမ္းဆုံးေနရာမွာ အခုခ်ိန္အထိ အံ့ဖြယ္သြင္းဂိုးေတြ၊ ႐ူးေလာက္တဲ့ဂိုးဖန္တီးမႈေတြနဲ႔အတူ ေျခစြမ္းျပေနဆဲျဖစ္ပါတယ္။

အခုလည္း စေနညက အင္တာမီလန္ကို ၄-၃ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ရစ္ဘာရီဟာ တစ္ပြဲလုံးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္ တတိယေျမာက္ဂိုးသြင္းယူႏိုင္ဖို႔ အေကာင္းဆုံးဂိုးဖန္တီးမႈပါ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ ဖီအိုရင္တီးနားဟာ ဆန္စီ႐ိုမွာ ပြဲအစ ၃ မိနစ္ကတည္းက ကူအာမီရဲ႕ဂိုးနဲ႔အတူ အင္တာမီလန္ကို အံ့အားသင့္ဖြယ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ဘာစီလိုနာရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့ တိုက္စစ္မႉး မာတီနက္ဇ္က ဘာရယ္လာရဲ႕ေပးပို႔မႈကေန အင္တာအတြက္ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ ဆီခ်ီရီနီရဲ႕ကိုယ့္ဂိုးကိုယ္သြင္းမႈေၾကာင့္ အင္တာမီလန္အသင္း ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ရစ္ဘာရီက သူ႔ရဲ႕ေျခစြမ္းေတြနဲ႔အတူ အင္တာမီလန္ကို ထပ္မံအံ့အားသင့္ေစခဲ့ၿပီး ကက္စထ႐ိုဗီလီအတြက္ ပြဲခ်ိန္ ၅၇ မိနစ္ ဂိုးဖန္တီးေပးႏိုင္ခဲ့လို႔ ၂-၂ ဂိုးသေရျဖစ္သြားပါတယ္။

ဒါ့အျပင္ ပြဲခ်ိန္ ၆၃ မိနစ္မွာ ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ႀကီးဟာ ေဘာလုံးသမားအျဖစ္ကေန မ်က္လွည့္ပညာရွင္ျဖစ္သြားၿပီး ေတာင္ပံကစားသမား ခ်ီေယဆာ ဂိုးသြင္းယူႏိုင္ေရးအတြက္ တကယ့္ကိုအံ့အားသင့္ဖြယ္ေကာင္းေလာက္တဲ့ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

တန္ျပန္တိုက္စစ္ဆင္ရင္း ဖီအိုရင္တီးနားကြင္းတစ္ဝက္ေလာက္မွာ ေဘာလုံးရသြားတဲ့ ရစ္ဘာရီဟာ ဆြဲေျပးလာရင္း အင္တာမီလန္ကစားသမား ၃ဦးၾကားထဲကေန ခ်ီေယဆာရဲ႕ေျပးလမ္းထဲ အသာေလး ေပးပို႔လိုက္တာျဖစ္ပါတယ္။ ခ်ီေယဆာလည္း ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ ေအးေဆးကန္သြင္းလိုက္တာပါ။

ဖီအိုရင္တီးနားဟာ ၂-၃ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အင္တာမီလန္က ပြဲခ်ိန္ ၈၇မိနစ္နဲ႔ ၈၉ မိနစ္ေတြမွာ လူကာကူနဲ႔ ဒီအမ္ဘ႐ိုစီယိုတို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ၄-၃ ဂိုးနဲ႔ အႏိုင္ရကာ ရာသီအဖြင့္လွသြားခဲ့ပါတယ္။